Connect with us

Hi, what are you looking for?

သတင်း

မူဆယ်နယ်စပ်ဂိတ်ကို တရုတ်ကဖွင့်ပေးသော်လည်း စစ်ကောင်စီကဆက်ပိတ်ထား

တရုတ်နိုင်ငံဘက်က ဇန်နဝါရီ ၈ ရက် မူဆယ်-ရွှေလီနယ်စပ်ရှိ ဂိတ် ၃ခုကို ဖွင့်လှစ်ပေးခဲ့သော်လည်း စစ်ကောင်စီက တရုတ်နိုင်ငံဘက်တွင် ကိုဗစ်ရောဂါပြင်းထန်နေခြင်းကြောင့်ဟုဆိုကာ ပိတ်ထားရခြင်းဖြစ်သည်ဟု ကုန်သည်များကပြောသည်။

(မြန်မာနှင့်တရုတ်နယ်စပ်ဂိတ်များကို လာ​စောင့်ကြည့်​နေသူများ ။ ။ဓါတ်ပုံ-CJ)
(မြန်မာနှင့်တရုတ်နယ်စပ်ဂိတ်များကို လာ​စောင့်ကြည့်​နေသူများ ။ ။ဓါတ်ပုံ-CJ)

မူဆယ်-ရွှေလီနယ်စပ်ကုန်သွယ်စခန်းကို တရုတ်နိုင်ငံဘက်က ပြည်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း မြန်မာဘက်မှ စစ်​ကောင်စီက Covid-19အကြောင်းပြချက်ဖြင့် ပိတ်ထားဆဲဖြစ်သည်ဟု နယ်စပ်ကုန်သည်များက​ပြောသည်။

တရုတ်နိုင်ငံဘက်က ဇန်နဝါရီ ၈ ရက် မူဆယ်-ရွှေလီနယ်စပ်ရှိ ဂိတ် ၃ခုကို ဖွင့်လှစ်ပေးခဲ့သော်လည်း စစ်ကောင်စီက တရုတ်နိုင်ငံဘက်တွင် ကိုဗစ်ရောဂါပြင်းထန်နေခြင်းကြောင့်ဟုဆိုကာ ပိတ်ထားရခြင်းဖြစ်သည်ဟု ကုန်သည်များကပြောသည်။

“တရုတ်ဘက်က ကိုဗစ်တွေအရမ်းဖြစ်နေတယ်။ မြန်မာဘက်က ကိုဗစ်ကာကွယ်ရေးကော၊အခြားပြင်ဆင်မှုတွေကို မလုပ်ရသေးဘူးဆိုပြီး ဇန်နဝါရီ ၇ ရက်ကတည်းက ဆက်ပိတ်ဖို့ ဆုံးဖြတ်ထားကြတာ”ဟု နယ်စပ်ကုန်သည်တစ်ဦးကပြောသည်။

(မြန်မာနှင့်တရုတ်နယ်စပ်ဂိတ်များကို လာ​စောင့်ကြည့်​နေသူများ ။ ။ဓါတ်ပုံ-CJ)
(မြန်မာနှင့်တရုတ်နယ်စပ်ဂိတ်များကို လာ​စောင့်ကြည့်​နေသူများ ။ ။ဓါတ်ပုံ-CJ)

တရုတ်-မြန်မာနယ်စပ်ရှိ မူဆယ်နယ်စပ်ဂိတ်သုံးခုကိုဇန်နဝါရီ ၈ ရက်တွင်ဖွင့်လှစ်မည်ဟုတရုတ်သံရုံးကထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါထုတ်ပြန်ချက်အတိုင်း တရုတ်-မြန်မာနယ်စပ်ဂိတ်တွင် နှစ်နိုင်ငံသားများသည် ယမန့်နေ့ကတည်းကစောင့်ဆိုင်းခဲ့ကြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ယူနန်ပြည်နယ်ရှိ တရုတ်-မြန်မာနယ်စပ်ရွှေလီနယ်စပ်ဂိတ်၊တရုတ်-ဗီယက်နမ်နယ်စပ် ဟိုခိုနန်ရှီးမြစ်နယ်စပ်ဂိတ်နှင့် တရုတ် -လာအို နယ်စပ်ရှိ မိုဟန်နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်ဟု ယနေ့ ထပ်မံထုတ်ပြန်သည်။ ရွှေလီနယ်စပ်ဂိတ်မှဝင်ရောက်မည့် ပြည်သူများသည် ၄၈နာရီအတွင်းစစ်ဆေးထားသည့် ကိုဗစ်-၁၉ရောဂါကင်းရှင်းကြောင်းသာပြရမည်ဟုတရုတ်သံရုံးကထုတ်ပြန်ထားသည်။

ကမ္ဘာ့ ကပ်ရောဂါကြောင့် တရုတ်-မြန်မာနယ်စပ်ဂိတ်များကို ၂၀၂၀ ဧပြီလတွင် လူဝင်လူထွက်ပိတ်ခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ဇူလှိုင်လတွင် မူဆယ်နယ်စပ်ဂိတ်များဖြစ်သည့် ဆင်ဖြူ၊မန့်ဝိန်းနှင့်နန်းတော်ဂိတ်များကို ပါ တရုတ်နိုင်ငံကပိတ်ထားခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။