Connect with us

Hi, what are you looking for?

သတင်း

မြောက်ဦးမြို့သားဖွားဆေးရုံကို စစ်တပ်ဗုံးကြဲ၊ကလေးငယ်နဲ့အမျိုးသမီးအပါအ၀င် ၄ ဦး သေဆုံး

မြောက်ဦးမြို့၊ လေးမြို့စားရပ်ကွက်ရှိ ယာယီဖွင့်လှစ်ထားတဲ့ သားဖွားဆေးရုံကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ညနေပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်၊ အမျိုးသမီးအပါအ၀င် ၄ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

(မီးလောင်ကျွမ်းပျက်စီးခဲ့သော ကားများအား တွေ့ရစဥ်။ ဓာတ်ပုံ-မီးသတ်နဲ့ Mani Sala)

နိုဝင်ဘာ-၁၊၂၀၂၆။ခိုင်မြတ်/People’s Spring

မြောက်ဦးမြို့၊ လေးမြို့စားရပ်ကွက်ရှိ ယာယီဖွင့်လှစ်ထားတဲ့ သားဖွားဆေးရုံကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ညနေပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်၊ အမျိုးသမီးအပါအ၀င် ၄ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်မှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ လသားအရွယ်ကလေးတွေ၊ ကိုယ်၀န်ဆောင်တွေ၊ လူနာစောင့်တွေ ရှိ‌နေတဲ့ သားဖွား‌ဆေးရုံတည့်တည့်ကို ဗုံးကြဲချခဲ့တာဖြစ်ပါတယ်။

“ဒီ‌ဆေးရုံက အရင်ဆေးရုံဗုံးကြဲခံရလို့ အသစ်ဖွင့်ထားတာပါ၊ အဲဒါကို ရည်ရွယ်ချက်ရှိရှိ ပစ်တာပါ။ သူတို့ ဒီလောက် ကင်းထောက်နေတာ ဆေးရုံမှန်း မသိဘဲမနေဘူး” လို့ မြောက်ဦးမြို့ခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က ဆေးရုံဗုံးကြဲလို့ သေဆုံးသွားတဲ့အထဲမှာ ၁ နှစ်ကျော်ကလေးငယ်တဦး၊ အမျိုးသမီး ၂ဦးပါ၀င်ပြီး ဒဏ်ရာရသူတွေထဲမှာလည်း အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါ၀င်တယ်လို့ သိရပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခု ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကလည်း မြောက်ဦးပြည်သူ့ဆေးရုံကြီးကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် လူနာ၊ လူနာစောင့်၊ ၀န်ထမ်းစတဲ့ အပြစ်မဲ့အရပ်သားပြည်သူ ၃၄ ဦးသေဆုံးပြီး ၇၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

နို၀င်ဘာ ၁ ရက်နေ့ညနေပိုင်းမှာ စစ်တပ်က ကျောက်တော်မြို့နယ် ဝါးတောင်ကျေးရွာအနီး ယိုးချောင်းတံတားကိုလည်း ဗုံးကြဲခဲ့ပြီး ၇ ဦးထက်မနည်း သေဆုံးကာ ၃ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် ဒီနေ့ မနက်အစောပိုင်း ၄ နာရီဝန်းကျင်မှာလည်း ပေါက်တောမြို့ပေါ်နဲ့ ပေါက်တောမြို့နယ်ရွာချောင်းကြီးရွာတို့ကို ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံးအလုံး ၃၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးအမျိုးသား ၁ ဦး သေဆုံးပြီး စစ်ဘေးရှောင်ကလေးငယ် ၂ ဦး အပါအဝင် ၄ ဦးဒဏ်ရာရခဲ့ပါတယ်။

ဒါကြောင့်စစ်တပ်က နိုဝင်ဘာ ၁ ရက်နေ့မှာတင် မြောက်ဦး၊ ကျောက်တော်၊ ကျောက်ဖြူမြို့နယ် တွေကိုဗုံးကြဲခဲ့တာကြောင့် ၁၀ ဦးထက်မနည်းသေဆုံးပြီး အများအပြားသေဆုံးခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပေါက်တောမြို့နယ်ငပြီကျွန်းကမ်းတက်တိုက်ပွဲ၊ စစ်တွေ၊ ကျောက်ဖြူမြို့နယ်တို့အတွင်း က တိုက်ပွဲတွေမှာ အထိနာအကျအဆုံးများပြီး တပ်စခန်းတွေ လက်လွှတ်နေရချိန် အခုလို အရပ်သားလူနေကျေးရွာ တွေကိုပါ မချန်ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်တပ်ဟာ ငပြီကျွန်းပေါ် ကမ်းတက်နိုင်ခဲ့ပေမယ့် ကမ်းပေါ်က စစ်တပ်ခြေကုတ်နေရာအားလုံးကို အာရက္ခတပ် တော် (AA)က အပြီးပြတ်သိမ်းပိုက်လိုက်ပြီဖြစ်ပြီး စစ်တွေမြို့နယ်အတွင်းက တပ်စခန်း ၁၃ ခု၊ ကျောက်ဖြူမြို့နယ် အတွင်းက တပ်စခန်း ၂ ခုထက်မနည်းတို့ကို သိမ်းပိုက်ထားပါတယ်။ဒါ့အပြင် စစ်တွေတိုက်ပွဲမှာ စစ်တပ်ရဲ့ စစ်သင်္ဘော ၅ စီးထက်မနည်းဟာလည်း AA ရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်၊ ပျက်စီးခဲ့ရပါတယ်။

လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေ နိုဝင်ဘာ ၁ ရက်နေ့ထိ နှစ်လနီးပါးအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံအရပ်သား ပြည်သူ ၁၁၈ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၉၃ ဦးထက်မနည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်တပ်က စာသင်ကျောင်း ၃ ကျောင်းအနီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သက်ကြီးရွယ်အို ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းကြောင့် (၁၀)နှစ်အရွယ်ကလေး ၁ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မြောက်ဦးမြို့၊ လေးမြို့စားရပ်ကွက်နဲ့ ကျောက်တော်မြို့နယ် ဝါးတောင်ကျေးရွာအနီး ယိုးချောင်းတံတားတို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ညနေပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံပြည်သူ​ ၁၀ ဦးထက်မနည်း​သေဆုံးပြီး ဒဏ်ရာရသူ​တွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ကျွန်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်တပ်က အရာရှိ အပါအဝင် သေဆုံးထိခိုက်သူ ၁၀ ဦးရှိပြီးတော်လှန်ရေးရဲဘော်တဦး ကျဆုံးခဲ့ကြောင်း ရာမညမွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ပါတယ်။