နိုဝင်ဘာ – ၁၀ ၊၂၀၂၆
နေပြည်တော်မှာဒီနေ့ (နိုဝင်ဘာလ ၁၀ ရက်) နေ့ခင်းပိုင်းက ပေါင်းလောင်းတံတားအနီးသုံးဘီးဆိုင်ကယ်တိမ်းမှောက်ပြီး အမျိုးသားနှစ်ဦးသေဆုံးသွားတယ်လို့ မြို့ခံ ဆီကသိရပါတယ်။
“ကထိန်အတွက်လိုအပ်တဲ့ပစ္စည်းတွေသွားပို့ရင်းဖြစ်သွားတာပါ”လို့ အဲဒီမြို့ခံကဆိုပါတယ်။ သေဆုံးသွားသူနှစ်ဦးက အသက် ၃၀ ဝန်းကျင်အရွယ်လို့သိရပါတယ်။
ပေါင်းလောင်းတံတားအဆင်းမှာသုံးဘီးဆိုင်ကယ်ဟာအရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်သွားတာလို့ သိရပါတယ်။ အဲဒီဖြစ်စဉ် သုံးဘီးမောင်းသူနဲ့ ခရီးသည်အမျိုးသား တို့သေဆုံးခဲ့တာပါ။

Public Service Announcement
သုံးဘီးပေါ်မှာ ယာဉ်မောင်းအပါအဝင် အမျိုးသားငါးဦးလိုက်ပါလာတာဖြစ်ပြီး ကျန်သုံးဦးကလည်း ဒဏ်ရာတွေရလို့ နေပြည်တော်ကုတင် တစ်ထောင်ဆေးရုံမှာ ကုသနေရပါတယ်။




















































