Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်နဲ့ဖြစ်ပွားတဲ့တိုက်ပွဲအတွင်းသေနတ်သုံးလက် KNU ရရှိ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

စက်တင်ဘာ -၁၇ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

KNU ရဲ့ အုပ်ချုပ်ရေးနဲ့ စစ်ရေးနယ်မြေ သတ်မှတ်ချက်အရ ဖာပွန်ခရိုင်ဟာ တပ်မဟာ (၅) စစ်ရေးနယ်မြေ ဖြစ်ပါတယ်။

မနေ့က တိုက်ပွဲမှာတော့ စစ်တပ်ဆီကနေ သေနတ်သုံးလက် သိမ်းဆည်းရမိတယ်လို့ ပဒိုစောထိုရော်ဘင်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဖာပွန်ခရိုင်၊ ကမမောင်းမြို့ကနေ ဖာပွန်မြို့ဆီ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ KNU တပ်မဟာ(၅)တို့အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်း စက်တင်ဘာ ၁၄ ရက် က ဖာပွန်-ကမမောင်း ကားလမ်း ပေါ်ရှိ ကတိုင်တိနဲ့ ကမမောင်းမြို့အကြား ဝါသိုးခိုနယ်မြေမှာရှိနေတဲ့ စစ်တပ်စွဲထားရာနေရာကို KNU တပ်မဟာ(၅)၊ တပ်ရင်း(၁၀၂)က ဝင်ရောက်တိုက်ခိုက်ရာသေနတ် သုံးလက်ရရှိခဲ့တယ်လို့ KNU မူတြော်ခရိုင်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဖာပွန်-ကမမောင်း ကားလမ်းပေါ်က ဖားလုံးလေးနယ်မြေမှာ ရောက်ရှိနေတဲ့ ခမရ(၃၅၇) တပ်က စစ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ KNU တပ်ရင်း(၁၀၂)ထံ ခိုလှုံလာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

​စစ်မြေပြင်မှာ ထိခိုက်သေဆုံးမှုများပြားနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းအင်အား လိုအပ်ချက်ကြောင့် အရင်က နယ်မြေအခြေအနေအရ ပိတ်ထားခဲ့ရတဲ့ စစ်သင်တန်းကျောင်းအချို့ကိုပါ ပြန်လည်ဖွင့်လှစ်ပြီးထပ်တိုးလက်ခံလေ့ကျင့်ပေးနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(Myanmar Defense & Security Institute-MDSI)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။