Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆေးရုံမှာသတိလစ်နေတယ်၊ သေသွားပြီဆိုတဲ့ ကောလာဟလတွေကြောင့် လူလုံးပြလာတဲ့ ကင်မ်ဂျုံအွန်း

ဦးနှောက်ထဲမှာ ပြင်းထန်တဲ့ သွေးယိုစီးမှုကြောင့် သတိလစ်ပြီး ဆေးရုံတက်နေရတယ်၊ ဒါမှမဟုတ် သေတောင် သေသွားလောက်ပြီဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့နေတဲ့နောက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ လူမြင်ကွင်းရှေ့ကို အလုံးလိုက် အထည်လိုက် ပြန်ထွက်ပေါ်လာပါတယ်။

အောက်တိုဘာ – ၂၀ ၊၂၀၂၆

ဦးနှောက်ထဲမှာ ပြင်းထန်တဲ့ သွေးယိုစီးမှုကြောင့် သတိလစ်ပြီး ဆေးရုံတက်နေရတယ်၊ ဒါမှမဟုတ် သေတောင် သေသွားလောက်ပြီဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့နေတဲ့နောက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ လူမြင်ကွင်းရှေ့ကို အလုံးလိုက် အထည်လိုက် ပြန်ထွက်ပေါ်လာပါတယ်။

ဗြိတိန်ရဲ့ The Sun သတင်းဌာန အပါအဝင် သတင်းဌာန တချို့က ကင်မ်ဟာ အခြေအနေ ဆိုးလို့ တရုတ်နိုင်ငံမှာ ဆေးရုံတက်နေရတာ ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့ပြီး တချို့ကတော့ ကင်မ်ဟာ ကွယ်လွန်သွားပြီး သတင်းမထုတ်ပြန်သေးတာလို့တောင် ခန့်မှန်းကြပါတယ်။

အောက်တိုဘာ ၂၀ မှာတော့ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ကင်မ်ဟာ ဇနီးဖြစ်သူ ရီဆိုလ်ဂျူ၊ သမီးဖြစ်သူ ကင်မ်ဂျူအေး၊ တခြား အစိုးရ အရာရှိတွေနဲ့အတူ လူအများကြားထဲမှာ ကျန်းကျန်းမာမာ လှုပ်ရှား သွားလာနေတဲ့ သတင်းဓာတ်ပုံတွေကို ဖော်ပြလာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

KCNAရဲ့ အဆိုအရ အဲဒီဓာတ်ပုံတွေဟာ အောက်တိုဘာ ၁၉ ရက်နေ့က ပြုံယမ်းမှာ ကျင်းပတဲ့ အမျိုးသား အဝတ်အထည်နဲ့ ဖိနပ်ပြပွဲကို ကင်မ်နဲ့ မိသားစုက သွားရောက်လေ့လာကြည့်ရှုချိန် ရိုက်ကူးထားတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကင်မ်ဟာ ဦးနှောက်ထဲမှာ သွေးယိုပြီး ကိုမာဝင် သတိလစ် မေ့မြောလို့ တရုတ်မှာ ဆေးရုံ သွားတက်နေရကြောင်း သတင်းတွေက လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့လာခဲ့တာပါ။ ဒါပေမဲ့ ယုံကြည် စိတ်ချရတဲ့ သတင်းဌာနကြီးတွေကတော့ အဲဒီသတင်းမျိုး မဖော်ပြခဲ့ပါဘူး။ မြောက်ကိုရီးယား အစိုးရကလည်း ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။ တချို့ လူမှုကွန်ရက် စာမျက်နှာတွေကတော့ ကင်မ်ဟာ သေဆုံးသွားပြီလို့တောင် ယူဆရကြောင်း ရေးသားခဲ့ကြပါတယ်။

အခုတော့ KCNAက သတင်းဓာတ်ပုံတွေ ထုတ်ပြန်ပြီး အဲဒီ ကောလာဟလတွေကို ပြန်လည် ချေဖျက်သွားခဲ့တဲ့ သဘောပါပဲ။ ကင်မ်ဟာ ပြပွဲအနှံ့ လှည့်လည်ကြည့်ရှုခဲ့ပြီး နိုင်ငံရဲ့ အဝတ်အထည်နဲ့ ဖိနပ်လုပ်ငန်း တိုးတက် ထွန်းကားလာမှုတွေကို ချီးကျူးသွားခဲ့ကြောင်း KCNAက ဆိုပါတယ်။

အဲဒီပြပွဲမှာတော့ အဝတ်အထည် အမျိုးမျိုး ၇၀,၀၀၀ ကျော်နဲ့ ဖိနပ်အရန်ပေါင်း ၁၇၀.၀၀၀ ကျော်ကို ခင်းကျင်းပြသခဲ့တယ်လို့ သိရပါတယ်။ ကင်မ်က ဦးဆောင် ညွှန်ကြားထားတဲ့ ဒေသဆိုင်ရာ စီးပွားရေး ဖွံ့ဖြိုးမှု စီမံကိန်းတွေအောက်ကနေ ချုပ်လုပ် ဖန်တီးထားတဲ့ ထုတ်ကုန်တွေကို အဲဒီပြပွဲမှာ ခင်းကျင်း ပြသခဲ့တာလို့လည်း KCNAက ဖော်ပြသွားပါတယ်။

ကိုးကား – First Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား အဓိပတိ ကင်မ်ဂျုံအွန်း ပိုင်ဆိုင်တယ်လို့ ယုံကြည်ရတဲ့ ဇိမ်ခံသင်္ဘော တစ်စီးရဲ့ ဓာတ်ပုံကို ဂြိုဟ်တုကနေ ထောက်လှမ်း တွေ့ရှိခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပြီးပြီဆိုတဲ့ သတင်းတွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဆီ ပေးပို့တဲ့ မွေးနေ့ ဆုမွန်ကောင်းတောင်း သဝဏ်လွှာမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းက သူ့ရဲ့ အစိုးရဟာ ရုရှားကို မယိမ်းမယိုင် ဆက်လက် အားပေး ထောက်ခံနေမယ်လို့ ကတိပြုခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။