အတွေးအမြင်
မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦးဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။


















































