Connect with us

Hi, what are you looking for?

သတင်း

ICJစီရင်ချက်ကို လေးစားအသိအမှတ်ပြုကြောင်း စင်ကာပူ ထုတ်ပြန်

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ရဲ့ စီရင်ချက်ကို စင်ကာပူနိုင်ငံက လေးစားအသိအမှတ်ပြုကြောင်း ဒီနေ့ ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ-၂၄၊ ၂၀၂၆။ People’s Spring

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ရဲ့ စီရင်ချက်ကို စင်ကာပူနိုင်ငံက လေးစားအသိအမှတ်ပြုကြောင်း ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ရက်မှာ ICJက မြန်မာနိုင်ငံအပေါ် လူမျိုးသုဥ်းသတ်ဖြတ်မှုကျူးလွန်ကြောင်း တွေ့ရှိတယ်လို့ စီရင်ဆုံးဖြတ်ခဲ့ပါတယ်။ ICJရဲ့အဲဒီစီရင်ချက်ကို လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံ ဖိလစ်ပိုင်နိုင်ငံက အသိအမှတ်ပြုကြောင်း နိုဝင်ဘာ ၁၉ရက်မှာပဲ ကြေညာခဲ့သလို လာမယ့် ၂၀၂၇ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာမယ့် စင်ကာပူကလည်း ဂမ်ဘီယာ-မြန်မာအမှုနဲ့ပတ်သက်လို့ ICJ ရဲ့ စီရင်ချက်အပေါ် သဘောထားကြေညာချက် ထုတ်ပြန်လိုက်တာပါ။

စင်ကာပူဟာ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးနဲ့ အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးဆိုင်ရာ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုကြောင်းနဲ့ အခုစီရင်ချက်ရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေကိုလည်း လေ့လာသုံးသပ်နေကြောင်း ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ရိုဟင်ဂျာတွေ၊ ဒုက္ခသည်တွေနဲ့ ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေရဲ့ ဆင်းရဲဒုက္ခ အခက်အခဲတွေ အပါအဝင် မြန်မာနိုင်ငံရဲ့ လုံခြုံရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေအပေါ်မှာ အလေးအနက် စိုးရိမ်ပူပန်နေဆဲ ဖြစ်တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။

ဒုက္ခသည်တွေအနေနဲ့ ဘေးကင်းလုံခြုံစွာ၊ မိမိတို့ရဲ့ သဘောဆန္ဒအလျောက်နဲ့ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်မယ့် အခြေအနေတွေကို ဖန်တီးပေးဖို့ ကာလရှည်ကြာ တောင်းဆိုချက်ကိုလည်း စင်ကာပူက ထပ်လောင်းအတည်ပြုပါတယ်။

ဒါ့အပြင် စင်ကာပူဟာ အာဆီယံနဲ့ တခြားနိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ အတူပူးပေါင်းပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေရဲ့ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေကို ဆက်လက်ကူညီပံ့ပိုးပေးသွားဖို့ အသင့်ရှိနေကြောင်း ကြေညာပါတယ်။ အာဆီယံရဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းမှုဗဟိုဌာန(AHA Centre)ကတဆင့်လည်း ဆက်လက်ကူညီပံ့ပိုးသွားမယ်လို့ အသိပေးပါတယ်။

ဆက်စပ်သတင်းများ