Connect with us

Hi, what are you looking for?

သတင်း

မူးယစ်ဆေးဝါးအဓိကထုတ်လုပ်ရာ၊သယ်ယူပို့ဆောင်ရာနိုင်ငံတွေ စာရင်းမှာ မြန်မာကို အမေရိကန် ထည့်သွင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

စက်တင်ဘာ-၁၇၊၂၀၂၆။People’s Spring

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

အဲဒီစာရင်းထဲမှာတော့ အာဖဂန်နစ္စတန်၊ ဘဟားမားစ်၊ ဘီလီဇ်၊ ဘိုလီးဗီးယား၊ မြန်မာ၊ တရုတ်၊ ကိုလံဘီယာ၊ ကော်စတာရီကာ၊ ဒိုမီနီကန်၊ အီကွေဒေါ၊ အယ်လ်ဆာဗေးဒိုး၊ ဂွာတီမာလာ၊ ဟေတီ၊ ဟွန်းဒူးရပ်စ်၊ အိန္ဒိယ၊ ဂျမေကာ၊ လာအို၊ မက္ကဆီကို၊ နီကာရာဂွါ၊ ပါကစ္စတန်၊ ပနားမား၊ ပီရူးနဲ့ ဗင်နီဇွဲလားတို့ ပါဝင်နေပါတယ်။

ဒီစာရင်းကို သတ်မှတ်ရာမှာ အဲဒီနိုင်ငံရဲ့ အစိုးရက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် လက်ရှိ ကြိုးပမ်းနေတာတွေ၊ ဒါမှမဟုတ် အမေရိကန် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေတွေကို ထည့်သွင်း စဉ်းစားမထားကြောင်းလည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သက်ဆိုင်ရာနိုင်ငံတွေရဲ့ပထဝီဝင်အနေအထား၊ကုန်သွယ်ရေးနဲ့စီးပွားရေးဆိုင်ရာနောက်ခံ အခြေအနေတွေကြောင့် မူးယစ်ဆေးဝါးတွေ တရားဝင် ထုတ်လုပ်တာ၊ ထုတ်လုပ်မှုအတွက် အသုံးပြုတဲ့ ဓာတုပစ္စည်းတွေ ဖြတ်သန်းသယ်ယူတာ၊ ကိုယ်တိုင်ထုတ်လုပ်တာတွေ ရှိနိုင်ခြေကို အဓိကအခြေခံပြီးအခုစာရင်းကို ပြုစုထားတာ ဖြစ်ပါတယ်။

အဲဒီစာရင်းထဲမှာမှ မြန်မာ၊ အာဖဂန်နစ္စတန်၊ ဘိုလီးဗီးယားနဲ့ ကိုလံဘီယာတို့မှာတော့ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ အစိုးရတွေ၊ အုပ်စိုးသူတွေဟာ ပြီးခဲ့တဲ့ ၁၂ လတာအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ ကတိကဝတ်တွေကို သိသိသာသာ ပျက်ကွက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။

အဲဒီ ၄နိုင်ငံဟာနိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး သဘောတူညီချက်တွေရော၊ အမေရိကန် ဥပဒေတွေအရလိုအပ်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အားထုတ်မှုတွေကိုပါ လက်တွေ့ပြသဖို့ သိသိသာသာ ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

လွှတ်တော်ဆီ တင်ပြထားတဲ့ အဲဒီကြေညာချက်ထဲမှာတော့ ဘိုလီးဗီးယား၊ မြန်မာနဲ့ ကိုလံဘီယာတို့မှာ သင့်တော်တဲ့ အကူအညီတွေ ပေးအပ်ဖို့ဟာအမေရိကန်ရဲ့အမျိုးသား အကျိုးစီးပွားအတွက်အရေးကြီးတဲ့လိုအပ်ချက်တွေ ဖြစ်နေဆဲလို့ အမေရိကန် သမ္မတက ယူဆထားကြောင်းလည်း ဖော်ပြပါရှိပါတယ်။

အာဏာသိမ်း မြန်မာစစ်တပ်ဟာ မူးယစ်ဆေးဝါး အခြေပြု စီးပွားရေးကို ဖိနှိပ်ဖြိုခွင်းဖို့ ထင်ရှားမြင်သာတဲ့ အားထုတ်မှု နည်းနည်းလေးလောက်ပဲ လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်က ယူဆထားပါတယ်။ အခုဆိုရင် မြန်မာဟာ ကမ္ဘာပေါ်မှာ ဘိန်းစိုက်အများဆုံး နိုင်ငံဖြစ်လာသလို မက်သာဖက်တမင်း မူးယစ်ဆေးဝါး တင်ပို့မှု အများဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်လာနေတယ်လို့လည်းသိရပါတယ်။

အာဖဂန်မှာဆိုရင်လည်း တာလီဘန်အစိုးရက ဘိန်းစိုက်ပျိုးမှုကို တားမြစ်တယ်လို့ ကြေညာထားပေမယ့် အာဖဂန်ဟာ ကမ္ဘာ့မူးယစ်ဆေးဈါး စျေးကွက်ထဲမှာ အဓိက အကျဆုံး ရင်း

မြစ်နိုင်ငံတစ်ခုအဖြစ် ဆက်ရှိနေပြီး အဲဒီတရားမဝင် လုပ်ငန်းတွေကနေ ရရှိတဲ့ ဝင်ငွေတွေက အစွန်းရောက် အကြမ်းဖက်ဝါဒအတွက် ဘဏ္ဍာရေး အထောက်အပံ့တွေ ရရှိနေစေတယ်လို့ ယုံကြည်ရကြောင်း အမေရိကန်က သုံးသပ်ထားပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့တရုတ်ဟာ ဖန်တနိုင်းလ်၊ မက်သာဖက်တမင်းနဲ့ တခြားမူးယစ်ဆေးဝါးတွေ ထုတ်လုပ်ရာမှာ လိုအပ်တဲ့ အခြေခံ ဓာတုပစ္စည်း ကုန်ကြမ်းတွေကို ကမ္ဘာပေါ်မှာ အများဆုံး ထုတ်လုပ်ပေးနေတဲ့ နိုင်ငံအဖြစ် ထောက်ပြထားပါတယ်။ ပြီးတော့ အဲဒီကုန်ကြမ်းတွေ ထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး ပိုပြီး အာရုံစိုက် ထိန်းချုပ်ဖို့လည်းတရုတ်အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

တခြားတစ်ဖက်မှာတော့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ပိုပြီး ထင်ထင်ရှားရှား အားထုတ် လုပ်ဆောင်လာမှုတွေအတွက် အိန္ဒိယ၊ ပီရူး၊ အာဂျင်တီးနား၊ အီကွေဒေါ၊ အယ်လ်ဆာဗေးဒိုးစတဲ့ နိုင်ငံတွေရဲ့ အစိုးရတွေကို အမေရိကန်က အသိအမှတ်ပြု ချီးကျူးထားပါတယ်။ အီကွေဒေါနဲ့ အယ်လ်ဆာဗေးဒိုးတို့ဟာ မူးယစ်ဆေးဝါးထုတ်လုပ်မှု၊သယ်ယူပို့ဆောင်မှု အဓိက ၂၃ နိုင်ငံ စာရင်းထဲမှာ ပါဝင်ပေမယ့် သက်ဆိုင်ရာ နိုင်ငံတွေရဲ့ အစိုးရတွေကတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ခိုင်မာတဲ့မူဝါဒတွေ၊အားသွန်ခွန်စိုက်အားထုတ်မှုတွေနဲ့ တုံ့ပြန်လုပ်ဆောင်နေကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မှတ်ချက်ပေးသွားခဲ့ပါတယ်။

ကိုးကား- Department of States

ဆက်စပ်သတင်းများ

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)မှာ တရားစွဲဆို ခံထားရသူ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးဟာ စက်တင်ဘာ ၁၆ ရက်နေ့တုန်းက ICCရဲ့ ကနဦးအဆင့် ကြားနာမှု အစီအစဉ်ကို လူကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။