Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးအနောက်ခြမ်းက စစ်တပ်ပေါ်တာဆွဲခံရတဲ့ လူငယ် ၃ဦး ဒဏ်ရာတွေနဲ့ထွက်ပြေး

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က ကြက်တူရွေးကျေးရွာမှာတပ်စွဲထားတဲ့ စစ်တပ်ရဲ့ ပေါ်တာဆွဲခံရတဲ့ လူငယ် ၃ဦး ထွက်ပြေးပြီးရာ တစ်ဦးလွတ်မြောက်ကာ ၂ဦးပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်သင်တန်းကျောင်းတစ်ခုသို့ ပို့ဆောင်ခံရသော လူငယ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - စစ်ကောင်စီ

မတ်-၂၂၊၂၀၂၆၊ရှိန်း/People’s Spring

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က ကြက်တူရွေးကျေးရွာမှာတပ်စွဲထားတဲ့ စစ်တပ်ရဲ့ ပေါ်တာဆွဲခံရတဲ့ လူငယ် ၃ဦး ထွက်ပြေးပြီးရာ တစ်ဦးလွတ်မြောက်ကာ ၂ဦးပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပျောက်ဆုံးနေတဲံ လူငယ် ၂ဦးကို စစ်တပ်ကလည်း လိုက်လံရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စဉ့်ကူးမြို့နယ်အနောက်ခြမ်းက ဧရာဝတီမြစ်ဘေး ကျေးရွာတွေဖြစ်တဲ့ ကြက်တူရွေး၊သဲအင်းနဲ့ ကျွန်းကြီး ကျေးရွာတို့ကို စစ်တပ်က တပ်စွဲထားတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

တပ်အချိန်းအပြောင်းမကြာခဏပြုလုပ်နေပြီး အခုစစ်တပ်ဟာ မတ်လ၁၅ ရက်က ရောက်တာလို့ သိရပါတယ်။

အဲဒီစစ်တပ်မှာ ပေါ်တာဆွဲထားတဲ့ စစ်မှုထမ်းသင်တန်းဆင်း‌‌များပါဝင်ပြီး ဧရာဝတီတိုင်းက လူငယ်တွေအများဆုံးပါဝင်တယ်လို့ စုံစမ်းသိရပါတယ်။

မတ်လ၂၀ ရက်က ကြက်တူရွေးကျေးရွာကို တပ်စွဲထားတဲ့ထဲက ဧရာဝတီတိုင်းက စစ်မှုထမ်းပေါ်တာဆွဲခံရတဲ့ လူငယ် ၃ဦးကို စစ်တပ်ကရိုက်နှက်ထားတဲ့ ဒဏ်ရာတွေနဲ့ထွက်ပြေးခဲ့တယ်လို့ ဖြစ်စဉ်ကိုသိရှိသူ တွေက ပြောပါတယ်။

အဲဒီအထဲတစ်ဦးဟာ ကျေးရွာရဲ့ အနောက်ဘက်က မြစ်ထဲကို ရေကူးပြေးခဲ့ပြီး ရေလည်ခေါင်က ကျွန်း ပေါ်ကို ရောက်သွားတယ်လို့ သိရပါတယ်။အဲဒီနောက် ကျွန်းပေါ်က နေ ပီနံအိတ်အဖြူရောင်ကို ထောင်ပြီးဝက်လက်မြို့နယ်ဘက်ကို လှမ်းအကူအညီတောင်းတာမို့ အဲဒီဘက်က PDFတပ်ဖွဲ့ တစ်ဖွဲ့က လာကယ်သွားတာလို့ သိရပါတယ်။

“ရေက အရမ်းတက်နေတဲ့အချိန်လေ။သနားပါတယ်။ခြေထောက်တွေကလည်း ဒဏ်ရာတွေနဲ့ တော်တော်ကျိုး နေတဲ့ ကလေးထွက်ပြေးတာ။အနောက်ဘက်ကမ်းအထိ ရေမကူးနိုင်တော့ မျောလာတဲ့ ဒိုက်ကို ခိုပြီးလိုက်သွားတာ။ရေလည် ခေါင်က လူမရှိတဲ့ ကျွန်းအထိရောက်သွားတယ်။အဲဒီက နေဟိုဘက်လှမ်း ခေါ်တော့ ကလေးတွေ (PDF)က လာကယ်သွားတယ်။ထွက်ပြေးတဲ့ကလေးက အသက်၂၅နှစ် လောက်ရှိပြီ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါပေမယ့် ကျေးရွာရဲ့ မြောက်ဘက်ကို ထွက်ပြေးတဲ့ လူငယ် ၂ဦးကတော့ ပျောက်ဆုံးနေပြီး စစ်တပ်ကလည်းရှာမတွေ့သေးဘူးလို့ သိရပါတယ်။

“၂၀ ရက်နေ့ ညပိုင်းမှာ တရွာလုံးကအိမ် တွေထဲကို လိုက်ရှာသေးတယ်။မတွေ့ဘူး။အဲဒီနှစ်ယောက် အကြောင်း တော့အခုထိ မသိရသေးဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။

အဲဒီနောက် ကြက်တူရွေးရွာကိုတပ်စွဲထားတဲ့ စစ်တပ်က ကျွန်းကြီးကျေးရွာကို တပ်ပြန်ပေါင်းသွားတယ်လို့ သိရပါတယ်။

မတ်လပထမပတ်ကလည်း မတ္တရာမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို တပ်စွဲထားတဲ့ စစ်ကြောင်းက ပေါ်တာဆွဲခံရတဲ့ တပ်သား၅ဦး ထွက်ပြေးခဲ့တာမို့ စစ်တပ်က တောနင်းရှာဖွေခဲ့ပြီး ပြန်တွေ့သွားကာ ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

စစ်တပ်က စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် ၂၀၂၄ ဧပြီကစတင်ကာ လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအကျပ် ပေါ်တာဆွဲဖမ်းဆီးမှုတွေပြုလုပ်ခဲ့တာပါ။

စစ်မှုထမ်းအပတ်စဉ် တစ်ခုမှာ လူဦးရေငါးထောင်ခေါ်ယူမယ်လို့ ကြေညာထားရာ ဖေဖော်ဝါရီမှာ စစ်မှုထမ်း အပတ်စဉ် (၂၂)ရောက်ရှိနေပြီဖြစ်ပါတယ်။

စစ်တပ်ရဲ့စစ်မှုထမ်းတာကို ငွေပေးပြီးရှောင်ရှားသူများပြားလာတာကြောင့် ပေါ်တာဆွဲတာ၊ ငွေလိုသူတွေကိုငွေပေးပြီး အစားထိုးမယ့်သူကို ရောင်းစားတာစတဲ့ လူစားထိုးမှုတွေလည်းများလာပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ အာရက္ခပြည်၊ သံတွဲမြို့ရှိ အပြစ်မဲ့အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို အာဏာသိမ်းစစ်တပ်ကလေကြောင်း တိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေကြောင်း AAက ထုတ်ပြန်ခဲ့ပြီး မနေ့က ရွှေလှေကျေးရွာ ဗုံးကြဲမှုမှာ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။