Hi, what are you looking for?
နေစူး ထမင်းအိုးပါသလားဟင်းအိုးပါသလားအဝတ်ထုပ်ပါသလားစောင်၊ ခြင်ထောင်၊ ခေါင်းအုံးပါသလား။ လူအိုပါသလားကလေးငယ်ပါသလားမိန်းမသားပါသလားလူငယ်လူရွယ်ပါသလားနွားငယ်နဲ့ ခွေးညိုလိုက်ရဲ့လား။ ချောင်းအစပ်ရောက်ပြီလားတို့လယ်ကွင်း ဟုတ်ရဲ့လားထန်းရွက်ကာ ထန်းရွက်မိုး တို့တဲမျိုး တူရဲ့လားလယ်နားနီး တဲနီးချင်းဆီကကလေးသံကြားရဲ့လား။ (The Call – ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’နေစူး’ ရေးဖွဲ့တဲ့ “ကျတ်ယောင်ဆောင်သူများ”ကဗျာကို People’s Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက်...
ပိုင်ဉာဏ် ရန်ကုန်မြို့ကြီးရဲ့ချစ်ရသူတွေ သူ့ဆီကနေ တစ်ယောက်ပြီးတစ်ယောက် အလျှိုလျှို ထွက်ခွာသွားရတော့ မြို့ဟာ ညရဲ့အမှောင်ထုထဲ ဦးတည်ရာမဲ့ ပစ်လွှတ်ခံလိုက်ရတဲ့ မီးကျည်စတွေလို ကိုယ့်အရေပြားကို ချုပ်စက်ပေါ်မှာ ကိုယ်တိုင်လွှာပြီး ကျန်ရစ်ခဲ့သူတွေအပေါ် အနွေးဓာတ်ကို သူ့အသက်နဲ့ရင်းပြီး လွှားတင်ပေးခဲ့ ကြယ်တွေမှာ ကိုယ်ပိုင်နာမည်တွေ ရှိကြပြီး အရပ်မျက်နှာတွေမှာ ကိုယ်ပိုင်မှတ်ဉာဏ်တွေ ရှိကြပြီး...
◼️ခွန်းနီအထောက်အထားမဲ့ ကဗျာဆရာတစ်ယောက်ခေတ်ကြီးနောက် ကောက်ကောက်ပါအောင်လိုက်ခဲ့ဂုဏ်မဲ့၊ဒြပ်မဲ့နဲ့ ဖြစ်သလိုကဗျာဆရာပါ။ ခေတ်ကြီးကခပ်လှုပ်လှုပ်ဆိုတော့လည်းကဗျာဆရာ့အိမ်မက်တွေလည်း ခပ်မြုပ်မြုပ်ပါပဲခေတ်ကြီးများဆိုးတော့ အနာဂတ်တွေပါကျိုးရော။ ကဗျာဆရာတွေစစ်တိုက်ကြတဲ့ခေတ်ကို ရောက်နေပြီတစ်ချို့က လူလုပ်တဲ့သေနတ်တွေကိုင်လို့တစ်ချို့က ရင်ထဲကထွက်တဲ့စကားလုံးတွေနဲ့တိုက်လို့။ ကဗျာဆရာဟာလည်း စစ်ကြီးထဲကိုမိုက်မိုက်မဲမဲတိုးခဲ့တယ်အသိုက်အမြုံတွေကို အရေခွံတွေလိုပုံထားခဲ့ပြီးပြာပုံထဲကနေထပြီး ဒဏ်ရာတွင်းထဲခုန်ဆင်းခဲ့သလိုမျိုး။ ရုန်းရင်းကန်ရင်းနဲ့ကျော်လွှားရတဲ့ သက္ကရာဇ်တွေမှာကဗျာဆရာဟာ အနည်ထိုင်လာခဲ့ပြီထင်ပါရဲ့ဒုက္ခဆိုရင် ဆွတ်နေကျရေမွှေးလိုသင်းပျံ့လို့နေရဲ့။ အတောင်တွေရုပ်သိမ်းထားလိုက်ပါ ကဗျာဆရာပြန်ချိန်မရောက်သေးတာကို နားလည်ရဲ့မဟုတ်လားသံသယတွေမီးပုံထဲ ပစ်ထည့်လိုက်စမ်းပါ။ သောကမှန်ရင်...
◼️ခွန်းနီစီးကရက်တစ်ဗူးဘယ်လောက်လဲအရက်တစ်ပုလင်းဘယ်လောက်လဲဝက်ချိုချဥ်ကြော်တစ်ပွဲဘယ်လောက်လဲအာသာဖြေဖို့တစ်ညဘယ်လောက်လဲအားလုံးပေါပေါလောလောရတယ်။အသက်တစ်ချောင်းဘယ်လောက်လဲဘဝတစ်ခုဘယ်လောက်လဲအရှက်သိက္ခာနဲ့ကိုယ်ကျင့်တရားဘယ်လောက်လဲအားလုံးလွယ်လွယ်လေးလားအေးဟုတ်တယ်ငါတို့နိူင်ငံမှာအားလုံးလွယ်လွယ်လေးပဲ။ကြက်ကလေးလိုငှက်ကလေးလိုသေဖို့လွယ်လွယ်လေးကြက်ကလေးလိုငှက်ကလေးလိုလွတ်လပ်မှုတောင်မရှိတဲ့အခါမွေးမြူရေးငါးကန်ထဲကငါးတွေလိုအစွမ်းကုန်ကြီးထွားပြကြရပေါ့။အလောင်းချင်းထပ်နေတယ်သွေးစသွေးနတွေပွက်နေတယ်ကယ်ပါ ယူပါတဆာဆာပေါ့ငါတို့မှာဒီလောက်တောင်စျေးပေါခဲ့ရတယ်။သေဖို့အရေးလားနေဖို့အရေးလားအားလုံးဟာလွယ်လွယ်လေးသေမလိုဖြစ်ခဲ့တဲ့ကောင်တွေလဲဒုနဲ့ဒေးပါပဲ။သေသူတွေရဲ့တန်ဖိုးကိုဘယ်အရာတွေနဲ့ချိန်ထိုးမလဲစဥ်းစားလေလေပေါက်ကွဲခံပြင်းဒေါသဖြစ်လေလေပဲ။မခံနိူင်တော့ရင်လက်ညိုးလေးကွေးလိုက်ကြပြေးထွက်စရာမှမရှိတော့တာသူသေကိုယ်သေပဲလေအားလုံးဟာလွယ်လွယ်လေး။ (The Call – ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ခွန်းနီ’ ရေးဖွဲ့တဲ့ “အားလုံးလွယ်လွယ်လေးပဲ” ကဗျာ ကို People’s Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ”...
◼️နေဘုန်းလတ် ကျောပိုးအိတ်ကိုလွယ်ဘွတ်ဖိနပ်ကိုစီးအမေ့ဖုန်းနံပါတ်ကိုအလွတ်ကျက်ပြီးဒီခရီးကို စခဲ့ကြအချို့ဆို …နှုတ်ဆက်ချိန်တောင်မရခဲ့ဘူး။ပန်းတိုင်လည်းရှိတယ်လမ်းလည်းသိတယ်ဒါပေမယ့် …ပန်းတိုင်ကို ဘယ်အချိန်ရောက်မှာလဲဒီလမ်းကို ဘယ်လောက်လျှောက်ရမလဲသိခြင်းတချို့နဲ့ မသိခြင်းတဝက်ဒီလိုပဲ ငါတို့ ထွက်ခွာခဲ့ကြတယ်… … …အမေ့အိမ်ကနေမိသားစုတွေဆီကနေပျော်စရာ အခိုက်အတန့်တွေကနေ …။ပြန်တွေ့ကြတာပေါ့လို့တွေးကိုယ့်အသက်ကိုယ်မွေးကြရင်းအပြီးအပိုင်ဝေးဝေးသွားကြတဲ့ ကြယ်တွေပြန်ဆုံကြတဲ့အခါ …အရင်လို လူစုံကြပါတော့မလားအဲဒီ့လိုစိုးရိမ်စိတ်တွေနဲ့ပဲ …။မပြီးသေးတဲ့ခရီးရေမြေအဆုံးစီးဆင်းကြရုံပေါ့ငါတို့ပြန်လာခဲ့မှာပါ… … … …အဲဒီအချိန်အခါဟာငါတို့ရဲ့ အိမ်တက်မင်္ဂလာတယောက်အမာရွတ်ကိုတယောက်ကပွတ်သပ်ရင်းပြန်မလာနိုင်တော့သူတွေအကြောင်းနေစောင်းတဲ့အထိ ပြောကြရင်းဒဏ်ရာတွေနဲ့ တည်ခင်းမယ့်ညစာမင်းလဲ...