Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံခြား​ငွေလဲနှုန်းအတက်အကျမြန်​နေ

စစ်အုပ်စုကကျပ်​ငွေ ၂၀၀၀ ဘီလီယံ​ကျော်အသစ်ရိုက်ထုတ်မယ့်သတင်း​ကြောင့်ကျပ်​ငွေတန်ဖိုးကျပြီး ​ဒေါ်လာအပါအဝင်နိုင်ငံခြား​ငွေတန်ဖိုးတက်

(စစ်တပ်လက်​အောက်ခံဗဟိုဘဏ်က ဘက်ဂျက်လို​ငွေအတွက် ​​ငွေစက္ကူ သစ်ဘီလီယံ ၂၀၀၀ ​ကျော်ထပ်ရိုက်မယ့်အစီအစဥ်ဟာကျပ်​ငွေတန်ဖိုးကိုပိုကျဆင်း​စေပါတယ်။ ဓါတ်ပုံ-Getty)

အောက်တိုဘာ-၁၆၊၂၀၂၆။ဇော်၀င်း/People’s Spring

ပြင်ပ ​ငွေ​ကြေး​ဈေးကွက်မှာ ဒေါ်လာအပါအ၀င်နိုင်ငံခြားငွေလဲနှုန်းတွေ အတက်အကျမြန်နေပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်ကစလို့ ဒေါ်လာ၊ဘတ်၊ရင်းဂစ်၊စင်ကာပူဒေါ်လာ၊ယွမ်အပါအ၀င် နိုင်ငံခြားငွေလဲနှုန်းတွေ ဆက်တိုက်မြင့်တက်ခဲ့ပြီး ဒီကနေ့(အောက်တိုဘာ ၁၆ ရက်)မှာ အနည်းငယ်ဈေးပြန်ကျနေပါတယ်။

“ဗဟိုဘဏ်ဆီက ဘတ်ဂျက်လိုငွေ ချေးမယ့်နောက်ပိုင်းကျပ်ငွေတန်ဖိုးလျော့ပြီး နိုင်ငံခြားငွေလဲဈေးတွေ မြင့်လာတာပေါ့။ချေးဖို့အတည်ပြုတဲ့ မနေ့ကဆို တော်တော်သိသာတယ်။အခု ကျတယ်ဆိုတာလဲ မနေ့က အတက်ဈေးကို ပြန်ညှိတဲ့သဘောပါပဲ။ကျပ်ငွေအသစ်တွေ ဖြည့်ပေးလာရင် ဈေးကွက်ထဲ ကျပ်ငွေပိုများလာပြီး ဒေါ်လာဝယ်လိုအား တိုးလာမှာပါ။ဒေါ်လာဈေးတက်လာပါလိမ့်မယ်”လို့ငွေကြေးဈေးကွက်စောင့်ကြည့်သူတဦးက ပြောပါတယ်။စစ်တပ်လွှတ်​တော်မှာ စစ်အုပ်စုက ဘတ်ဂျက်လို​ငွေ ​အတွက် ကျပ်ဘီလီယံ ၂၁၀၀ ကို ဗဟုတ်ဘဏ်က​ချေးမယ် (တနည်းအားဖြင့် ) ​ငွေစက္ကူအသစ်ရိုက်ထုတ်ဖို့ သ​ဘောတူ အတည်ပြုလိုက်တာ​ကြောင့် ကျပ်​ငွေတန်ဖိုးပိုကျလာတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၇ ရက်ကတည်းက တစ်ဒေါ်လာငွေလဲနှုန်း ၄,၅၀၀ ကျပ်ဖြစ်ခဲ့ပြီးအောက်တိုဘာ ၁၅ ရက်မှာ ၄,၇၅၀ ကျပ်အထိရှိခဲ့ပါတယ်။

ထိုင်းဘတ်ငွေဈေးကလည်း တစ်ဘတ်ကို ကျပ် ၁၃၀ ကနေ ကျပ် ၁၄၀ နီးပါးထိ တက်ခဲ့ပါတယ်။

ဒီကနေ့မှာ​တော့နိုင်ငံခြား​​ငွေ​ဈေးအနည်းငယ်ပြန်ကျပြီး ​နေ့ခင်းပိုင်းမှာ တစ်ဒေါ်လာ ၄,၆၃၀ကျပ်နဲ့ထိုင်းတစ်ဘတ် ၁၃၇ကျပ်ဖြစ်နေတယ်လို့ ​ဈေးကွက်အတွင်းမှ စုံစမ်းသိရပါတယ်။

နိုင်ငံခြားငွေလဲနှုန်းတွေတက်တာက ကျပ်ငွေ တန်ဖိုးကျဆင်းမှု ဖြစ်ပြီး ပြည်ပမှတင်သွင်းသုံးစွဲနေရတဲ့ ဆေးဝါး၊ စက်သုံးဆီ၊ စားသုံးဆီ၊ လျှပ်စစ်ပစ္စည်းနဲ့ ကုန်ကြမ်းပစ္စည်းတွေ ‌ဈေးပိုမြင့်တက်လာမှာဖြစ်တယ်လို့ စီးပွား​ရေးလုပ်ငန်းရှင်အချို့က​ပြောပါတယ်။

အဲဒီကတဆင့်ပြည်တွင်းထုတ်ကုန်တွေနဲ့ အစားအသောက်တွေပါကုန်ဈေးနှုန်းလိုက်လံမြင့်တက်လာပြီး အ​ခြေခံကုန်စည်​တွေအပါအဝင် အ​ထွေ​ထွေကုန်​ဈေးနှုန်း​တွေကြီးလာတာ​ကြောင့် ပြည်သူအများစုဟာ ဝင်ငွေနဲ့ အသုံးစရိတ် မမျှတတော့ဘဲ ​နေ့စဥ်စားဝတ်​နေ​ရေးအတွက်ကို​တောင် ပိုမိုရုန်းကန်လာကြရတယ်လို့ လုပ်ငန်းရှင်ွချို့က​ပြောပါတယ်။ UNDPက​အောက်တိုဘာလမှာ ​နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာ ပြည်သူ ၃၇ သန်း​ကျော် ၊လူဦး​ရေရဲ့ သုံးပုံ နှစ်ပုံဟာ ဆင်းရဲ​နေတယ်လို့ ​ဖော်ပြထားပါတယ်။

“ရေပိုက်တချောင်းကို ပြီးခဲ့တဲ့၂နှစ်လောက်က ပြင်တာရှစ်ထောင်ပဲရှိတယ်။လုပ်အားခ နဲ့ဆို နှစ်သောင်းခွဲပဲ။မနေ့က ပျက်လို့ပြင်လိုင်တာ ပိုက်ဖိုးက ငါးသောင်းနေ့စားခ(လုပ်အားခ)နဲ့ဆို တစ်သိန်းလောက်ကျသွားတယ်”လို့ ရန်ကုန်မြို့ ၊မရမ်းကုန်းမြို့နယ်က အိမ်ရှင်မ တစ်ဦးက ပြောပါတယ်။

စစ်တပ်အာဏာမသိမ်းခင် ၁ ဒေါ်လာကို ၁,၃၀၀ ကျပ်၀န်းကျင်နဲ့ ထိုင်းတစ်ဘတ်ကို ကျပ် ၄၀ နီးပါးပဲရှိခဲ့တာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက် ကျပ်​ငွေတန်ဖိုးကျပြီး ဘဏ်​တွေမှာ​ငွေအပ်ဖို့မယုံကြည်ကြတာ​ကြောင့် ဒေါ်လာဈေးနဲ့ရွှေဝယ်ယူစု​ဆောင်းသူများသလို ဈေး​တွေတက်တယ်တာဟာ ​ဈေးကစားလို့ဆိုပြီး နိုင်ငံခြား​ငွေလဲတဲ့ကုန်သည်​တွေ၊ ရွှေကုန်သည် အပါအ၀င် စီးပွားရေးလုပ်ငန်းရှင်​တွေကို စစ်တပ်ကအပြစ်ပုံချ ပြီးဖမ်းဆီးတာ ၊​ခေါ်ယူစစ်​ဆေးတာ​တွေလုပ်ခဲ့ပါတယ် ။ဒါ​ပေမယ့်စစ်တပ်လက်​အောက်မှာ ပြည်ပရင်နှီးမြှပ်နှံမှု ​လျော့နည်းတာ ၊ပြည်ပရင်းနှီးမြှပ်နှံမှု​တွေထွက်ခွာသွားတာ ၊ပြည်ပ​ချေး​ငွေမရတာ ၊ ကုန်သွယ်​ရေးကျဆင်းတာ ၊ အာဏာသိမ်းစစ်အုပ်စုဟာ နိုင်ငံတစ်ဝန်းစစ်ပတ်တိုက်​နေပြီး စစ်စရိတ် ​ထောင်းတာ ၊စစ်မှုထမ်းဥပ​ဒေ​ကြောင့် လူငယ်​တွေ ထွက်​ပြေးကုန်တာ စတာ​တွေ​ကြောင့် မြန်မာစီးပွားရေးကျဆင်းမှု နဲ့ ဆင်းရဲမွဲတေမှုတွေပိုးဆိုးရွားလာတယ်လို့ ကုလသမဂ္ဂ နဲ့ စီးပွားရေးစစ်တမ်းတွေက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်တွင်းမှာ ဒေါ်လာစျေးနဲ့ အတူ နိုင်ငံခြားငွေလဲနှုန်းတွေပါ တပြိုင်တည်း ဈေးတက်နေတယ်လို့ ငွေကြေးစျေးကွက်ကတဆင့် သိရပါတယ်။