People’s Spring
⦿ ထိုင်း-မြန်မာကြား ပြင်ပတွင်ရော၊လူမှုကွန်ယက်မှာပါ အမုန်းစကားပြောဆိုခြင်းမပြုရန်
⦿ အော်ဟစ်ဆူညံစွာ ပြောဆိုနေထိုင်တာမျိုး မလုပ်ကြရန်(ထိုင်းနိုင်ငံသားအများစုဟာ တိတ်ဆိတ်စွာနေထိုင်ကြလေ့ရှိပြီး ဆူညံတာကိုမကြိုက်ပဲတိုင်ကြားတက်ကြပါတယ်)
⦿ လမ်းဘေးနေရာတွေမှာ အရက်၊ဘီယာသောက်စားတာမျိုးမလုပ်ရန်

Public Service Announcement
⦿ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်မှုရေးဆိုင်ရာကိစ္စရပ်တွေကိုပါဝင်ပတ်သက်ခြင်းမပြုကြရန်
⦿ တရားဥပဒေနဲ့မညီတဲ့ ဘယ်ကိစ္စမှာမဆို ပါဝင်ပတ်သတ်ခြင်းမပြုရန်
⦿ ထိုင်းနိုင်ငံရဲ့ ဥပဒေနဲ့ စည်းမျဉ်းတွေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ၊ ဒေသန္တရစည်းကမ်းတွေကို သိရှိပြီးလေးစားလိုက်နာကြရန်
⦿ အိမ်ရှင်လူမှုအသိုင်းအဝိုင်းရဲ့ တန်ဘိုးထားမှု၊လူနေမှုပုံစံတွေနဲ့အညီသဟဇာတဖြစ်စွာ လိုက်လျောညီထွေ နေထိုင်ကြရန်
⦿ ထိုင်းစကားပြောတက်လျင် ပိုအဆင်ပြေတာကြောင့် ထိုင်းစကားပြောတက်အောင်ကြိုးစားသင့်
⦿ သက်ဆိုင်ရာနယ်မြေရှိ ရွှေ့ပြောင်းလုပ်သားအရေးကူညီသူများ၏ ဖုန်းနံပါတ်နှင့် Line ID များ မှတ်သားထားရန်
⦿ ထိုင်းအစိုးရ ထုတ်ပြန်ချက်များအား အဆက်မပြတ်သိရှိအောင် သတင်းဖတ်ရှု၊ နားစွင့်နေရန်။
- ⦿ ပတ်စ်ပို့၊ ပန်ရောင်းကတ်စတဲ့ စာရွက်စာတမ်းအထောက်အထားတွေကို အမြဲတမ်းယူဆောင်ရန်

















































