နိုဝင်ဘာ ၁၁၊၂၀၂၆။သုည/People’s Spring
စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ စူပါအယ်နီညို ရာသီဥတုဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အသိပညာပေး လက်ကမ်းစာစောင်တွေကို ကျေးရွာနေပြည်သူတွေဆီ ဒီကနေ့ (နိုဝင်ဘာ ၁၁) ဖြန့်ဝေပေးခဲ့တယ်လို့ ရွာပေါင်းစုံ သပိတ်ကော်မတီမှ ထုတ်ပြန်ပါတယ်။
ယင်းမာပင် – ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ကော်မတီအနေနဲ့ စူပါအယ်နီညို အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေမှုကို ၄ ကြိမ်မြောက်အဖြစ် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလက်ကမ်းစာစောင်တွေကို စစ်ကိုင်းယူနစ် ကြားကာလအစိုးရ၊ လူသားချင်းစာနာကူညီရေး၊ ပြန်လည်ထူထောင်ရေးနဲ့ အရေးပေါ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနနဲ့ စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း ပြည်သူ့ဆက်ဆံရေးလုပ်ငန်းကော်မတီ ဒို့ဖက်ဒရယ်စာစဉ်တို့က ထုတ်ဝေခဲ့တာဖြစ်ပါတယ်။

Public Service Announcement
အဲဒီလက်ကမ်းစာစောင်တွေကို ရွာပေါင်းစုံသပိတ်ကော်မတီက ကျေးရွာတွေရှိ ပြည်သူတွေရဲ့ နေအိမ်တွေအထိ လိုက်လံဖြန့်ဝေပေးခဲ့တာ ဖြစ်ပါတယ်။





















































