နိုဝင်ဘာ ၂၁၊၂၀၂၆။သုည/Peoples Spring
စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ မြောင်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ ဦးဆောင်ကာ ဒေသခံပြည်သူတွေ၊ လူငယ်တွေ ပူးပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် FREE HER လှုပ်ရှားမှုကို နိုဝင်ဘာ ၂၀ ရက်က ပြုလုပ်ခဲ့ပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ မိသားစု ပုံမှန်အဆက်အသွယ်ရရှိရေး၊ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရေးနဲ့ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးတို့ကို တောင်းဆိုခဲ့ကြပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် မြန်မာနိုင်ငံတဝန်းနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ FREE HER လူထုလှုပ်ရှားမှုတွေ ပြုလုပ်နေကြတာပါ။

Public Service Announcement

























































