သတင်း ပေါက်ခေါင်းမြို့နယ်အတွင်းစစ်တပ်က စစ်ကြောင်းထိုးပြီးအကြမ်းဖက်နေ ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါက်ခေါင်းမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်တပ်က အင်အား၂၀၀ကျော်နဲ့ စစ်ကြောင်းနှစ် ကြောင်းခွဲပြီးထိုးဝင်ရောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ludunwayoo1 ရက် ago
သတင်း မူဆယ်နယ်စပ်ဂိတ်ကို တရုတ်ကဖွင့်ပေးသော်လည်း စစ်ကောင်စီကဆက်ပိတ်ထား တရုတ်နိုင်ငံဘက်က ဇန်နဝါရီ ၈ ရက် မူဆယ်-ရွှေလီနယ်စပ်ရှိ ဂိတ် ၃ခုကို ဖွင့်လှစ်ပေးခဲ့သော်လည်း စစ်ကောင်စီက တရုတ်နိုင်ငံဘက်တွင် ကိုဗစ်ရောဂါပြင်းထန်နေခြင်းကြောင့်ဟုဆိုကာ ပိတ်ထားရခြင်းဖြစ်သည်ဟု ကုန်သည်များကပြောသည်။ LuduNwayOoဇန်နဝါရီ 9, 2023
သတင်း ပွင့်ဖြူနှင့် မင်းဘူး NLD လွှတ်တော်အမတ် နှစ်ဦးအပါအဝင် ပါတီဝင်အချို့၊ ဒေသခံများအကြမ်းဖက်ဖမ်းဆီးခံရ ဦးထွန်းထွန်းကို အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဝရမ်းထုတ်ခဲ့ပြီး ဦးထွန်းထွန်းကို မဖမ်းမိ၍ ၎င်း၏ ဇနီးဖြစ်သူကို ဓားစာခံအဖြစ် ၂၀၂၁ ဧပြီ၃၀ ရက်ကတည်းက ဓါးစာခံအဖြစ်ဖမ်းဆီးသွားပြီး ယခုအချိန်အထိ ဖမ်းဆီးထားဆဲဖြစ်သည်။ LuduNwayOoဇန်နဝါရီ 9, 2023
သတင်း ကလေးမြို့ တာဟန်းရပ်ကွက်ရှိ စစ်ကောင်စီတပ်အား တစ်ရက်တည်းနှစ်ကြိမ်တိုက်ခိုက်ခဲ့ဟု PDF(ကလေး) ပြော ဒိုးဝိုင်းချောင်းလမ်းတွင် မြို့ပြပြောက်ကျားစစ်ဆင်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့သည်ဟုလည်း PDFကလေးက ဆိုသည်။ LuduNwayOoဇန်နဝါရီ 9, 2023
သတင်း ဒီပဲယင်းတွင် စစ်ကောင်စီတပ်က တစ်ပတ်အတွင်း ကျေးရွာ ၁၁ရွာ မီးရှို့ဖျက်ဆီး၊ အဘိုးအိုတစ်ဦးပါ မီးရှို့သတ်ဖြတ်ခံရ စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၃ ရက်မှ ယနေ့အထိ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာမှ နေအိမ်ပေါင်းရာနှင့်ချီ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ LuduNwayOoဇန်နဝါရီ 9, 2023
နိုင်ငံတကာ လွှတ်တော်နဲ့ တရားရုံးချုပ်ကို ဝင်စီးနင်းသူတွေကို လုံးဝ ခွင့်မလွှတ်ဘူးလို့ ဘရာဇီး သမ္မတပြော ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ကလည်း ဘရာဇီး ပြည်သူတွေနဲ့ ဒီမိုကရေစီ စနစ်အပေါ် လေးစားမှုရှိဖို့ တောင်းဆိုခဲ့ပြီး လူလာကို အစွမ်းကုန် ထောက်ခံ အားပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ LuduNwayOoဇန်နဝါရီ 9, 2023