Connect with us

Hi, what are you looking for?

သတင်း

မော်လူးမြို့အနီးတိုက်ပွဲဆက်လက်ပြင်းထန်

စစ်တပ်ကကားသမားတွေကိုပါလိုက်ပစ်ပြီး လေ​ယာဥ်နဲ့ ဗုံးကြဲပစ်ကူ​ပေး​နေ

(မော်လူးမြို့အနီးရှိ စက်သုံးဆီ​ရောင်းဝယ်တဲ့ခြံတခြံကိုစစ်တပ်က နိုဝင်ဘာလအတွင်းဗုံးကြဲပြီး​နောက်မီးလောင်နေစဥ်။ဓါတ်ပုံ-CJ )

နိုဝင်ဘာ-၂၇၊၂၀၂၆။ကတ်သရင်း/People’s Spring

စစ်ကိုင်းတိုင်း၊မော်လူးမြို့အနီးတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က ကားသမား တွေကိုပါ လိုက်လံပစ်ခတ်​နေသလို စစ်တပ်ကလက်နက်ကြီးပစ်ခတ်လို့ လယ်သမားတဦးလည်းဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

နိုဝင်ဘာလ၂၆ရက်နေ့ ၊​နေ့ခင်းပိုင်းကစပြီး မော်လူးမြို့ နဲ့ နန့်စီးအောင်ဂိတ်ကြားထဲမှာ တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပြီး ဆင်းလာတဲ့ ကားသမားတချို့ပါ ပစ်ခတ်ခံခဲ့ရတာလို့ သိရပါတယ်။

“လိုက်အပစ်ခံရတာ။ကံကောင်းလို့ လွတ်လာတာ။ကားတွေထားပြီး ပြေးခဲ့ရတာ။ ဒီနေ့(နိုဝင်ဘာ ၂၇)တော့ကချင်ပြည်နယ်ထဲကို ပြန်ရောက်ပါပြီ”လို့ယာဉ်မောင်းတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၂၆ ရက်မှာတိုက်ပွဲဖြစ်ပြီး ညနေပိုင်းမှစကာ စစ်တပ်က နေ့ရောညပါ​လေ​ကြောင်းက​နေ ဗုံးကြဲတာ ၊ပစ်ကူ​ပေးတာတွေလုပ် နေတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

ဒါ့အပြင်နိုဝင်ဘာ၂၇ရက်၊မနက်ပိုင်းမှာ မော်လူးမြို့ရှိ တောင်ကျောင်း(ဘုန်းကြီး ကျောင်း)ကို တပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် လယ်ကွင်းအတွင်း ကျပြီး လယ်ရိတ် နေတဲ့​ဒေသခံ​တောင်သူတဦးကိုထိမှန်ဒဏ်ရာရခဲ့တယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

“စီပိန်းဘက်မှာတိုက်ပွဲပြင်းနေတယ်လို့ကြားတယ်ဗျ။လေယာဉ်တွေကတော့အခုထိ ဆက်တိုက်ကြဲနေတယ်”လို့ ဒေသခံတဦးက နိုဝင်ဘာ ၂၇ ရက်မှာပြောပါတယ်။

ဒီနေ့ည နေပိုင်းမှာလည်း ထပ်မံတိုက်ပွဲဖြစ် ပွားနေပြီး ည၈နာရီအထိလက်နက်ကြီး၊လက်နက်ငယ်အသံ တွေဆူညံ နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။တိုက်ပွဲအ​ခြေအ​နေ ကို​တော့ မသိရ​သေးပါဘူး ။

နိုဝင်ဘာလ ၃ ရက်နေ့ကစပြီး မော်လူးမြို့အနီးတိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှု ၊ ဒရုန်း၊လေယာဉ်​တွေနဲ့ ဗုံးကြဲမှုတွေကြောင့် ဒေသခံ ၅ ဦးထပ်မနည်း သေဆုံးခဲ့သလို ကား​တွေလည်းမီး​လောင်ပျက်စီးခဲ့တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

ဆက်စပ်သတင်းများ