Connect with us

Hi, what are you looking for?

အတွေးအမြင်

အညာသူအညာသားဆိုသည်မှာ

ပြီးခဲ့တဲ့တစ်ပတ်လောက်က လူမှုကွန်ရက်မှာ ရန်ကုန်၊ မရမ်းကုန်းက တိုက်ခန်းတစ်ခုမှာနေတဲ့ ရုပ်ရှင်မင်းသမီးတစ်ယောက်ရဲ့ဖခင် တေးရေးဆရာတစ်ဦးက သူ့တိုက်ခန်းက ခွေးတွေ ဆူညံတဲ့ကိစ္စနဲ့ပတ်သက်ပြီး တခြားတိုက်ခန်းမှာ နေထိုင်သူတွေနဲ့ ပြဿနာတက်ပါတယ်။

(ဗုံးကြဲပြီး စစ်တပ်စစ်​ကြောင်းထိုးလာမယ့်အန္တရာယ်​ကြောင့် စစ်​ဘေး​ရှောင်​နေကြတဲ့ ​ရေစကြိုမြို့နယ်မှ စစ်​ဘေး​ရှောင်ပြည်သူ​တွေကို ​အောက်တိုဘာလက​တွေ့ရစဥ်။ ဓါတ်ပုံ-U Pyay)

ထွန်းညိုဦး/People’s Spring

ပြီးခဲ့တဲ့တစ်ပတ်လောက်က လူမှုကွန်ရက်မှာ ရန်ကုန်၊ မရမ်းကုန်းက တိုက်ခန်းတစ်ခုမှာနေတဲ့ ရုပ်ရှင်မင်းသမီးတစ်ယောက်ရဲ့ဖခင် တေးရေးဆရာတစ်ဦးက သူ့တိုက်ခန်းက ခွေးတွေ ဆူညံတဲ့ကိစ္စနဲ့ပတ်သက်ပြီး တခြားတိုက်ခန်းမှာ နေထိုင်သူတွေနဲ့ ပြဿနာတက်ပါတယ်။

တိုက်ခန်းတွေမှာ တိရိစ္ဆာန်မွေးကြတဲ့အခါ ပတ်ဝန်းကျင်နဲ့ စကားပြောရတတ်တာမို့ မထူးဆန်းပါဘူး။ အဲဒီတေးရေးဆရာနဲ့ စကားများရတာကတော့ စစ်ရှောင်မိသားစုတဲ့။ တချို့ကတော့ တေးရေးဆရာကို အပြစ်တင်ကြသလို တချို့က စစ်ရှောင်တွေဟာ ရန်ကုန်လူနေမှုနဲ့ အံမဝင်ခွင်မကျလို့ ဖြစ်ကြတဲ့သဘော ထင်မြင်ချက်တွေပေးကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကြောင့် စစ်ရှောင်တွေ အရင်ကထက် ပိုများလာခဲ့တယ်။ ကုလသမဂ္ဂ (UNHCR / UNOCHA)ရဲ့၂၀၂၆ ခုနှစ် အောက်တိုဘာလအထိ နောက်ဆုံး ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံအတွင်း တိုက်ပွဲတွေနဲ့ မတည်ငြိမ်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရ​တဲ့ ပြည်တွင်း စစ်ရှောင် စုစုပေါင်း ၄ သန်းကျော် (၄,၀၅၈,၁၀၀ ခန့်) ရှိနေပြီဖြစ်ကြောင်း အသိပေးထားတယ်။

Public Service Announcement

Public Service Announcement

လူပေါင်းလေးသန်းကျော်ဟာ ကိုယ့်အိမ်ကိုယ့်ရာကို စွန့်ခွာပြီး လက်တလော လုံခြုံမယ်ထင်တဲ့နေရာလေးတွေ ပြောင်းရွှေနေကြရတယ်။ အပေါ်က ဖြစ်စဥ်လို ကိုယ်နဲ့သဘောသဘာဝမတူတဲ့ ပတ်ဝန်းကျင်ကြီးတစ်ခုကို လုံးလုံးလျားလျား ဆင်းသက်လိုက်ကြရတယ်။

ကျယ်ပြန့်လှတဲ့ ကိုယ့်ရွာ ကိုယ့်ဝင်းလေးတွေကို ထားရစ်ခဲ့ရပြီး မြို့ပေါ်က ကျဥ်းမြောင်းလှတဲ့ တိုက်ခန်းလေးတွေ၊ တစ်အိမ်ကစကား တစ်အိမ်ကကြားရတဲ့ ကျပ်ထုတ်ထုတ်အိမ်ကလေးတွေမှာ ပြောင်းရွှေ့နေခဲ့ကြရတယ်။ နယ်မြေအသစ်မှာ လူသစ်တွေနဲ့ ဆက်ဆံတဲ့အခါ အဆင်ပြေသည်လည်း ရှိ၊ မပြေသည်လည်း ရှိပေါ့။

မိတ်ဆွေတစ်ဦးရဲ့ ယောက္ခမ(ဇနီးရဲ့မိခင်)ဟာ မြင်းခြံနယ်ကပါ။ မြင်းခြံမှာ တိုက်ပွဲတွေရှိလာတော့ သမီးဖြစ်သူလင်မယားက မြို့ပေါ်တိုက်ခန်းမှာ လာနေဖို့ ခေါ်ပါတယ်။ ပထမတော့ လာနေပါတယ်။ နောက်တော့ မိခင်ကြီးဟာ ငါရွာပြန်တော့မယ်လို့ ပြောလာတယ်။ သမက်ဖြစ်သူဒေါပွတော့တာပဲ။ ဒီမှာ ကောင်းကောင်းနေ၊ ကောင်းကောင်းထားနေပါလျက်နဲ့ ဘာကြောင့် ရွာပဲ ပြန်ချင်နေရတာလဲပေါ့။ မိခင်ကြီးက ပြောရှာတယ်။ “ပဲစင်းငုံတွေ စိုက်ရဦးမှာ”တဲ့။

ဟုတ်တာပေါ့။ ရွာမှာဆို သူ့အိမ်ဝင်းကလေးထဲ တံ​မြတ်စည်းလှဲတာတို့၊ အခင်းထဲဆင်းတာတို့ကလည်း ချွေးကလေးဘာလေးထွက်တော့ ကျန်းမာရေးအရ ပိုကောင်းစေတာပေါ့။ မိတ်ဆွေအရင်းအချာတွေ၊ ဆွေမျိုးသားချင်းတွေနဲ့ မလုံံခြုံတဲ့ကြားကနေ အတူရှိကြတော့လည်း စိတ်နှလုံးတွေ နွေးနွေးထွေးထွေး ရှိကြတော့တာပေါ့။

နောက်ထပ်မိတ်ဆွေတစ်ဦးရဲ့ ဖခင်ကလည်း အဲသလိုပါပဲ။ သူ့ဖခင်က စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ရွာလေးတစ်ရွာကပါ။ ခင်ဦးမှာလည်း သိတဲ့အတိုင်း စစ်တပ်စစ်​ကြောင်းထိုးအကြမ်းဖက်တာ ၊လေကြောင်းတိုက်ခိုက်မှုတွေလည်း မကြာခဏဆိုသလို ရှိနေတာပါ။ သားဖြစ်သူကတော့ သူ့ဖခင်ကြီးကို စိတ်ပူလို့ မြို့ပေါ်လာနေဖို့ ခေါ်ရှာပါတယ်။ ဖခင်ကြီးကတော့ မလာပါဘူး။ ရွာမှာပဲ လေယာဥ်သံ တဝေါဝေါအောက် အိပ်ပျော်အောင် အိပ်နေရှာသတဲ့။

တကယ်တော့ အိမ်ဆိုတာ ခေါင်မိုးနဲ့ နံရံတင် မဟုတ်ပါဘူး။ သံယောဇဉ်နဲ့ ဘဝအဓိပ္ပာယ် တည်ရှိရာ နေရာဖြစ်ပါတယ်။ စစ်ဘေးသင့်ဒေသတွေမှာ အသက်အန္တရာယ်ကြားက ကုပ်ကပ်ကျန်ရစ်နေသူတွေဖြစ်စေ၊ မြို့ပြဆီ စက်ဆုပ်စွာနဲ့ ရောက်ရှိလာကြသူတွေဖြစ်စေ သူတို့ အတူတူတောင့်တကြတာဟာ လွတ်လပ်မှုပါပဲ။

ဘာကြောင့် အန္တရာယ်ကြားကနေ ရွာမှာပဲ နေချင်ကြရတာလဲဆိုတဲ့ အဖြေကတော့ ရှင်းရှင်းလေးပါ။ ဒီမြေ၊ ဒီရေ၊ ဒီလေထုဟာ သူတို့အတွက်တော့ ဘာနဲ့မှ အစားထိုးလို့မရတဲ့ သူ့တို့ရဲ့ အသွေးအသားတွေ ဖြစ်နေလို့ပါပဲ။

ဆက်စပ်သတင်းများ

အတွေးအမြင်

"မြစ်အနောက်ဘက်ကစစ်ဘေးကနေမကွေး၊ တောင်ကြီး၊မန္တလေးအထိ—ရိုးရာပွဲတော်တွေ ဘယ်သူ့အတွက် စည်ကားနေကြသလဲ"

ဆောင်းပါး

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် သီတင်းကျွတ်လပြည့်ညက အညာက ရွာလေးတစ်ရွာမှာ ဆီမီးထွန်းပွဲဲ ပြီးလို့ ရွာသူရွာသားတွေ ကိုယ့်အိမ်ကို ပြန်ဖို့ပြင်နေချိန် ကွင်းထဲမှာ ပေါက်ကွဲသံကြီးတွေ ထွက်ပေါ်လာခဲ့တယ်။ လူတွေဟာ သွေးသံရဲရဲနဲ့ အော်ပြေးခဲ့ကြတယ်။ရွာသူရွာသားတွေဟာ ကမ္ဘာပျက်သလို အော်ဟစ်ဆူညံနေခဲ့တယ်။

သတင်း

ရေဘေးသင့်ခဲ့တဲ့စစ်ကိုင်းတိုင်းထဲကမြို့နယ်တွေ မှာနေထိုင်ကြတဲ့ ဒေသခံပြည်သူတွေအနေနဲ့ ရေကြီးချိန်ကနေရာရွေ့ပြီး မျောပါလာနိုင်တဲ့ မြေမြှုပ်မိုင်းအန္တရာယ်ကိုသတိပြုကြဖို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကသတိပေးပါတယ်။

ဆောင်းပါး

ကျယ်ပြောလှတဲ့ ကွင်းပြင်ကျယ်ကြီးထဲမှာ နေရောင်အောက် ခြောက်သွေ့နေတဲ့ အပင်ရိုးတံခြောက်တွေက မြေပြင်အနှံ့ ဖြန့်ကျက်လို့နေပါတယ်။ ကောင်းကင်ပြာပြာအောက် အဝေးဆီက သစ်ပင်ရိပ်တချို့ကလွဲရင် မြင်မြင်သမျှဟာ ညိုခြောက်နေတယ်။ အဲဒီ နေပူကျဲကျဲ ကွင်းပြင်ကြီးထဲမှာတော့ ခေါင်းပေါင်းစိမ်းစိမ်းလေး ပေါင်းထားတဲ့ သက်ကြီးရွယ်အို အမေအိုတစ်ဦးဟာခါးကိုင်းကိုင်းနဲ့ အလုပ်ရှုပ်နေရှာပါတယ်။