Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က စစ်တွေမြို့ကိုအင်အားထပ်ဖြည့်

ကြွီတဲ၊ ရေချမ်းပြင်၊ အမြင့်ကျွန်းဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေ

(စစ်တွေ-ပုဏ္ဏားကျွန်းအစပ် တိုက်ပွဲမှာ AA က ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေနဲ့အတူ​တွေ့ရစဥ်။ ဓါတ်ပုံ - AA Infodesk)

အောက်တိုဘာ-၂၉၊ ၂၀၂၆။ခိုင်မြတ်/ People’s Spring

အာရက္ခတပ်တော်(AA)ရဲ့တိုက်ခိုက်မှုကြောင့် စစ်တွေမြို့နယ်အတွင်းက ရှေ့တန်းတပ်စခန်း တဆယ်ကျော်လက်လွှတ်ထားရပြီး စစ်သင်္ဘောတွေပါ ထိမှန်၊ ပျက်စီးခဲ့ရတဲ့ အာဏာသိမ်းစစ်တပ်က ရှေ့တန်းကာကင်းစခန်းတွေကို အင်အားရာချီ ထပ်မံဖြည့်လာတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

၄၉၂၆ စစ်ဆင်ရေးလို့ ကြွေးကြော်ပြီး စစ်တွေနဲ့အစပ်အာရက္ခတပ်တော်(AA)ထိန်းချုပ်ရာနေရာတွေကို ထိုးစစ်ဆင် ဖို့ ကြိုးစားနေခဲ့တဲ့ စစ်တပ်ဟာ စစ်ဆင်ရေးနှစ်လနီးပါးကြာတဲ့အထိ AA စခန်းတွေ သိမ်းပိုက်၊ ထိန်းချုပ်နိုင်တာမရှိ သေးဘဲ အင်အားထပ်ဖြည့်လာတာဖြစ်ပါတယ်။

“အခြေအနေမဟန်တော့လို့ စစ်တွေကိုပါအင်အားဖြည့်တာလို့ သိရတယ်။ရှေ့တန်းနေရာတိုင်းကို ပို့နေတာ။ ပါဒလိတ်၊ ရေချမ်းပြင်ဘက်တွေပို့တယ်လို့အဲဒီနားကလူတွေက ပြောကြတယ်။စစ်တွေကိုလည်း ရန်ကုန်က ဒီရက်ပိုင်း စစ်ကူထပ်ရောက်မယ်ကြားတယ်။ အခု မြို့ထဲမှာလည်း စစ်ကားတွေနဲ့ ရှုပ်နေတယ်” လို့ စစ်ရေးနဲ့ နီးစပ်တဲ့ စစ်တွေမြို့ခံ သတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ ပါဒလိတ်တပ်ရင်းတွေနဲ့ အဲဒီတပ်ရင်းတွေရဲ့ကာကင်းတွေရှိရာအမြင့်ကျွန်း၊ ကြွီတဲရွာတို့ကို အင်အား ဖြည့်နေတာဖြစ်ပါတယ်။ ဒါ့အပြင် စစ်တွေမြို့အနောက်ဘက်ရှိ ရသေ့တောင်မြို့နယ်နဲ့ ထိစပ်နေတဲ့ ရေချမ်းပြင်ဝန်း ကျင်ရှိ တပ်ရင်းတွေနဲ့ ရှေ့တန်းစခန်းတွေကိုလည်း အင်အားဖြည့်နေတယ်လို့ ဆိုပါတယ်။

“ကိုယ့်လူတွေကပါဒလိတ်နားထိရောက်သွားပြီ။ အမြင့်ကျွန်းမှာလည်း ေွး သိပ်မကျန်တော့ဘူး။ကြွီတဲဘက် မှာဆိုလည်း ကိုယ့်ဘက်က ထိုးနေတဲ့အခါ မကြာခင် ပါဒလိတ်ထဲ ရောက်တော့မယ့်အလားအလာရှိတယ်။ အဲလိုကြောင့် ဖြည့်တာ” လို့ မြေပြင်မှာ ရှိနေတဲ့ AA နီးစပ်သူ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်က ရှေ့တန်းစခန်းတွေဆီ စစ်ကူ​ထပ်ဖြည့်လာတာကြောင့် အမြင့်ကျွန်း၊ ကြွီတဲ၊ ရေချမ်း ပြင်ဝန်းကျင်တို့မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က ရှေ့တိုးနိုင်တာတော့မရှိသေးဘူးလို့ ဆိုပါတယ်။ “ကိုယ့်ဘက်ကတော့ အရင်နေရာတွေမှာပါပဲ၊ ဆုတ်ရတာမရှိဘူး။ ပွဲကတော့ ပိုပြင်းလာတယ်။ ဒီနေ့လည်း တနေ့ လုံးဖြစ်တယ် တိုက်ပွဲတွေ” လို့ AA သတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက် သီတင်းကျွတ်လပြည့်နေ့မှာ စစ်တပ်ရဲ့ ဖျက်သင်္ဘော (Frigate)အပါအဝင် စစ်သင်္ဘော သုံးစီးတိုက်ခိုက်နစ်မြှပ်ခံခဲ့ရပြီးနောက်ရက် အောက်တိုဘာ ၂၇ ရက်နေ့မှာပဲ စစ်တွေမြို့နယ်အတွင်းရှိ ရှေ့ တန်းစစ် မျက်နှာတွေကို စစ်တပ်ကအင်အားဖြည့်လာခဲ့တာလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်ကနေ AA ထိန်းချုပ်နယ်မြေတွေကို ထိုးစစ်ဆင်ဖို့ကြိုးစားခဲ့ပေမယ့် နှစ်လ နီးပါးအတွင်း ပေါက်တောမြို့နယ် ငပြီကျွန်းပေါ် ​ခေတ္တကမ်းတက်နိုင်ခဲ့တာကလွှဲပြီးတခြား AA နယ်မြေတွေကို သိမ်းပိုက် ထိန်းချုပ်နိုင်တာမရှိသေးပါဘူး။ငပြီကျွန်းပေါ်မှာလည်း စစ်တပ်က အင်အားအနည်းသာကျန်တော့ပြီး ထပ်မံကမ်းတက်၊ စစ်ကူပို့နိုင်တာမရှိဘူးလို့ ဆိုပါတယ်။

စစ်တပ်ဟာ ၄၉၂၆ စစ်ဆင်ရေးလို့ ကြွေးကြော်ထိုးစစ်လုပ်ခဲ့ပေမယ့် လက်တွေ့မှာတော့ AA ရဲ့ တန်ပြန် တိုက်ခိုက်မှုကြောင့် ခံစစ်အသွင်ဖြစ်သွားခဲ့ပြီး နဂို ထိန်းချုပ်ထားခဲ့တဲ့ စစ်တွေမြို့နယ်အတွင်းကတပ်စခန်း၁၃ ခု ထက်မနည်းကိုသာ AA ကသိမ်းပိုက်ခဲ့ပါတယ်။

စစ်တွေမြို့နယ်အတွင်းက ရှေ့တန်းစစ်မျက်နှာတွေဆီ နောက်ထပ်တကြိမ် အင်အားထပ်ဖြည့်လာပေ မယ့် AA ထိန်းချုပ်နေရာတွေကို သိမ်းပိုက်နိုင်ဖို့ဆိုတာမလွယ်ဘူးလို့ရခိုင်ဒေသခံစစ်ရေးလေ့လာသူတဦးကပြောပါ တယ်။

“ပြောရမယ်ဆိုရင် AA က စစ်တွေစစ်မျက်နှာ ဘယ်နေရာတွေကနေ ဘယ်လိုထိုးဖောက်ထားမှန်းတောင် ခန့်မှန်းလို့ မရဘူး။ အဲဒါကို စစ်တပ်က ဘယ်လောက်ပဲ အင်အားဖြည့်ပြီး ထိုးစစ်လုပ်လုပ် အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်သ လောက်ပဲ၊ သူတို့အတွက် လေကြောင်းနဲ့ ရေကြောင်းကို အားကိုးပေမယ့် အခု AA က Navy တွေကိုပါ တိုက်ခိုက်လာ တော့ အားသာချက်က မရှိသလောက်ပါပဲ”လို့ သူက​ပြောပါတယ်။

အာရက္ခတပ်တော်(AA)အနေနဲ့ စစ်တွေမြို့သိမ်းတိုက်ပွဲအတွက် အချိန်ယူပြင်ဆင်ထားတာဖြစ်ပြီး စစ်တပ် အဓိက အသုံးပြု ခုခံလာနိုင်တဲ့ စစ်သင်္ဘောတွေကို တိုက်ခိုက်၊ ဖျက်ဆီးဖို့အတွက်လည်း လုံလောက်တဲ့ပြင်ဆင်မှုမျိုးရှိနေလောက်ပြီလို့သူကသုံးသပ်ပါတယ်။

စစ်တပ်ဟာ ရခိုင်ပြည်နယ် စစ်တွေအပြင် ကျောက်ဖြူ၊ရခိုင်ရိုးမအရှေ့ဘက်ခြမ်း ၊ မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက် တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးလို့ကြွေးကြော်ပြီး တန်ပြန် ထိုးစစ်ဆင်နေခဲ့တာနှစ်လနီးပါးရှိပြီ ဖြစ်ပါတယ်။

စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေမှာတော့ ရခိုင်တိုက်ပွဲတွေမှာ စစ်တပ်က အသာရနေပြီး AA အထိနာနေတယ်လို့ ဝါဒဖြန့်နေတာတွေ့ရပါတယ်။ စစ်တပ်ဟာ စစ်ဆင်ရေးနှစ်လနီးပါးအတွင်း စစ်တွေမြို့ နယ်အတွင်းက တပ်စခန်း ၁၃ ခု၊ စစ်တွေအစပ် ပေါက်တောမြို့နယ်က ၁ ခု၊ ကျောက်ဖြူမြို့နယ်အတွင်းက ၂ ခု၊ မင်းတုန်းမြို့နယ်အ တွင်းက ၁ ခု ၊ စုစုပေါင်းတပ်စခန်း ၁၇ ခုထက်မနည်းကိုAA ကသိမ်းပိုက်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ အောက်တိုဘာ ၂၉ရက်ညနေပိုင်းနဲ့ ညပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်ခဲ့လို့ အဆောက်အအုံများစွာ ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။

သတင်း

ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး ရဲ့ စစ်သုံ့ပန်းစခန်းကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံထားရတဲ့ စစ်သား ၁၀ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းပြည်ကောင်စီ(CC) ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကိန်းက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာအုပ်စုမှာ အောက်တိုဘာ ၂၈ရက်ကတိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က ၁၅ဦး ထက်မနည်းသေဆုံးကာ လေယာဉ်ပစ်ကူအကြိမ်ကြိမ်ယူခဲ့တယ်လို့ တလုပ် PDFအဖွဲ့က ပြောပါတယ်။

သတင်း

စစ်တပ်က ပစ်ခတ်လို့ ပေါက်တောမြို့နယ်မှ ရိုဟင်ဂျာငါးဖမ်းသမား ၄ ဦးသေဆုံး