Hi, what are you looking for?
ဆယ်စုနှစ်တစ်ခုစာ ကြိုးစား ရပ်တည်လာတဲ့ ရှမ်းပြည်နယ်က တစ်ပိုင်တစ်နိုင် စားသောက်ကုန် လုပ်ငန်းလေး ပိတ်ရတော့မယ့် အခြေအနေကို ကိုစိုင်းနော် တစ်ယောက် မချိတင်ကဲ ဖြစ်လို့နေပါတယ်။
ကိုနိုင်ဦးဟာ မိတ္ထီလာမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်၊ နယ်မြေ (၁၄)က စစ်တပ်ခန့်ရာအိမ်မှူးတစ်ယောက်ပါ။ မိတ္ထီလာဆိုတာသိတဲ့အတိုင်း တပ်နယ်မြေ။ စိမ်းသရဖူစိမ်းကြတဲ့ နယ်မြေပါ။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ဇွန်လက အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲတွေလုပ်တော့ အုပ်ကြီးလုပ်ချင်တဲ့ကိုနိုင်ဦးလည်း ဝင်ပြိုင်တာပေါ့။ အဲဒီမှာ ကိုနိုင်ဦးက ၆၈၈ မဲ နဲ့ ဒုတိယအများဆုံး ရွေးချယ်ခံရတယ်။ ကိုတင်ထွန်းဆိုသူကတော့...
နွေဦးတော်လှန်ရေး ကာလ ၄ နှစ်နီးပါးရှိလာတဲ့အခါ ကျားဖြန့်လိုခေါ်တဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုတွေက PDFတွေကိုဦးတည်ပြီးပစ်မှတ်ထားလိမ်လည်လာတာတွေရှိတယ်လို့ မင်းဘူးခရိုင်၊ အမှတ် (၆)တပ်ရင်း ဘဏ္ဍာရေးတာဝန်ခံကပြောပါတယ်။သူတို့တပ်ရင်းထံကို ပြီးခဲ့တဲ့ သီတင်းတစ်ပါတ်ခန့်က အွန်လိုင်းကနေ စနစ်တကျနဲ့ လာရောက် လိမ်လည်တဲ့ ဖြစ်စဉ်တစ်ခုကို သူကပြောပြပါတယ်။
စောနွေဦး/People’s Spring ဓာတ်အားလိုင်းမချိတ်ထားတဲ့ ဓာတ်တိုင်တွေ၊ ဓာတ်ကြိုးတွေစုပုံထားတဲ့ ရွာလမ်းဘေးက သစ်သားအိမ်အိုကြီးတစ်လုံးထဲမှာ ကျောင်းသားငယ်အယောက် ၂၀ လောက်က မူလတန်းအဆင့် သင်္ချာပုဒ်စာတွေ ကြိုးကြိုးသားစားတွက်ချက်နေကြပါတယ်။ ကုန်စုံဆိုင်လေးဖွင့်ထားတဲ့ အိမ်အိုကြီးထဲမှာ အသက် ၂၇ အရွယ် ကျောင်းဆရာမလေးတစ်ဦးက ကလေးတွေကို စာသင်နေပါတယ်။သူက မချယ်ရီလို အမည်လွှဲပေးထားတဲ့ စီဒီအမ်ကျောင်းဆရာမလေးတစ်ဦးဖြစ်ပါတယ်။...