အောက်တိုဘာ ၁၈၊၂၀၂၆။သုည/People’s Spring
စစ်ကိုင်းတိုင်း ကနီမြို့နယ် နှစ်နေရာမှာ သပိတ်ကော်မတီဝင်တွေနဲ့ ဒေသခံတော်လှန်ပြည်သူတွေ စုပေါင်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆိုင်းဘုတ်စိုက်ထူ ဆန္ဒထုတ်ဖော်ခြင်းကို ဒီကနေ့ (အောက်တိုဘာ ၁၈) ပြုလုပ်ခဲ့ပါတယ်။
တော်လှန်ပြည်သူတွေက “Our UN Ambassador U Kyaw Moe Tun, True Voice of Myanmar” ၊ “Our Ambassador, Our Voice ငါတို့ သံအမတ် ငါတို့အသံ” ဆိုတဲ့ ဆိုင်းဘုတ်တွေကို စိုက်ထူပြီး (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထောက်အထားဆိုင်ရာ ကော်မတီမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်နေရာရရေးအတွက် အားပေးထောက်ခံကြောင်းကို ဆိုင်းဘုတ်စိုက်ထူသက်သေပြခဲ့ပါတယ်။
ယင်းလှုပ်ရှားမှုကို ကနီမြို့နယ်သပိတ်ဦးဆောင်ကော်မတီ၊ မြို့နယ် ပအဖ နာယကအပါအဝင် မြို့နယ်လူသားစာနာတာဝန်ခံ၊ မြို့နယ် ICTတာဝန်ခံ၊ မြို့နယ် အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်တာဝန်ခံ တို့ ပူးပေါင်းပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိနေ စေရေးအတွက် လူထုထောက်ခံပွဲတွေကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။



















































