Connect with us

Hi, what are you looking for?

သတင်း

အမေရိကန် စီးပွားရေးလုပ်ငန်းရှင်ကိုပြည်နှင်လိုက်ဟုအာဏာသိမ်းစစ်တပ်ဆို

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

(Finding our voice စာအုပ်အ​ကြောင်း​ပြောကြား​နေတဲ့ အဒမ်ကတ်စတီလို(စကား​ပြော​နေသူ)ဓါတ်ပုံ-Adam Castillo)

စက်တင်ဘာ-၁၇၊၂၀၂၆။People’s Spring

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့က စစ်တပ် ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် သတင်းစာတွေမှာတော့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ကုန်သည်ကြီးများ အသင်း (AmCham Myanmar)ရဲ့ ဥက္ကဋ္ဌဟောင်း အဒမ်ကက်စတီလို ကိုစက်တင်ဘာ ၁၆ ရက်နေ့ ညနေပိုင်းက နေပြည်တော် နိုင်ငံတကာ လေဆိပ်ကနေ ထွက်ခွာသွားတဲ့အကြောင်း ဖော်ပြထားပါတယ်။

ကက်စ်တီလိုဟာAmCham Myanmarဖွဲ့စည်းပုံ စည်းမျဉ်းပါ ကန့်သတ် ညွှန်ကြားချက်တွေကိုဖောက်ဖျက်ခဲ့​ကြောင်စွပ်စွဲချက်နဲ့ဇွန်လတုန်းကရန်ကုန်မှာအမှုဖွင့်အရေးယူခံခဲ့ရတာပါ။ဒါပေမဲ့ ၃ လကျော် အကြာမှာတော့ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ရှေးရှုပြီး အမေရိကန် နိုင်ငံသားကို နယ်နှင်ဒဏ် ပေးလိုက်ကြောင်း စစ်တပ် အာဘော်သတင်းစာတွေကဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ထိန်းချုပ်ထားတဲ့ MRTV ရုပ်မြင်သံကြား ဌာနကလည်း ကက်စ်တီလိုဟာ အသင်းအဖွဲ့ဆိုင်ရာ ကန့်သတ်ညွှန်ကြားချက်တွေကို ချိုးဖောက်တာ၊ ယုံကြည်အပ်နှံမှုကို ဖောက်ဖျက်တာတွေအတွက် တရားစွဲဆို ခံရကြောင်း ဖော်ပြခဲ့ပေမယ့် သူ့ကို တရားရုံးတင် စစ်ဆေးတာမျိုး ရှိသလား၊ နယ်နှင်တဲ့အချိန်မှာစွပ်စွဲချက်တွေကိုပယ်ဖျက်ပေးခဲ့သလား ဆိုတာတွေကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ပြည်ပနိုင်ငံတွေမှာမတရားဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ အမေရိကန် နိုင်ငံသားတွေ နေရပ်ပြန်ခွင့်ရအောင် ကူညီပေးတဲ့ ဝါရှင်တန်ဒီစီ အခြေစိုက် Global Reach အဖွဲ့ဆီ ကက်စ်တီလိုရဲ့ မိသားစုက အကူအညီ တောင်းခံခဲ့ပြီးတဲ့နောက် အခုလိုမျိုး သူလွတ်မြောက်လာအောင် ညှိနှိုင်းနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၄၀ အရွယ်ကက်စတီလိုကို စစ်တပ် အာဏာပိုင်တွေက အမေရိကန် အစိုးရ တာဝန်ရှိသူတွေဆီ လွှဲပေးခဲ့ပြီးထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ဆီထွက်ခွာစေခဲ့ပါတယ်။ အဲဒီကနေတဆင့် သူဟာ အမေရိကန်ကို ပြန်သွားမှာပါ။

ကက်စတီလိုဟာ မြန်မာနဲ့ အမေရိကန်ကြား ဆက်ဆံရေး တိုးတက်လာဖို့ အထူးမျှော်လင့်ခဲ့သူ ဖြစ်သလို နှစ်တွေ အများကြီး နေထိုင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပြည်သူတွေအပေါ်လည်း လေးစားမှု ရှိတဲ့သူလို့ သူ့မိသားစုက ပြောပါတယ်။ ဇွန်လ ၁၁ ရက်နေ့တုန်းက မလေးရှားကနေ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဆီ ဆိုက်ရောက်လာချိန်မှာ သူ့ကို ရဲတွေက ဖမ်းဆီးခဲ့တာပါ။ အဲဒီတုန်းကတော့ စစ်တပ်ရဲ့ အာဏာပိုင်တွေက ကက်စတီလိုကို ဘာကြောင့် ဖမ်းဆီးသလဲ ဆိုတာကို အသေးစိတ် မထုတ်ပြန်ခဲ့ပါဘူး။

AmChamကတော့ ကက်စတီလိုဟာ ငွေကြေးဆိုင်ရာမသမာတဲ့၊မရိုးဖြောင့်တဲ့စီမံလုပ်ဆောင်မှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲထားပြီး ကာယကံရှင်ကတော့ ငြင်းဆိုထားပါတယ်။

ကက်စတီလို အဖမ်းခံရမှုဟာ မြန်မာ့နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်လို့ သူရေးသားထားတဲ့ “Finding our Voice”စာအုပ်နဲ့လည်း ဆက်စပ်နိုင်ကြောင်းခန့်မှန်းမှုတွေ ရှိနေပါတယ်။အဲဒီစာအုပ်ထဲမှာတော့ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေဟာစစ်တပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ စီးပွားရေးလုပ်ငန်းတွေထက်ပြည်သူလူထုကိုပိုပြီးထိခိုက်စေကြောင်းထောက်ပြခဲ့ပါတယ်။နောက်ပြီးအာဏာသိမ်းစစ်တပ်နဲ့ AmCham ခေါင်းဆောင်ပိုင်းတွေကိုလည်း ဝေဖန်ထားခဲ့ပါတယ်။

ပြီးတော့ ထင်ရှားတဲ့ မြန်မာ့နိုင်ငံရေး အတိုက်အခံ တစ်ဦးကို ပြည်တွင်းက ထွက်ခွာနိုင်စေဖို့ ကူညီခဲ့ပုံ အသေးစိတ်ကိုလည်း ဖော်ပြထားပါတယ်။ကက်စတီလိုဟာအဲဒီစာအုပ်မိတ်ဆက်ပွဲအတွက် မလေးရှားကို သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံဆီပြန်လာချိန်မှာပဲအဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ကိုးကား-AP

ဆက်စပ်သတင်းများ

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အတွေးအမြင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်​တွေအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်​ထန်ဝေဖန်နေကြပါတယ်။