Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မှ ဝန်းသို နဲ့ ထီးချိုင့်ထိုးတဲ့စစ် ကြောင်း​တွေ​ကို​တော်လှန်​ရေးတပ်​တွေတိုက်ခိုက်

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်ကနေ ဝန်းသိုမြို့နယ်ကို စစ်​ကြောင်းထိုးနေတဲ့စစ်တပ်ဟာ နမ့်ခမ်းရွာထဲမှာပဲ ရှိနေပြီး ဒီက​နေ့ညပိုင်းအထိ တိုက်ပွဲ​တွေဖြစ်နေတယ်လို့ တော်လှန် ရေးသတင်းအရင်းမြစ်တချို့က ပြောပါတယ်။

(အညာ​ဒေသမှ PDF တပ်ဖွဲ့ဝင်​တွေ။ဓါတ်ပုံ-အမှတ်(၁)စစ်​ဒေသ)

အောက်တိုဘာ-၁၇၊၂၀၂၆။ကတ်သရင်း/ People’s Spring

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်ကနေ ဝန်းသိုမြို့နယ်ကို စစ်​ကြောင်းထိုးနေတဲ့စစ်တပ်ဟာ နမ့်ခမ်းရွာထဲမှာပဲ ရှိနေပြီး ဒီက​နေ့ညပိုင်းအထိ တိုက်ပွဲ​တွေဖြစ်နေတယ်လို့ တော်လှန် ရေးသတင်းအရင်းမြစ်တချို့က ပြောပါတယ်။

အောက်တိုဘာလ ၆ရက်နေ့ကတည်းက အင်းတော်ကနေ အင်းအား ခန့်မှန်း ၂၀၀ မှ ၃၀၀ ကြားရှိစစ်​ကြောင်းနှစ်​ကြောင်းဟာ ထီးချိုင့်မြို့နယ်ဘက်ကိုစစ်ကြောင်းတစ်​ကြောင်း ၊ဝန်းသိုမြို့နယ်ဘက်ကို စစ်ကြောင်းတစ်​ကြောင်း ထွက်ခဲ့ပါတယ်။ စစ်တပ်စစ်​ကြောင်း​တွေထိုးတာ​ကြောင့်​ဒေသခံပြည်သူ​တွေဟာ​ဘေးလွတ်ရာထွက်​ပြေးတိမ်း​ရှောင်​နေကြရတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

ဝန်းသိုမြို့ကို ဦးတည်ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းဟာ မဲဇာ၊တပ်လွင်၊ ကျောက်တောရွာ၊ထန်တပင်တို့မှာတိုက်ပွဲတွေဖြစ်ခဲ့ပြီး လက်ရှိမှာ နမ့်ခမ်းရွာထဲရောက်နေတယ်လို့စုံစမ်းသိရပါတယ်။

Public Service Announcement

Public Service Announcement

“အခု နမ့်ခမ်းကနေတော့ဘယ်မှမထွက် သေးဘူး။နမ့်ခမ်းရွာထဲမှာလည်းထိတွေ့မှု ဖြစ်တယ်။ည ၉နာရီ ကျော်အထိ လက်နက်ကြီးသံကြား နေရတုန်းပဲ”လို့ ဒေသခံတဦးက ပြောပါတယ်။

ထီးချိုင့်မြို့ဘက်ကို ထွက်တဲ့စစ်ကြောင်းလည်း ဆက်တိုက် တိုက်ခိုက်ခံနေရပြီး ၊မအူကုန်းနဲ့ လယ်ပြင်အထိ စစ်ကြောင်း တွေရောက်လာပြီးမှ အထိနာတဲ့အတွက် ကာပိန်းအင်းရွာထဲကို ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

“လယ်ပြင်ကနေ ရှေ့ဆက်တိုးမရတော့သူတို့ နောက်ဆုတ်သွားတယ်။ပိန်းအင်းဘက်ကို အခုရောက် နေတယ်။တဖြည်းဖြည်းပိန်းအင်းကိုပြန်ဆုတ်တာပေါ့။လေယာဉ်ကလည်း ခဏခဏကို အကြီးအကျယ်ကြဲ နေတာပဲအခုက တော့”လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်တပ်က အင်းတော်ကနေတပ်မ (၃၃) လက်​အောက်ခံစစ်ကြောင်းတွေထွက်ကာ စစ်ကိုင်း- ကချင်ပြည်နယ်စပ်လမ်းတွေကို နယ်မြေစိုးမိုး ဖို့ကြိုးစား နေတာဖြစ်ပါတယ်။ ဒါ​ပေမယ့်တော်လှန် ရေးတပ်ဖွဲ့ တွေရဲ့ တိုက်ခိုက်မှုကို ဆက်တိုက် ခံနေရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေသခံတွေ ရေဘေးအပြင် စစ်ဘေးကြုံနေ၊ စစ်တပ် လက်နက်ကြီးနဲ့ပစ်လို့ ခရစ်ယာန်ဘုရားကျောင်းပျက်စီး

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကနေထွက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ဝန်းသိုမြို့နယ်ကို ရောက်ရှိနေပြီး ဝန်းသိုအခြေစိုက် စစ်တပ်ရင်း ၂ခုကလည်း စစ်ရေးပြင်ဆင်နေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အင်းတော်နဲ့ ဝန်းသိုမြို့နယ်ကြားမှာရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်နေပြီး တိုက်ပွဲဧရိယာနဲ့မဆိုင်တဲ့ နေရာတွေကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲလို့ အရပ်သားထိခိုက်မှုတွေ ဆက်ရှိနေတယ်လို့သတင်းရရှိပါတယ်။