Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမြို့ရေဘေးနဲ့ မြေပြိုဘေး ရက်၂၀ကျော်အကြာမှာ ရုပ်အလောင်း ၁လောင်း ထပ်တွေ့

ရေဘေးနဲ့ မြေပြိုဘေး ဆိုးရွားစွာကြုံတွေ့ခဲ့ရတဲ့ လောင်းလုံးမြို့နယ်၊ တောကျဲကျေးရွာမှာ ဒီကနေ့ ရုပ်အလောင်း ၁လောင်း ထပ်မံတူးဖော်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(လောင်းလုံးမြို့နယ်၊ တောကျဲကျေးရွာမှာ တွေ့တဲ့ ရုပ်အလောင်းကို သယ်ဆောင်လာစဉ်။ ဓာတ်ပုံ - CJ)

အောက်တိုဘာ-၁၈၊၂၀၂၆။ဇော်ရမ်း/People’s Spring

ရေဘေးနဲ့ မြေပြိုဘေး ဆိုးရွားစွာကြုံတွေ့ခဲ့ရတဲ့ လောင်းလုံးမြို့နယ်၊ တောကျဲကျေးရွာမှာ ဒီကနေ့ ရုပ်အလောင်း ၁လောင်း ထပ်မံတူးဖော်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောကျဲကျေးရွာဟာ စက်တင်ဘာ ၂၆ရက်က ကြုံတွေခဲ့တဲ့ ရေဘေးနဲ့ မြေပြိုဘေးကြောင့် သီလရှင် ၁ပါးအပါအဝင် လူ ၃ဦးသေဆုံးပြီး ပျောက်ဆုံးနေသူ ၃ ဦးရှိခဲ့ပါတယ်။ ဒီကနေ့ အောက်တိုဘာ ၁၈ရက်မနက်ပိုင်းမှာတော့ ပျောက်ဆုံးနေသူတွေထဲက ကိုမင်းမင်း ဆိုသူရဲ့ ရုပ်အလောင်းကိုပြန်လည်တွေ့ရှိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

” ၂၃ရက်ကြာမှ ပြန်တွေ့တာ။ မိသားစုဝင်တွေကလည်း မတွေ့မချင်း ရှာစေချင်တယ်လေ။သူတို့လည်းဆုတောင်းပေးကြတယ်။ ဒီရေဘေးမှာကြုံတဲ့သူတွေတစ်ဦးချင်း အရမ်းဒုက္ခရောက်ကြတယ်”လို့ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရေဘေးနဲ့ မြေပြိုဘေးမှာ တောကျွဲရွာက နေအိမ် ၅၀ ကျော်လည်း ပျက်စီးခဲ့တယ်လို့သိရပါတယ်။

တနင်္သာရီတိုင်းအတွင်း ထိုင်းနိုင်ငံဖက်က လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးကြီးပြီး စက်တင်ဘာ ၂၆ရက်ကစတင်ကာ ဘေးကြုံတွေ့ခဲ့တာပါ။ လောင်းလုံးနဲ့ သရက်ချောင်းမြို့ဟာ ရေဘေးနဲ့ မြေပြိုမှုအဆိုးဆုံးကြုံခဲ့ရပါတယ်။

တောင်ပြိုမှုနဲ့ ရေကြီးရေလျှံမှုကြောင့် ထားဝယ်ဒေသတစ်ခုလုံးမှာ စုစုပေါင်း ၃၂ ဦးသေဆုံးကြောင်း အတည်ပြုထားနိုင်ပြီး လူနေအိမ်နဲ့ ဘာသာရေးအဆောက်အဦးတွေ အပါအဝင် အဆောက်အဦးပေါင်း ၃၀၀ ဝန်းကျင်၊ ငါးဖမ်းလှေအစီးရေ ၅၀ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ကထုတ်ပြန်ထားပါတယ်။

အပျက်အစီးစာရင်း ဆက်လက်တိုးလာနိုင်ပြီး ဒေသခံတွေအတွက်အကူအညီတွေ လိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ဘေးသင့်ပြည်သူတွေအတွက်ပြန်လည်ထူထောင်ရေးတွေလုပ်ဆောင်နေပြီး ‌ငွေကြေးနဲ့ အိမ်ဆောက်ပစ္စည်းအကူအညီတွေအများဆုံးလိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နီပေါနိုင်ငံ အလယ်ပိုင်းက ကုန်းမြင့်ဒေသတွေမှာ ရေကြီးမှုတစ်ခု ကြုံတွေ့ခဲ့ပြီး အိမ်တွေ၊ အဆောက်အအုံတွေ၊ တံတားတွေ ရေစီးနဲ့ မျောပါ ပျက်စီးကုန်သလို လူ ၅ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း သိရပါတယ်။

သတင်း

ဧရာဝတီတိုင်း၊မြန်အောင်မြို့နယ်ထဲကမမြဆည် တာဘောင်အိကျမှုပိုဆိုးလာပြီး ကျိုးကျမယ့်အန္တရာယ်ကြောင့် ဆည်အောက်ဖက်ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာတိမ်း​ရှောင်နေကြရပါတယ်။

နိုင်ငံတကာ

ရေကြီးမှုတွေအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အဆုံးအရှုံးတွေကြောင့် ပြည်ပကို ကြက်ဥ တင်ပို့မှုတွေ လျှော့ချထားဖို့ ထိုင်းအာဏာပိုင်တွေက ကြက်မွေးမြူရေး ကုမ္ပဏီတွေကို တိုက်တွန်း တောင်းဆိုထားပါတယ်။

သတင်း

‌ရေဘေးနဲ့ မြေပြိုဘေးရင်ဆိုင်နေရတဲ့ သရက်ချောင်းမြို့နယ်မှာစစ်တပ်ကလက်နက်ကြီးနဲ့ ပစ်လို့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။