Connect with us

Hi, what are you looking for?

သတင်းဆောင်းပါး

ကုန်သွယ်မှုအနည်းငယ်ပဲရှိတဲ့ ပန်​ဆောင်နယ်စပ်ဂိတ်ကို အဖွင့်ပြပြီး စစ်အုပ်စု အိန္ဒိယကိုမျက်နှာလုပ်ဖို့ကြိုးစား

အိန္ဒိယနဲ့မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ ကုန်သွယ်မှုအနည်းဆုံးဖြစ်တဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ကနယ်စပ်ဂိတ်ကို အာဏာသိမ်းစစ်တပ်က မကြာမီ ပြန်ဖွင့်တော့မယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေပြည်စိုး/People’s Spring

အိန္ဒိယနဲ့မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ ကုန်သွယ်မှုအနည်းဆုံးဖြစ်တဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ကနယ်စပ်ဂိတ်ကို အာဏာသိမ်းစစ်တပ်က မကြာမီ ပြန်ဖွင့်တော့မယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၁၉ ခုနှစ်ကိုဗစ်ကာလကတည်းက ပိတ်ထားတဲ့ ပန်ဆောင်နယ်စပ်ဂိတ်ကို စစ်တပ်က ပြန်ဖွင့်ဖို့ ကြိုးစားနေပြီး ဇူလိုင်လ၂၀ရက်မှာ ဖွင့်မယ်လို့ ကြားရကြောင်း မြို့ခံတစ်ဦးကပြောပါတယ်။

“နယ်စပ်ခြံစည်းရိုးကာနေတာကိုကြတော့ စစ်တပ်ရော၊ ဒေသဦးစီးကပါအသံမထွက်ဘူး။ နယ်စပ်ဂိတ်ပြန်ဖွင့်ဖို့ကိုကြ အိန္ဒိယအလိုကြ အရှိန်တင်လုပ်နေတာ။ ဒေသအတွက် ကုန်စည်ထက် သူတို့လိုတာတွေ အဓိကသွင်းမှာပါ”လို့ အထက်ပါမြို့ခံကပြောပါတယ်။

Public Service Announcement

Public Service Announcement

ပန်ဆောင်မြို့ဟာ စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ နန်းယွန်းမြို့နယ်အတွင်းမှာ တည်ရှိပြီး အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ ဖြစ်ပါတယ်။အိန္ဒိယနိုင်ငံ၊ အာရုနာချယ် ပရာဒေ့ရှ်ပြည်နယ် (Arunachal Pradesh) နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး ဒုတိယကမ္ဘာစစ်အတွင်းက ဖောက်လုပ်ခဲ့တဲ့ သမိုင်းဝင်လီဒိုလမ်းမကြီးပေါ်မှာ တည်ရှိပါတယ်။

နယ်စပ်ဂိတ်ကို ၂၀၁၉ ကတည်းက ပိတ်ထားပေမယ့် နှစ်ဘက်ကုန်သည်တွေ နားလည်မှုနဲ့ ကုန်သွယ်မှုတွေ ရံဖန်ရံခါ ရှိနေပါတယ်။ အခုကတော့ စစ်တပ်က နယ်စပ်ကုန်သွယ်ရေးကို ပြန်ထိန်းချုပ်ဖို့ ကြိုးပမ်းလာတာလို့ ဒေသခံတွေက ပြောပါတယ်။

ပန်ဆောင်မြို့က မြန်မာ-အိန္ဒိယနယ်စပ်တလျှောက် ခြံစည်းရိုးကာရံမှုကို အိန္ဒိယဘက်က ၂၀၂၅ နှစ်ကုန်ပိုင်းကနေ စတင်ခဲ့တာပါ။ ဒေသခံတွေက ဆန္ဒထုတ်ဖော်ကန့်ကွက်ခဲ့သလို နာဂအရပ်ဖက်အဖွဲ့တွေကလည်း ကန့်ကွက်ခဲ့ကြပါတယ်။ အိန္ဒိယအစိုးရကအာသံရိုင်ဖယ်တပ်ကို လုံခြုံရေးယူခိုင်းပြီး အတင်းအကြပ်ကာနေတယ် ဒေသခံကပြောပါတယ်။စစ်ကောင်စီအရာရှိတွေဦးဆောင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ကလည်း နှုတ်ဆိတ်နေတယ်လို့ ဆိုပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာအိန္ဒိယအစိုးရကိုတော်လှန်နေတဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN (National Socialist Council of Nagaland) တပ်ဖွဲ့တွေရှိနေပါတယ်။နယ်စပ်နယ်နမိတ်ကို အာသံရိုင်ဖယ်တပ်က လုံခြုံရေးယူပြီး အိန္ဒိယဘက်က ကာရံနေစဉ်နာဂလက်နက်ကိုင်တပ်ဖြစ်တဲ့ NSCN-K (YA) က မတ်လ ၂၆ရက် ည‌နေမှာ တိုက်ခိုက်ခဲ့ဖူးပါတယ်။ အဲ့ဒီတိုက်ခိုက်မှုမှာ အာသံရိုင်ဖယ်တပ်က သုံးဦး သေဆုံးသွားပြီးတဲ့နောက် နယ်စပ်ကုန်သွယ်ရေးကို အိန္ဒိယဘက်ကပိတ်ခဲ့ဖူးပါတယ်။

အိန္ဒိယနဲ့မြန်မာနိုင်ငံဟာကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊စစ်ကိုင်းတိုင်းတို့နဲ့ ၁၀၂၄ မိုင်အထိ နယ်စပ် ထိစပ်နေပါတယ်။စစ်ကိုင်းတိုင်း၊တမူးမြို့နဲ့ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်၊မိုရေးမြို့နဲ့ ဆက်စပ်နေတဲ့ နယ်စပ်ဂိတ်၊ ပန်ဆောင်နယ်စပ်ဂိတ်၊ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိဒ်ခေါဒါရ်မြို့ (ရိဒ်ရေကန်အနီး)နဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ချန်ဖိုင်းခရိုင် ဇိုခေါသာရ်ရွာနဲ့ ဆက်စပ်နေတဲ့ နယ်စပ်ဂိတ်၊ ပလက်ဝမြို့နဲ့ ဆက်စပ်နေတဲ့ နယ်စပ်ဂိတ်တွေကို စစ်တပ်အာဏာမသိမ်းခင်က တရားဝင်ဖွင့်လှစ်ထားခဲ့တာပါ။အဲဒီဂိတ်တွေထဲမှာ ပန်ဆောင်နယ်စပ်ဂိတ်က ကုန်သွယ်မှုပမာဏ အနည်းဆုံးဖြစ်ပါတယ်။

တခြားနယ်စပ်ဂိတ်တွေလိုပုံမှန်အစိုးရချင်း ကုန်သွယ်ရေးစခန်း (Border Trade Zone) အဆင့် သတ်မှတ်ထားခြင်းမရှိဘဲ နယ်စပ်ဒေသကကုန်သည်တွေနဲ့ ဈေးရောင်းစျေးဝယ်သူတွေ တစ်လကို သုံးကြိမ် ဒေသထွက်ကုန်စည်တွေအပြန်အလှန် လဲလှယ်ရောင်းချတဲ့အဆင့်ပဲရှိတာပါ။

၂၀၂၁ နောက်ပိုင်း နယ်စပ်ဂိတ်အများစုကို တော်လှန်ရေးအင်အားစုတွေကထိန်းချုပ်သွားပြီးတဲ့နောက် ပန်ဆောင်နယ်စပ်တခုတည်းကိုပဲ စစ်တပ်ကထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ အိန္ဒိယ-မြန်မာကုန်သွယ်ရေးလမ်းကြောင်းကို နယ်မြေစိုးမိုးမူပြန်ယူမယ်လို့ ပြီးခဲ့တဲ့ ဇွန်လဆန်းကအိန္ဒိယခရီးစဥ်မှာအာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ​ပြောခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ကလေး-တမူး နယ်စပ်ကုန်သွယ်ရေးလမ်း​ကြောင်းကိုလည်းစစ်တပ်ကအင်အားအများအပြားနဲ့ စစ်ကြောင်းတွေထိုးခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီစစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက အကြိမ်ကြိမ်တိုက်ခိုက်နေပြီး တိုက်ပွဲတွေဖြစ်နေတာလနဲ့ချီနေပြီဖြစ်ပါတယ်။

ဒါ​ကြောင့် မင်းအောင်လှိုင်က မြန်မာ-အိန္ဒိယအဓိကနယ်စပ်ကုန်သွယ်​ရေးစခန်း​တွေကို မထိန်းချုပ်နိုင် ၊မဖွင့်​သေးနိုင်ချိန်မှာ နယ်စပ်တွေကို ထိန်းချုပ်နိုင်ပြီလို့ အိန္ဒိယအစိုးရကို ပြချင်တဲ့အတွက် တော်လှန်ရေးအားမကောင်းတဲ့ ဒေသက နယ်စပ်ဂိတ်တွေကို ဖွင့်ဖို့ ကြိုးပမ်းနေတာလို့ ဒေသခံတွေကပြောပါတယ်။

“ပန်ဆောင်လို့ နယ်စပ်ဂိတ်သေးသေးလေးကိုအသုံးချပြီး နိုင်ငံရေးထွက်ပေါက်ရှာဖို့အထိ ကြိုးစားနေရပုံကရယ်စရာတော့ အကောင်းသား”လို့ နာဂလူငယ်တစ်ဦးကပြောပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေအတွက် လေ့ကျင့်သင်တန်းပေးမှုတစ်ခုကို အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ပူးပေါင်း လုပ်ဆောင်နေကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အာဆီယံနိုင်ငံတွေမှာ မြန်မာတစ်နိုင်ငံတည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(FDI) ကျဆင်းနေတယ်လို့ ကုလသမဂ္ဂကုန်သွယ်မှုနဲ့ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့်(UNCTAD)ရဲ့ အစီရင်ခံစာထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သတင်း

ဒေါ်​အောင်ဆန်းစုကြည်​ကျန်းမာ​ရေး​ကောင်မွန်ပြီး ၊အမအရင်းလို​စောင့်​ရှောက်မှုမျိုးရမည်ဟု အာဆီယံကို စစ်အုပ်စု​ပြော

Facebook