Connect with us

Hi, what are you looking for?

သတင်း

အိုးဘိုထောင်အတွင်း ဖိနှိပ်ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေက အဆုံးသတ်တော်လှန်ရေး ဆင်နွှဲကြဖို့ တိုက်တွန်း

ထောင်တွင်းစစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်မှုတွေ တိုးလုပ်နေ

(မန္တလေးအိုးဘိုအကျဥ်းထောင်အား တွေ့ရစဥ်။ ဓာတ်ပုံံ - Lucie et Philippe)

အောက်တိုဘာ ၂၀၊ ၂၀၂၆။ ကတ်သရင်း / People’s Spring

မန္တလေး အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ဖိနှိပ်ခံနေရပြီး ပြည်သူတွေအနေနဲ့ ကူညီတောင်းဆိုပေးကြဖို့နဲ့ တော်လှန်ရေး ဦးဆောင်နေသူတွေအနေနဲ့ အပြီးသတ်တော်လှန်ရေးကို ဆက်သွားကြဖို့ အိုးဘိုထောင်အတွင်းက နိုင်ငံရေးအကျဉ်းသားတွေက တောင်းဆိုလိုက်ကြပါတယ်။

အိုးဘိုထောင်အတွင်းက နိုင်ငံရေးအကျဉ်းသားတွေက တော်လှန်ရေး ဦးဆောင်နေသူတွေအနေနဲ့ အပြီးသတ်တော်လှန်ရေးကို ဆက်သွားကြဖို့ တောင်းဆိုလိုက်တာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။

ဒါ့အပြင် ထောင်ပိုင်ကြီးနဲ့ ထောင်ဝန်ထမ်းတွေက ခေါင်းစဉ်အမျိုးမျိုးတပ် ငွေတောင်းမှုတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေ ခက်ခဲနေကြပြီး ထောင်ဝင်စာ ကန့်သတ်တာတွေလည်း ဆက်တိုက် လုပ်ခံနေရတယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အိုးဘိုအကျဉ်းထောင်မှာ အကျဉ်းသား ရှစ်ထောင်ခန့်သာ ဆန့်ပေမယ့် လက်ရှိမှာ အကျဉ်းသား ၂၀,၀၀၀ ခန့် ထားရှိကာ ထောင်က ပေးနေကျ ပုံစံဝတ်စုံကိုပါ မပေးတော့ဘူးလို့ စုံစမ်းသိရပါတယ်။

ဒါ့အပြင် ရေသန့်စက်၊ ရေနွေးစတီးအိုး၊ ရေတွင်းပြုပြင်ဖို့ ပန်ကန်အတွက် စတဲ့ ခေါင်းစဉ်အမျိုးမျိုးကို အလှူလို့ ခေါင်းစဉ်တပ်ကာ အကျဉ်းသားတွေထံက ငွေတောင်းခံနေတယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။

“ချိုးရေမလောက်တော့လည်း အကျဉ်းသားတွေက ကိုယ့်ပိုက်ဆံနဲ့ ကိုယ်တူးရတယ်။ လှူတယ်ပေါ့လေ။ တစ်တွင်းနဲ့ မလောက်ရင် နောက်အကျဉ်းသားတစ်ဦးက တစ်တွင်း ထပ်လှူရတယ်” လို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ထောင်ဝန်ထမ်းတွေကြောင့် စက်ပစ္စည်းပျက်ပါကလည်း အကျဉ်းသားတွေဆီ ခွဲတမ်းချ ပြန်လည်ပြုပြင်ခိုင်းတယ်လို့ ဆိုပါတယ်။

“မပြင်လို့လည်း မရဘူးလေ။ သောက်ရေသန့်ပျက်ရင်လည်း လူများတော့ ရေက မလောက်ဘူး။ အဲကျရင် ပိုက်ကလာတဲ့ အဝီစိတွင်းရေကို သောက်ရတာ။ ထောင်ဆေးခန်းအတွက် ဆေးကအစ အကျဉ်းသား မိသားစုတွေဆီက တောင်းရတာ” လို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတွေကို ယခုလို ဖိနှိပ်ငွေတောင်းနေပေမယ့် ထောင်ဝင်စာ ပို့တာကိုတော့ ပိုမို တင်းကြပ်ထားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

အရင်လို ပွဲစားနဲ့ လက်မခံတော့ဘဲ မိသားစုဝင် ကိုယ်တိုင် ထောင်ဝန်ထမ်းတွေကနေတဆင့် ပို့ရတာဖြစ်ပြီး တစ်နေ့လုံး တန်းစီပြီးခါမှ ၁၀ ဦးတစ်ဖြတ် ဝင်ခိုင်းပြီး အချိန်လွန်သွားပြီလို့ဆိုကာ ပြန်လွှတ်တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

“နေပူကြီးထဲ တစ်နေကုန် ရပ်စောင့်ရတာ။ သက်ကြီးရွယ်အိုတွေဆို မူးလဲကြတယ်။ အရင်ကထက်လည်း ငွေကုန်၊ အချိန်ကုန် ဖြစ်ကြတယ်” လို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ကန်စွန်းရွက်ကြော်၊ လိမ္မော်သီး၊ ပန်းသီးတွေကိုပါ ပို့ခွင့် ပိတ်ထားတယ်လို့ ဆိုပါတယ်။

“အိုးဘိုထောင်ပိုင် သိန်းဇော်မောင်ကို တင်ပြတော့ စားစရာမရှိရင် မစားနဲ့ဆိုပြီး ပြန်ပြောတယ်” လို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ စက်တင်ဘာနဲ့အောက်တိုဘာလအတွင်းမှာ အမေရိကန်၊ဩစတြေးလျ၊ တန်ဇန်နီးယား၊ချက် စတဲ့ နိုင်ငံတွေကို သွားရောက်ခဲ့ပြီး အဲဒီခရီးစဉ်အတွင်းမှာမြန်မာ့အရေးကို မမေ့လျော့ဘဲ ဆက်လက်အာရုံစိုက်ဖို့၊ မြန်မာပြည်သူတွေဘက် ရပ်တည်ပေးဖို့ တိုက်တွန်းခဲ့ကြောင်း ဝန်ကြီး ဒေါ်ဇင်မာအောင်က အသိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၂ အဆင့်နဲ့ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အတွေးအမြင်

“စာဥစစ်ဆင်ရေး”ဆိုတဲ့ဖြစ်ရပ်တစ်ခု မြန်မာ့အတိတ်သမိုင်းမှာ ရှိခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ အာဏာသိမ်းစစ်တပ်က ဆိုလာတပ်ထားတဲ့ နေအိမ်တွေကို လိုက်လံစာရင်းကောက်နေကြောင်း မြို့ခံတွေက ပြောပါတယ်။