Connect with us

Hi, what are you looking for?

သတင်း

သိန္နီမြို့နယ် မတ်ခရက်ကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ကိုးကန့်တပ်မတော်(MNDAA)က သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက ယနေ့ အောက်တိုဘာ ၁၀ရက် မနက်အစောတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရှမ်းမြောက်ဒေသ သတင်းရင်းမြစ်က ပြောသည်။

သိန္နီမြို့မစျေး လေကြောင်းဗုံးကြဲခံရပြီးနောက် ၂၀၂၄ ဇူလိုင် ၁၈ ရက်က တွေ့ရစဉ်။ဓာတ်ပုံ - CJ

ဟန်နွေ/People’s Spring

ကိုးကန့်တပ်မတော်(MNDAA)က သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက ယနေ့ အောက်တိုဘာ ၁၀ရက် မနက်အစောတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရှမ်းမြောက်ဒေသ သတင်းရင်းမြစ်က ပြောသည်။

လားရှိုးမြို့အပါအဝင် MNDAA သိမ်းပိုက်ထားသည့် နယ်မြေများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု မကြာခဏ ပြုလုပ်လျက်ရှိသည့် စစ်ကောင်စီသည် သိန္နီနှင့် (၂)မိုင်ကျော်အကွာရှိမတ်ခရက်ရွာကို ယနေ့ နံနက် ၂နာရီခွဲခန့်တွင် လေကြောင်းမှ ထပ်မံ တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

“ဒေသခံ အရပ်သားတွေ ထိခိုက်မှု အခြေအနေကိုတော့ စုံစမ်းနေဆဲဖြစ်တယ်။ အခု မနက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နေရာက သိန္နီမြို့ရဲ့ မြို့အထွက် သိန္နီမြို့ရဲ့ အရှေ့ဘက်ခြမ်း ကွမ်းလုံသွားလမ်း အဲဒီဘက်ခြမ်းမှာရှိတဲ့ ကျေးရွာဖြစ်တယ်”ဟု ရှမ်းမြောက် စစ်ရေး၊နိုင်ငံရေး လေ့လာသူ ဦးဇော်ဆန်က ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်လာခြင်းဖြစ်သည်ဟုလည်း ဦးဇော်ဆန်က ပြောသည်။

“အခုလိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ကျေးရွာထဲကို လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာ စစ်ကောင်စီက တောက်လျောက် နိုင်ငံတကာ စစ်ရာဇဝတ်မှုကိုချိုးဖောက်တယ်လို့ပဲ ကျနော်တို့က အဲဒီလိုမှတ်ယူထားပါတယ်”ဟု ဦးဇော်ဆန်ကပြောသည်။

စစ်ကောင်စီအနေဖြင့် ဇူလိုင်မှစ၍ ကိုးကန့်ဒေသရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို လေကြောင်းတိုက်ခိုက်မှု ၂၅ကြိမ်ထက်မနည်းရှိခဲ့ပြီး ပြည်သူ ၃၀ကျော်သေဆုံးကာ ၁၀၀ခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။