Connect with us

Hi, what are you looking for?

သတင်း

FATFကမြန်မာကိုအမည်ပျက်စာရင်းဆက်သွင်း

ကျားဖြန့်လုပ်ငန်း​တွေတိုက်ဖျက်ဖို့ ၊FATF သတ်မှတ်ချက်​တွေကိုလိုက်နာဖို့သတိ​ပေးပြီး တိုးတက်မှုမရှိရင် ၂၀၂၇​​ဖေ​ဖော်ဝါရီမှာပိုပြင်းထန်တဲ့အ​ရေးယူမှုလုပ်ဖို့စဥ်းစားမယ်

(အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်။ ဓါတ်ပုံ-Getty)

အောက်တိုဘာ-၃၀၊၂၀၂၆။​နေ့သစ်/People’s Spring

နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF) ရဲ့ ပြင်သစ်နိုင်ငံပဲရစ်မြို့မှပြုလုပ်တဲ့အစည်းအဝေးကမြန်မာနိုင်ငံကို အမည်ပျက်စာရင်း(Black list) မှာဆက်လက်ထည့်သွင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။

မြန်မာ ၊မြောက်ကိုရီးယား ၊အီရန်တို့ကို ​အမည်ပျက်စာရင်းဆက်လက်သွင်းထားတာဖြစ်ပါတယ် ။ ​မြောက်ကိုရီးယားနဲ့ အီရန်တို့က black list ဖြစ်​ပေမယ့် ပိုပြင်းထန်တဲ့ Countermeasures (တန်ပြန်အရေးယူမှုများ)အဆင့်ဖြစ်ပြီး မြန်မာကလည်းအရင်အတိုင်းငွေကြေးလွှဲပြောင်းမှုတိုင်းကို အထူးသတိပြု စောင့်ကြည့်စစ်ဆေးတဲ့ Enhanced Due Diligence -EDD(တိုးမြှင့်စိစစ်မှု)အဆင့်ဆက်လက်သတ်မှတ်ထားတာဖြစ်ပါတယ်။

တန်ပြန်အရေးယူမှုများ(Countermeasures)လို့ခေါ်တဲ့အပြင်းထန်ဆုံးအဆင့်အထိ မြန်မာနိုင်ငံကိုသတ်မှတ်လိုက်မယ်ဆိုရင်ကမ္ဘာတစ်ဝန်းက ဘဏ်တွေဟာ အဲဒီနိုင်ငံနဲ့ ပတ်သက်တဲ့ ငွေပေးငွေယူတွေကို အန္တရာယ်မြင့်မား တယ်လို့ သတ်မှတ်ပြီး ငွေလွှဲတာကို ငြင်းပယ်တာ၊ အလွန်တင်းကျပ်တဲ့ စစ်ဆေးမှုတွေ လုပ်တာ၊ ဝန်ဆောင်မှုပေးဖို့ ရှောင်ရှားတာမျိုးတွေကြုံလာရလာနိုင်ပါတယ်။

Public Service Announcement

Public Service Announcement

ဂျပန်အစိုးရကမြန်မာနိုင်ငံကို FATF ရဲ့အမည်ပျက်စာရင်းကဖယ်ရှား​ပေးဖို့ကြိုးစား​​နေ​တယ်လို့ ရိုက်တာသတင်းဌာနကဒီက​နေ့​ဖော်ပြခဲ့ပါတယ် ။ဒါ​ပေမယ့် FATF ကမြန်မာကို အမည်ပျက်စာရင်းဆက်လက်သွင်းထား​ကြောင်း ဒီက​နေ့မှာဆုံးဖြတ်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

FATF က ၂၀၂၂ ​အောက်တိုဘာလကတည်းကမြန်မာကို အမည်ပျက်စာရင်းသွင်းထားတာပါ။

FATFက အဖွဲ့ဝင်နိုင်ငံတွေနဲ့ အခြားနိုင်ငံတွေကို မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ငွေကြေးလွှဲပြောင်းမှုတွေမှာ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ထည့်သွင်းစဉ်းစားပြီး ပိုမိုတင်းကျပ်စွာ စိစစ်ဖို့ တိုက်တွန်းထားပါတယ်။ဒီလိုစိစစ်တဲ့အခါ ဘဏ်နဲ့ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေဟာ သူတို့နဲ့ ငွေကြေးဆက်ဆံနေတဲ့ လုပ်ငန်းတွေရဲ့ ငွေလွှဲပြောင်းမှုတွေကို ပိုပြီးအနီးကပ် စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ငွေလွှဲတာတွေဟာ ပုံမှန်မဟုတ်တာ၊ သံသယဖြစ်စရာရှိတာမျိုး ဟုတ်၊ မဟုတ်ကို စစ်ဆေးဖို့ ဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ မြန်မာနိုင်ငံဘက်က တိုးတက်မှုမရှိသေးဘူးဆိုရင် FATF က ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဖို့ စဉ်းစားသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့နဲ့ FATF သတ်မှတ်ချက်တွေကို လိုက်နာဖို့ အမြန်ဆုံး လုပ်ဆောင်ဖို့သတိ​ပေးထားပြီး မလုပ်ဆောင်ရင် နောက်ထပ် ပိုပြင်းထန်တဲ့ အရေးယူမှုတွေ ရင်ဆိုင်ရနိုင်တယ်လို့ FATFဥက္ကဌဗြိတိန်နိုင်ငံသား Giles Thomson ကသတင်းစာရှင်းလင်းပွဲမှာ​ပြောပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

တရားမဝင်၊ ဒုစရိုက် စီးပွားရေး လုပ်ငန်းတွေကမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ရန်လိုအကြမ်းဖက်မှုတွေကို ပိုမို ဆိုးရွားလာစေပြီး အရပ်သား ပြည်သူတွေကအဲဒီဒဏ်ကိုအဓိက သက်ရောက် ခံစားနေရကြောင်း ကုလသမဂ္ဂ (UN)ရဲ့မြန်မာ့အရေးကျွမ်းကျင်သူတွေကသတိပေး ပြောကြားခဲ့ပါတယ်။

သတင်း

ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျည်ဆန်များကျရောက်မှုအပေါ် မဲ့ကုကင်းဒေသရှိ ထိုင်းပြည်သူ​တွေက ဒီက​နေ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သတင်း

မြန်မာအပါအ၀င် စောင့်ကြည့်စစ်ဆေးမှု တိုးမြှင့်ခံထားရတဲ့ နိုင်ငံတွေနဲ့ပတ်သက်လို့ထပ်မံဆုံးဖြတ်မယ့် နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF)အစည်းအဝေးကို အခုအောက်တိုဘာနောက်ဆုံးပတ်မှာ ကျင်းပ​တော့မှာဖြစ်ပါတယ်။

ဆောင်းပါး

ALNAP ၏ မြန်မာနိုင်ငံဆိုင်ရာ ၂၀၂၆ ခုနှစ် လူသားချင်းစာနာမှုစနစ် အခြေအနေ အစီရင်ခံစာ