Connect with us

Hi, what are you looking for?

သတင်း

တနိုင်းမှာ မုန်ယိုပြီး ရန်ပြုလို့ လူ ၇ဦးသေဆုံးစေခဲ့တဲ့ ဆင်ကို အသေပစ်ခတ် ဖမ်းဆီး

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်မှာ မုန်ယိုပြီးလူတွေကို ရန်ပြုနေတဲ့ ဆင်ကို ဒီကနေ့ အောက်တိုဘာ ၂၈ရက်မှာ ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးသွားတယ်လို့ သိရပါတယ်။

အောက်တိုဘာ-၂၈၊၂၀၂၆။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်မှာ မုန်ယိုပြီးလူတွေကို ရန်ပြုနေတဲ့ ဆင်ကို ဒီကနေ့ အောက်တိုဘာ ၂၈ရက်မှာ ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးသွားတယ်လို့ သိရပါတယ်။

တနိုင်းမြို့နယ်၊ တရုံကျေးရွာမှာ ဒေသခံတစ်ဦးပိုင်ဆိုင်တဲ့ သစ်ဆွဲဆင်ထီးတစ်ကောင်ဟာ မုန်ယိုပြီး လူတွေကို ရန်ပြုတိုက်ခိုက်နေတာ ဖြစ်ပါတယ်။အောက်တိုဘာ ၂၄ရက်မှာ တရုံကျေးရွာအနီးဝန်းကျင်က ဒေသခံ ၅ဦးနဲ့ အောက်တိုဘာ၂၅ရက်မှာနောက်ထပ် ၂ဦးသေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီဆင်ကို ဒေသခံတွေနဲ့ ဆင်ထိန်းတွေက လိုက်လံဖမ်းဆီးစဉ် အခက်အခဲမျိုးစုံကြုံတွေ့ခဲ့ပြီး နောက်ဆုံးမှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆင်တွေဟာ ဟော်မုန်းပြောင်းလဲကြောင့် ပုံမှန်ထက်စိတ်လှုပ်ရှားလွယ်ပြီး ရန်လိုတာ၊ အခြားဆင်တွေနဲ့ လူတွေကို တိုက်ခိုက်တာမျိုးတွေ ရှိပြီး ကျွမ်းကျင်သူတွေရဲ့အကူအညီနဲ့ မေ့ဆေးသေနတ် အသုံးပြုပစ်ခတ်ထိန်းသိမ်းနိုင်ဖို့နဲ့ အကယ်၍ မထိန်းသိမ်းနိုင်သေးဘူးဆိုရင် လူတွေအနေနဲ့ဘေးကင်းရာမှာနေကြဖို့ ဆင်ထိန်းအတွေ့အကြုံရှိသူတချို့က ပြောပါတယ်။

ယခု အသက်သေဆုံးတဲ့အထိ ပစ်ခတ်ဖမ်းဆီးတဲ့အပေါ်မှာလည်း ဝေဖန်သူအချ်ို့ရှိသလို အဆိုပါဆင်ကြောင့် သေဆုံးခဲ့တဲ့ ဒေသခံတွေရဲ့ ကျန်ရစ်သူမိသားစုဝင်တွေအတွက်လည်း အလွန်နစ်နာရတယ်လို့ မှတ်ချက်ပြုသူအချို့ ရှိပါတယ်။

တနိုင်းမြို့နယ်ဟာ ဟူးကောင်းချိုင့်ဝှမ်းနဲ့ဆက်စပ်ပြီးပုဂ္ဂလိကပိုင်အဖြစ် ဒေသခံ တွေ ပိုင်ဆိုင်တဲ့ အိမ်မွေးဆင် ၁၀၀ ကျော် ရှိနေတယ်လို့ သိရပါတယ်။ ဆင်တွေမုန်ယိုပြီး လူတွေကို ရန်ပြုတာလည်း နှစ်စဉ်ဖြစ်ပွားနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ မတ်လက တနိုင်းမြို့နယ်လမုန်ကျေးရွာ၊ ကျောင်းကုန်း (၂)ရပ်ကွက်အတွင်း မုန်ယိုနေတဲ့ ဆင်ထီး ၁ကောင်က တိုက်ခိုက်လို့ ​ဒေသခံအမျိုးသား ၃ ဦး သေဆုံးခဲ့ပါတယ်။၂၀၂၄ ဒီဇင်ဘာကလည်း တနိုင်းမြို့ဒူကောင်းရပ်ကွက်မှာ ဆင်တစ်ကောင်မုန်ယိုပြီး တိုက်ခိုက်လို့ အမျိုးသမီး ၄ ဦး သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်မှာ မုန်ယိုနေတဲ့ ဆင်နင်းလို့ ဒေသခံ ၅ဦး သေဆုံးခဲ့ပြီး ဆင်ကလွတ်မြောက်နေဆဲမို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ရှထူးဇွပ် ကျေးရွာအခြေစိုက် စစ်တပ် လက်အောက်ခံ မင်းဇေသန့် ဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်ခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က အတည်ပြုပါတယ်။

သတင်း

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းမှာ လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီ ၂၇ရက်မှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က အတည်ပြုပါတယ်။

သတင်း

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ တပ်ရင်း စခန်းတစ်ခုကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။