Connect with us

Hi, what are you looking for?

သတင်း

ကုလမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်ရှိရေး ပခုက္ကူမှာ ဆန္ဒထုတ်ဖော်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းမှာ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးအတွက် လှုပ်ရှားမှုနဲ့ စစ်အာဏာရှင်ဆန့်ကျင့်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (အောက်တိုဘာ ၃၁) ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ပခုက္ကူလူထုတိုက်ပွဲကော်မတီ

အောက်တိုဘာ ၃၁၊၂၀၂၆။သုည/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းမှာ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးအတွက် လှုပ်ရှားမှုနဲ့ စစ်အာဏာရှင်ဆန့်ကျင့်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (အောက်တိုဘာ ၃၁) ပြုလုပ်ခဲ့ပါတယ်။

တော်လှန်ပြည်သူတွေက “Our Ambassador. Our Voice. Our Representative” စာသားကိုင်စွဲကာ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးအတွက် ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

မြန်မာပြည်သူလူထုရဲ့ အသံအစစ်အမှန်ကို ကမ္ဘာက သိနိုင်ဖို့ ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးဟာ အရေးကြီးကြောင်းနဲ့ လူထုတရပ်လုံးရဲ့ အသံ စစ်မှန်စွာလွင့်ပျံနိုင်ဖို့ ဦးကျော်မိုးထွန်းနဲ့အတူ ရပ်တည်လှုပ်ရှားပေးကြဖို့ ပခုက္ကူလူထုသပိတ်က တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းဆန္ဒပြလှုပ်ရှားမှုကို ပခုက္ကူလူထုတိုက်ပွဲကော်မတီနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ