သတင်း ပခုက္ကူမှာ MRGတပ်ရဲ့တိုက်ခိုက်မှုကြောင့် စစ်သား ၆ဦးသေ၊ လက်နက် ၃လက်ရ မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ပခုက္ကူပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ခွဲ-၂ (မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့-MRG)က တိုက်ခိုက်ခဲ့ရာ ၆ဦး သေဆုံးကာ လက်နက် ၃လက်ရရှိခဲ့တယ်လို့ MRG သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ LuduNwayOoဧပြီ 10, 2026