Connect with us

Hi, what are you looking for?

သတင်းဆောင်းပါး

ကျွန်တော် တကယ် ရဲပါခင်ဗျာ

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ည ၉ နာရီကနေ ၁၀ နာရီကြားလောက်မှာ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်က လမ်းပေါ်ကို အင်္ကျီအနီဝတ်ထားတဲ့ လူငယ်တစ်ယောက် ပြေးထွက်လာခဲ့ပါတယ်။ သူ့နောက်ကိုတော့ လူနှစ်ယောက်က လိုက်နေခဲ့ပြီးအဲဒီလူနှစ်ယောက်ဟာ လက်ထိပ်တွေ ကိုင်ဆောင်ထားတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

Scorpio/People’s Spring

နောက်ကလိုက်တဲ့ လူနှစ်ယောက်က ရှေ့ကပြေးတဲ့ကောင်လေးကို “ဟေ့ရောင်မပြေးနဲ့ မပြေးနဲ့ အဲကောင် သူခိုးသူခိုး”လို့ အော်ပြီး လိုက်သွားတာကို တွေ့လိုက်ရပါတယ်။ အဲဒီနောက် မိနစ်အနည်းငယ်အကြာ ကျောက်မြောင်းရပ်ကွက်ကလမ်းပေါ်မှာပဲ လူတစ်ယောက် ရိုက်နှက်ခံရလို့ တောင်းပန်နေတဲ့အသံ ကြားလိုက်ရပါတယ်။

အားလုံးက ထင်ကြတာကတော့ စောစောက သူခိုးဆိုတဲ့လူ မိလို့ ဝိုင်းဖမ်းပေးနေကြတာလို့။ အမှန်တော့ မဟုတ်ပါဘူး။ အရိုက်ခံရသူဟာ ရှေ့က သူခိုးလို့အစွပ်စွဲခံရတဲ့ လူငယ်မဟုတ်ဘဲ နောက်ကလိုက်သူနှစ်ယောက်ထဲက တစ်ယောက် ဖြစ်နေပါ​တော့တယ်။

Public Service Announcement

Public Service Announcement

https://www.facebook.com/reel/1497920171732117

ဖြစ်စဥ်သိမြင်လိုက်သူတွေ ပြန်ပြောပြတာကတော့ နောက်ကလိုက်တဲ့လူနှစ်ယောက်ဟာ လာကတည်းက Taxi လို ပရိုဘောက်လိုမျိုးကားနဲ့လာတာတဲ့။ ရှေ့ကထွက်ပြေးသွားတဲ့ ကောင်လေးကို “ဟေ့ရောင်မင်းမလှုပ်နဲ့ အထဲဝင် မင်းအထဲ ရှေ့ကဝင်”ဆိုပြီး ကားပေါ်ကို အတင်းကြီးခေါ်ပြီးသွင်းနေတာတဲ့။ အခုကာလမှာ ရန်ကုန်မြို့မှာ ​လူမြင်ကွင်းမှာ​တောင် ​ပေါ်တာဆွဲ လူဖမ်းရောင်းစားနေကြတာပါ။အခုလပိုင်းအတွင်းမှာ ရန်ကုန်မှာ အလုပ်ကအပြန်လည်း​ပေါ်တာဆွဲခံရ ၊အိမ်​ရှေ့​ဆေးလိပ်ထွက်​သောက်ရင်းလည်း​ပေါ်တာဆွဲခံရ၊ဧည်စာရင်းစစ်တယ်ဆိုပြီးလည်းအဆွဲခံရတာ​တွေများ​နေပါတယ်။ အိမ်မှာ​နေရင်း​တောင် စစ်မှုထမ်းရမယ်ဆိုပြီး အုပ်ကြီး​တွေနဲ့ ပျူ​စောထီး​တွေက အိမ်​ပေါ်တက်လက်ထိပ်ခတ်​ ​ဖမ်း​ခေါ်တာ​တွေများ​နေတာပါ ။

ဒါ့ကြောင့် ပြည်သူတွေဟာ ပေါ်တာဆွဲတယ်လို့ ယူဆပြီး လိုက်တဲ့နှစ်ယောက်ထဲက တစ်ယောက်ကို ဝိုင်းပြီး ဆွမ်းကြီးလောင်းကြတာဖြစ်ကြောင်း မျက်မြင်တွေ့သူတွေက ပြောပါတယ်။

ဒါပေမဲ့ အရိုက်ခံနေရတဲ့တစ်ယောက်က လမ်းပေါ် ပက်လက်လန်နေရင်းကနေ “ကျွန်တော့်ကို စခန်းလေးသာဖုန်းဆက်ပေးပါ။ ကျွန်တော်တကယ်ရဲပါခင်ဗျာ။ အကို ကျွန်တော်တကယ်ရဲပါ။ ကျွန်တော်ရဲတပ်သားပြည့်ဖြိုးနိုင် လ ၂၉၃၀၁၅ ပါ”လို့ ပြောနေသံ ကြားရပါတယ်။

ဒါ​ပေမယ့် ရဲပါလို့​အော်​နေသူနဲ့ ကျန်တဦးတို့က ရဲယူနီ​ဖောင်းဝတ်မထားပါဘူး။အရပ်သားဝတ်စုံနဲ့ဖြစ်ပါတယ် ။

ပြည်သူတွေကတော့ရဲဆို ဒါမျိုးမလုပ်ဘူး အယောင်ဆောင်တာပဲလို့ ယူဆကြတယ်။ “မင်းမဟုတ်တာမပြောနဲ့ ဘယ်ရဲမှ ကျွန်တော်ရဲပါ ကျွန်တော်ရဲပါ အော်မနေဘူး”တဲ့။ “မင်းသာရဲအစစ်သာဆိုရင် သူခိုးကို တခါတည်း လက်ထိပ်ခတ်လိုက်မှာ အာချောင်မနေဘူး”ဆိုပြီး ထပ်ရိုက်ကြပါသတဲ့။

တချို့ဆို ဆိုင်​တွေရှေ့မှာ ကားရပ်မရ​အောင်ချထားတဲ့ ဘိလပ်မြေတုံးလိုဟာနဲ့ ကျုံးဖို့လုပ်တာ လူတွေက အတင်းဝိုင်းဆွဲထားလို့ ရဲလို့​အော်သူကံ​ကောင်းခဲ့တာလို့ မျက်မြင်တွေ့သူတစ်ဦးက ဆိုပါတယ်။

ရှေ့ကပြေးတဲ့လူငယ်နဲ့ နောက်က လိုက်တဲ့ တခြားတစ်ယောက်တော့ ဘယ်လိုဖြစ်သွားတယ်မသိရပါဘူး။ အရိုက်ခံရတဲ့တစ်ယောက်ကတော့ အတော်ဖူးယောင်သွားပါတယ်။

ဝိုင်းဆွမ်းကြီး​လောင်းလိုက်ကြတဲ့ ပြည်သူတွေဟာ ရဲအယောင်ဆောင်တယ်လို့ ယူဆလို့ကို ရိုက်ကြတာလည်းပါပါတယ်။ ကြည့်လေ။ မာရသွန်တောင် အေးအေးချမ်းချမ်းပြေးခွင့်ရအောင် ရန်ကုန်မြို့ကြီး အေးချမ်းတည်ငြိမ်အောင် လုံခြုံရေးယူပေးတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ပုံရိပ်ကို ကျအောင် ဒီလူလုပ်တာပဲလို့ ယူဆကြတယ်။ စစ်တပ်လက်​အောက်ခံ ရဲ ဟုတ် ၊မဟုတ်ဆိုတာကို​တော့ လူထု​​နွေဦးအ​နေနဲ့ သီးခြားအတည်မပြုနိုင်​သေးပါဘူး။

အရိုက်ခံရတဲ့သူကတော့”ကျွန်တော်ရဲပါခင်ဗျာ”လို့ ထပ်ခါ ထပ်ခါ​အော်​ပါတယ်။ ပြည်သူတွေကတော့ ရဲလို့ အော်လေ ထပ်ရိုက်လေပါပဲ။

ဆက်စပ်သတင်းများ

Facebook