Connect with us

Hi, what are you looking for?

သတင်း

ICJ အမှတ်အတိုင်းဆုံးဖြတ်​ပေးဖို့ နဲ့ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အင်းလေးဒေသမှာ ပြုလုပ်

ရှမ်းပြည်နယ် အင်းလေးဒေသမှာ အင်းလေးအမျိုးသမီးသမဂ္ဂ (Inle Women’s Union – IWU) မှ ဦးဆောင်ပြီး ICJ ကအမှန်တရားအတိုင်းဆုံးဖြတ်​ပေးဖို့ နဲ့ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ဒီကနေ့ (နိုဝင်ဘာ ၁၈) ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - အင်းလေးအမျိုးသမဂ္ဂ

နိုဝင်ဘာ ၁၈၊၂၀၂၆။သုည/Peoples Spring

ရှမ်းပြည်နယ် အင်းလေးဒေသမှာ အင်းလေးအမျိုးသမီးသမဂ္ဂ (Inle Women’s Union – IWU) မှ ဦးဆောင်ပြီး ICJ ကအမှန်တရားအတိုင်းဆုံးဖြတ်​ပေးဖို့ နဲ့ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ဒီကနေ့ (နိုဝင်ဘာ ၁၈) ကျင်းပပြုလုပ်ခဲ့ပါတယ်။

နယ်သာလန်နိုင်ငံ၊ သဟိတ် (The Hague) မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ ကြားနာစစ်ဆေးလျက်ရှိသော ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အပြီးသတ်အမိန့် ချမှတ်ရာ နစ်နာသူလူ့အဖွဲ့အစည်းအတွက် တရားမျှတမှု အပြည့်အဝ ဖော်ဆောင်ပေးနိုင်ရေးနဲ့ လူမဆန်တဲ့ ဖြစ်ရပ်ဆိုးတွေ ကမ္ဘာပေါ်မှာ နောက်ထပ် မပေါ်ပေါက်စေရေး တားဆီးကာကွယ်နိုင်ဖို့ ရည်ရွယ်ကာ ဆွေးနွေးပွဲကို ပြုလုပ်ခဲ့တာလို့ အင်းလေးအမျိုးသမီးသမဂ္ဂက ဖော်ပြခဲ့ပါတယ်။

ယင်းအခမ်းအနားမှာ အာဏာတည်မြဲရေးအတွက် လူသားမျိုးနွယ်အပေါ် လွန်ကျူးရက်စက်စွာ ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေကို ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ဖော်ခဲ့သလို “ICJ မှ အမှန်တရားအတိုင်းဆုံးဖြတ်ပါ” လို့​ရေးသားထားတဲ့ စာတမ်း​ရေးသားပြီးဆန္ဒထုတ်​ဖော်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် “လူမျိုးတုံးသတ်ဖြတ်မှု တရားခံသည် ပြည်သူမဟုတ် စစ်​ခေါင်း​ဆောင်များသာဖြစ်သည်” ၊ “ICJ မှ အမှန်တရားအတိုင်းဆုံးဖြတ်ပါ။ CC မှစစ်ရာဇဝတ်​ကောင်များကိုဖမ်းဝရမ်းထုတ်ပါ” ဆိုတဲ့စာတမ်း​တွေကိုင်​ဆောင်ပြီး ဆန္ဒထုတ်​ဖော်ခဲ့ကြပါတယ်။

ဒါ့အပြင် ယနေ့ခေတ် စစ်အာဏာရှင်စနစ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ နိုင်ငံတစ်ဝန်းရှိ ပြည်သူလူထုအပေါ် တရားမဲ့ သတ်ဖြတ်နေခြင်း၊ ဘာသာရေး အဆောက်အဦးတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတာ​တွေ၊ ပြည်သူတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို မီးရှို့ဖျက်ဆီးနေတာ၊ စစ်ရာဇဝတ်မှု​နဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် အလေ့အထ (Impunity) ကို အဆုံးသတ်စေပြီး နစ်နာသူ ပြည်သူအားလုံး တရားမျှတမှု အမှန်တကယ် ရရှိရေးအတွက် ပူးပေါင်း ပါဝင်ရန် အရေးကြီးပုံ တို့ကို ဆွေးနွေးခဲ့ကြပါတယ်။

အင်းလေးအမျိုးသမီးသမဂ္ဂ (IWU) အနေနဲ့လည်း လူမျိုး၊ ဘာသာ မခွဲခြားဘဲ ဖိနှိပ်ခံ ပြည်သူလူထု တစ်ရပ်လုံးနဲ့အတူ ရပ်တည်လျက်ရှိပြီး စစ်အာဏာ ရှင်စနစ် အမြစ်ပြတ်ရေးနဲ့ တရားမျှတမှု ထွန်းကားသော ဖက်ဒရယ်ဒီမိုကရေစီ လူ့အဖွဲ့အစည်း တည် ဆောက်ရေးအတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ