Connect with us

Hi, what are you looking for?

သတင်း

ဖဲဝိုင်းကပြန်လာတဲ့ ဘဝသစ်အကျဥ်းထောင်က ထောင်အရာရှိ၊ တပ်သားနဲ့ တန်းစီး ပစ်ခတ်ခံရပြီး သေဆုံး

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ် ကိုးပင် – သာဂရလမ်းပိုင်းမှာ ဘဝသစ်အကျဥ်းထောင်က ထောင်အရာရှိ၊တပ်သားနဲ့ တန်းစီးပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်၊ အမှတ်- ၅တပ်ရင်းက ဒီကနေ့ စက်တင်ဘာ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - သရက်ခရိုင်၊ အမှတ်- ၅တပ်ရင်း

စက်တင်ဘာ-၁၆၊၂၀၂၆။မိုမို/People’s Spring

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ် ကိုးပင် – သာဂရလမ်းပိုင်းမှာ ဘဝသစ်အကျဥ်းထောင်က ထောင်အရာရှိ၊တပ်သားနဲ့ တန်းစီးပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်၊ အမှတ်- ၅တပ်ရင်းက ဒီကနေ့ စက်တင်ဘာ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။

ဘဝသစ်အကျဥ်းထောင် လက်ထောက်ကြီးကြပ်ရေးထွန်းထွန်းလင်း ၊ တပ်သား ၁ဦးနဲ့ ထောင်တန်းစီး လိုက်ပါစီးနင်းလာတဲ့ကားကို လမ်းပိုင်းမှာ စစ်ဆေးချိန် မောင်းနှင်ထွက်ပြေးတာကြောင့် ဩဂုတ် ၂၈ ရက်က ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

ပစ်ခတ်မှုအတွင်း MA 12 ၁ လက် ၊ MA 11 ၁ လက် နဲ့ ကျည့်တချို့ ၊၀န်ထမ်းကဒ်၊ဖဲထုတ် နဲ့အရက်ပုလင်း သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ဖဲဝိုင်းမှ ပြန်လာသည်ဟု သိရ”လို့ ပစ်ခတ်ခံရတဲ့ထောင်၀န်ထမ်းတွေနဲ့ တန်းစီးတွေအကြောင်းကို သရက်ခရိုင်တပ်ရင်း(၅) တာ၀န်ရှိသူက ပြောပါတယ်။

၂၀၂၆ မေလကလည်း ကေတီဗီ(KTV)က ပြန်လာတဲ့ ဆင်ပေါင်ဝဲမြို့နယ်က အကျဉ်းဦးစီးအရာရှိနဲ့ ထောင်တန်းစီးတို့ ပစ်ခတ်ရှင်းလင်းခံခဲ့ရပါတယ်။

ဘ၀သစ်ထောင်ဟာ ကိုးပင်-သာစည် စိုက်ပျိုးမွေးမြူရေးနဲ့ အသက်မွေးမှုအတတ်သင်စခန်း (ယခင်အခေါ် ရဲဘက်စခန်း) ဖြစ်ပြီး ကိုးပင်-သာဂရလမ်းပိုင်းအနီးမှာရှိတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ