Connect with us

Hi, what are you looking for?

အကြံပြုချက်

“စုပေါင်းအားနဲ့ တိုက်ဖျက်ရမည့် တရားမဝင်စစ်မှုထမ်းဥပဒေ”

နိုင်ငံအနှံ့ စစ်ရေးအထိနာရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ တရားမဝင် စစ်မှုထမ်းဥပဒေအား အသက်သွင်းပြဌာန်းပြီး လူငယ်ထောင်သောင်းချီ အတင်းအဓမ္မစုဆောင်းနေသလို ယခုအခါ စစ်မှုထမ်းနည်းဥပဒေကို ထပ်မံထုတ်ပြန်ကာ ပြည်သူလူထုတရပ်လုံး၏ လူမှုဘဝကို အပြင်းထန်ဆုံး ခြိမ်းခြောက်လာပါတယ်။

ပြည်သူ့စစ်သားများ​ရေးသားသည်

နိုင်ငံအနှံ့ စစ်ရေးအထိနာရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ တရားမဝင် စစ်မှုထမ်းဥပဒေအား အသက်သွင်းပြဌာန်းပြီး လူငယ်ထောင်သောင်းချီ အတင်းအဓမ္မစုဆောင်းနေသလို ယခုအခါ စစ်မှုထမ်းနည်းဥပဒေကို ထပ်မံထုတ်ပြန်ကာ ပြည်သူလူထုတရပ်လုံး၏ လူမှုဘဝကို အပြင်းထန်ဆုံး ခြိမ်းခြောက်လာပါတယ်။

အလားတူ စစ်ကောင်စီတပ်ဟာ လစဉ် လူငယ် ၅၀၀၀ ဝန်းကျင်ကို နည်းလမ်းမျိုးစုံဖြင့် စုဆောင်းလျက်ရှိကာ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၉) အထိ ဖွင့်လှစ်ခေါ်ယူပြီး ဖြစ်ပါတယ်။ ထို့အပြင် အပတ်စဉ် (၇) အထိ စစ်သင်တန်းပြီးဆုံးတဲ့ လူငယ် ၃၀၀၀၀ ကျော်ကို ခြေလျင်တိုက်ခိုက်ရေးတပ် အသီးသီးသို့ ခွဲဝေအင်အားဖြည့်တင်းကာ ရှေ့တန်းစစ်မြေပြင်ဆီ ပို့ဆောင်စေလွှတ်နေပါတယ်။

အဆိုပါ အတင်းအဓမ္မစုဆောင်း၊ လအနည်းငယ် လက်ပူတိုက်လေ့ကျင့်ပေးထားတဲ့ စစ်မှုထမ်းလူငယ်များအား ရှေ့တန်းစစ်မြေပြင်မှာ လူသားဒိုင်းသဖွယ် အသုံးပြုနေတာကြောင့် ၂၀၂၄ နှောင်းပိုင်းကစ၍ နိုင်ငံအနှံ့တိုက်ပွဲများအတွင်း သေဆုံးကျဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင်များစုဟာ စစ်မှုထမ်းဆင်းတပ်သားများ ဖြစ်ကြပါတယ်။

Public Service Announcement

Public Service Announcement

ထိုသို့ လူငယ်တွေရဲ့ လူမှုဘဝကို ခြိမ်းခြောက်ဖျက်ဆီးကာ အတင်းအကြပ်အင်အားစုဆောင်းနေတဲ့ တရားမဝင်စစ်မှုထမ်းဥပဒေကို တုန့်ပြန်ကာကွယ်ရန် နှင့် ဘက်ပေါင်းစုံ ချိနဲ့ရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်ကို အမြန်ဆုံးအလဲထိုးနိုင်ရန် “ပြည်သူလူထုတရပ်လုံး နှင့် တော်လှန်ရေးအင်အားစုများ” သို့ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်မည့် အောက်ပါအကြံပြုချက်များအား ထုတ်ပြန်တိုက်တွန်းအပ်ပါတယ်။

●လူငယ်လူရွယ်များ

(၁) စစ်မှုထမ်း စာရင်းသွင်း၊ ဆင့်ခေါ်မှုကို ဆန့်ကျင်ပါ။

(၂) စစ်မှုထမ်းဥပဒေကို တတ်နိုင်သမျှ ရှောင်တိမ်းပါ။တော်လှန်ရေးတပ်ဖွဲ့များ နှင့် ကြိုတင်ဆက်သွယ်ပူးပေါင်းပါ။

(၃) မလွဲမရှောင်သာ စစ်မှုထမ်းအဖြစ် စာရင်းသွင်းခေါ်ဆောင်ခံရပါက သိရှိပြင်ဆင်သင့်သည်များကို ကြိုတင်လေ့လာပါ။

(၄) အရေးကြီးသော ဖုန်းနံပတ်များအား အလွတ်ကျက်မှတ်ထားပါ။

မိမိရောက်ရာနေရာတိုင်းကို မိဘဆွေမျိုးများထံ အခွင့်သင့်တိုင်း အသိပေးပါ။

(၅) စစ်သင်တန်းကျောင်း၊ တပ်စခန်းဌာနချုပ်များမှာ တွေ့ကြုံလာရနိုင်သည့် အခြေအနေများကို ကြိုတင်လေ့လာပါ။

(၆) မိမိနှင့် ခင်မင်ရင်းနှီးသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များရှိပါက ဆက်သွယ်၍ အကြံဉာဏ်ရယူထားပါ။

(၇) စစ်မြေပြင်သို့ စေလွှတ်ခံရ၊ ရောက်ရှိပါက တော်လှန်ရေးတပ်ဖွဲ့များထံ ယုံကြည်စွာ ဆက်သွယ်ချိတ်ဆက်၍ အလံဖြူထောင် ပူးပေါင်းပါ။

(၈) အခွင့်သာပါက လက်နက်ခဲယမ်း၊ အရေးကြီးစာရွက်စာတမ်းများ ယူဆောင်လာပါ (သို့မဟုတ်) ဖျက်ဆီးခဲ့ပါ။

(၉) စိတ်တူကိုယ်တူ ဘဝတူ ရဲဘော်များ စုစည်းမိပါက တပ်စခန်းအား စီးနင်းထိန်းချုပ်ပြီး တော်လှန်ရေးတပ်ဖွဲ့များ နှင့် ပူးပေါင်းပါ။

●ပြည်သူလူထု

(၁) စစ်မှုထမ်းဥပဒေ နှင့် ကြုံတွေ့ရလာနိုင်သည့် အခြေအနေများကို မျက်ခြေမပြတ်လေ့လာ သတင်းဖြန့်ဝေလက်ဆင့်ကမ်းပေးပါ။

(၂) မိမိသားသမီး အသိဆွေမျိုး လူငယ်လူရွယ်များ စစ်မှုထမ်းစုဆောင်းခံရပါက ကြိုတင်ပြင်ဆင် လုပ်ဆောင်သင့်သည်များကို ချိတ်ဆက်ဆောင်ရွက်ပေးပါ။

(၃) စစ်မှုထမ်းလူငယ်များ ရှောင်တိမ်းလွတ်မြောက်နိုင်ရန် သို့မဟုတ် တော်လှန်ရေးအင်အားစုများထံ ပူးပေါင်းနိုင်ရန်အတွက် ချိတ်ဆက်ကူညီဆောင်ရွက်ပေးပါ။

●တော်လှန်ရေးအင်အားစုများ

(၁) အဓမ္မစုဆောင်း၊ ဖမ်းဆီးပေါ်တာဆွဲခံရကြရတဲ့ စစ်မှုထမ်းလူငယ်တွေကို ကယ်တင်ပါ။

(၂) ရှေ့တန်းနယ်မြေရောက် စစ်မှုထမ်းတပ်သားများအား တော်လှန်ရေးအင်အားစုများထံ ပူးပေါင်းချိတ်ဆက်လာနိုင်ရေး အခွင့်အရေးဖော်ဆောင်ပေးပါ။

(၃) စစ်မှုထမ်းသင်တန်း အပြောင်းအရွှေ့များတွင် သတင်းလက်ဦးမှုရယူ၍ အဓမ္မစုဆောင်းခံရသောသူများအား ကယ်ထုတ်ရေးစစ်ဆင်‌ရေးများ ဖော်ဆောင်ပေးရန်။

(၄) သင်တန်းကျောင်းများ မလည်ပတ်နိုင်အောင် နှောက်ယှက်သောစစ်ဆင်ရေးများ ဖော်ဆောင်ခြင်း။

(၅) ရင်ဆိုင်တိုက်ပွဲများအတွင်း လက်နက်ချလိုသော တပ်သားသစ်များအတွက် ပြုလုပ်ရမည့်နည်းလမ်းများကို ကြိုတင်ဖြန့်ဝေထားခြင်း။

(၆) တိုက်ပွဲအတွင်း မလွဲမရှောင်သာ တွေ့ကြုံတိုက်ခိုက်ရပါက စစ်မှုထမ်းဆင်းများအား စာနာလက်ခံပေးပါ။

(၇) ပူးပေါင်းလာမယ့် စစ်မှုထမ်းလူငယ်များအတွက် လွတ်မြောက်ဒေသနေရာများ တတ်နိုင်သမျှ ကြိုပြင်ထားပေးရန်။

“စစ်မှုထမ်းဥပဒေကို စုပေါင်းအားနဲ့တိုက်ဖျက်စို့”။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် စစ်ကောင်စီ၏ အဓမ္မစုဆောင်းထားသော စစ်မှုထမ်းဥပဒေမှ တပ်သားသစ်ငါးဦး အလင်းဝင်လာကြောင်း သက်ဆိုင်ရာတပ်ဖွဲ့များက ယနေ့(မတ်လ ၄ ရက်) ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေဖြင့်အဓမ္မစုဆောင်းထားသည့် တပ်သားသစ်ငါးဦး အလင်းဝင်ခိုလှုံလာကြောင်း ကရင်နီပြည်နယ်နှင့် မကွေးတိုင်းရှိ သက်ဆိုင်ရာ တပ်ဖွဲ့များက ထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ကိုဆန့် ကျင်ကြောင်းနဲ့ စစ်မှုထမ်းဥပဒေကိုအလိုမရှိကြောင်း လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁၀) မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်စနစ်နဲ့ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်​ကြောင်းဒီကနေ့ (ဖေဖော်ဝါရီ ၂)ရက်​​နေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

Facebook