Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆို ၊​ဒေါငံခါးမှာတိုက်ပွဲပြင်းထန်နေ

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့အနီးအာဏာသိမ်းစစ်တပ်စစ်ကြောင်းတိုးလာလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကလူထုနွေဦးကို ပြောပါတယ်။

(ကရင်နီပြည်မှာ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်နေစဥ်။ဓါတ်ပုံ-KNDF)

ဇူလိုင်-၂၉၊၂၀၂၆။ဇော်၀င်း/People’s Spring

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့အနီးအာဏာသိမ်းစစ်တပ်စစ်ကြောင်းတိုးလာလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကလူထုနွေဦးကို ပြောပါတယ်။

ဒီးမော့ဆိုမြို့အနီးဒေါငံခါးရွာကို စစ်တပ်က ‌‌နယ်မြေထိန်းချုပ်နိုင်ဖို့ကြိုးစားနေတာကြောင့်ကရင်နီ ပူးပေါင်းတပ်တွေနဲ့ နေ့စဉ် တိုက်ပွဲ ဖြစ်နေတာလို့သိရပါတယ်။

“နန်းဖယ်ခုံနဲ့ ဒေါငံခါးလမ်းပိုင်းကို လိုချင်နေတာပေါ့။အင်အားတော်တော်များပါတယ်”လို့ စစ်တပ်စစ်ကြောင်းတိုးလာတာနဲ့ ပတ်သက်ပြီး မြေပြင်သတင်းရင်းမြစ်က ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ကလေကြောင်း၊လက်နက်ကြီးတွေနဲ့ ပစ်ကူပေးပြီးတိုက်ခိုက်နေတာကြောင့်ဒေါငံခါးရွာ အနီးက ကာကင်းတချို့ကို လက်လွှတ်ထားရတယ်လို့ အသိပေးပါတယ်။

“စစ်တပ်စစ်ကြောင်းဒေါငံခါးကို မကျော်သေးဘူး။အကုန်လုံးကြိုးစားပြီးကာနေကြတယ်”လို့ ကရင်နီစစ် ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒေါငံခါးရွာဟာ လွိုင်ကော်-ဒီးမော့ဆို လမ်းဆုံ နဲ့ မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို လမ်းပိုင်းပေါ်မှာ ရှိပြီးစစ်တပ်ရဲ့အခြေစိုက်တပ်တွေကိုချိတ် ဆက်ဖို့ အရေးပါတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

စစ်တပ်က ဒေါငံခါးရွာ မှာရှိတဲ့ နှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရား ကျောင်းဝင်းထဲကသီလရှင်ကျောင်းဆောင်တွေကိုလည်း၂၀၂၆ ​မေလကမီးရှို့ဖျက်ဆီးထားပါ‌တယ်။

စစ်တပ်စစ်ကြောင်းမှာဒီးမော့ဆိုအခြေစိုက် ခလရ ၁၀၂ ၊ ခမရ ၄၂၇ နဲ့ စစ်တပ်လက်အောက်ခံပအိုဝ်းပြည်သူ့စစ် PNOတွေပါ၀င်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က ပြောထားပါတယ်။

ပြီးခဲ့တဲ့နှစ်ဩဂုတ်လပိုင်းမှာစစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာပြီးနောက် ဒီးမော့ဆိုမြို့ပေါ်က နေရာအများစုကို ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။အဲဒီနောက်ပိုင်းမြိုအနီးပတ်ဝန်းကျင်နေရာတွေကိုအထိုင်ချတပ်စွဲပြီးစစ်ကြောင်းထိုးတာ၊လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေမကြာခဏရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။