Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လော့စ်အန်ဂျလိစ်မှာ ပလက်ဖောင်းပေါ် ကားဝင်တိုက်လို့ ၃ ဦးသေ၊ ၃ ဦး အပြင်းအထန် ဒဏ်ရာရ

အမေရိကန် နိုင်ငံ၊ လော့စ်အန်ဂျလိစ်မြို့မှာ ပလက်ဖောင်းပေါ်က လူအုပ်ကို ကားတစ်စီးက ဝင်တိုက်ခဲ့တာကြောင့် လူ ၃ ဦး သေဆုံးပြီး နောက်ထပ် ၃ ဦး အပြင်းအထန် ဒဏ်ရာရသွားခဲ့ပါတယ်။

ဓာတ်ပုံ - Getty

အမေရိကန် နိုင်ငံ၊ လော့စ်အန်ဂျလိစ်မြို့မှာ ပလက်ဖောင်းပေါ်က လူအုပ်ကို ကားတစ်စီးက ဝင်တိုက်ခဲ့တာကြောင့် လူ ၃ ဦး သေဆုံးပြီး နောက်ထပ် ၃ ဦး အပြင်းအထန် ဒဏ်ရာရသွားခဲ့ပါတယ်။

နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းက ဟောလိဝုဒ် မြောက်ပိုင်းရပ်ကွက်ရဲ့ မြေအောက်ရထား ဘူတာတစ်ခုနားမှာ အဖြူရောင် SUV တစ်စီးက လူ ၅ ဦးလောက်ကို အရှိန်နဲ့ ဝင်တိုက်ခဲ့တာလို့ လော့စ်အန်ဂျလိစ် ရဲတပ်ဖွဲ့နဲ့ မီးသတ်ဌာနက ပြောပါတယ်။

ပြီးတော့ ယာဉ်မောင်း အပါအဝင် လူ ၃ ဦးလောက်ကို ဆေးရုံ တင်ပို့ခဲ့ရပါတယ်။ ဒီယာဉ်တိုက်မှုဟာ မတော်တဆမှုလား၊ တခြားရည်ရွယ်ချက် ပါသလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

ရဲတွေကတော့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘာကိုမှ ကောက်ချက် မဆွဲနိုင်သေးဘဲ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေကြောင်း ပြောပါတယ်။ ဘယ်လို ဖြစ်နိုင်ခြေမျိုးကိုမှ လောလောဆယ် ပယ်ချမထားသေးဘူးလို့ လော့စ်အန်ဂျလိစ် ရဲဌာန အကြီးအကဲ ဝါရန် ကက်စ်တီလိုက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ယာဉ်မောင်းရဲ့ နာမည်ကို မထုတ်ပြန်သေးပေမယ့် အသက် ၆၀ ကျော် အရွယ်လို့ သိရပါတယ်။ ရဲတွေက ယာဉ်မောင်းဟာ အရက်၊ ဒါမှမဟုတ် မူးယစ်ဆေးဝါး တစ်မျိုးမျိုး သောက်စား အသုံးပြုထားသလား ဆိုတာကိုလည်း စစ်ဆေးနေပါတယ်။

ထိခိုက်သေဆုံးသူတွေ စာရင်းမှာတော့ လမ်းသွားလမ်းလာတွေရော၊ လမ်းဘေးမှာ စျေးရောင်းနေသူတွေပါ ပါဝင်ခဲ့တယ်လို့ လော့စ်အန်ဂျလိစ် မြို့တော်ဝန် ကာရန်ဘက်စ်က အတည်ပြုခဲ့ပါတယ်။ ထိခိုက်ခံစားခဲ့ရတဲ့ မိသားစု အသီးသီးနဲ့ထပ်တူ စာနာ ဝမ်းနည်းကြောင်းလည်း ဘက်စ်က လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားပါတယ်။

ရဲတွေဟာ ယာဉ်တိုက်မှု ဖြစ်ပွားရာ နေရာတဝိုက်က လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကိုလည်း ပြန်လည် စိစစ်နေပါတယ်။ ဒီကိစ္စဟာ သိမ်မွေ့ပြီး အချိန်ယူရတဲ့ စုံစမ်းစစ်ဆေးမှု တစ်ခုလို့ ကက်စ်တီလိုက ပြောပါတယ်။

ဗီဒီယို မှတ်တမ်းတွေမှာတော့ အဖြူရောင် SUVဟာ လမ်းဘေးစျေးဆိုင် ယာယီရွက်ဖျင်တဲ တစ်ခုထဲ ဝင်တိုးပြီး ရပ်တန့်နေတာ၊ အနီးတဝိုက်မှာ ကယ်ဆယ်ရေး ဝန်ထမ်းတွေ အလုပ်ရှုပ်နေတာလည်း တွေ့ခဲ့ရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

Facebook