Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့လယ်ရှိ အိမ်ထောင်စု ၂ဝခန့်ကို ကျူးကျော်ဟုဆိုကာ စစ်တပ်က အင်အားအများအပြားသုံး၍ နှင်ထုတ်

စစ်ကောင်စီတပ်က အဆိုပါလမ်းပိုင်းအား နေ့လယ်ပိုင်းအထိ ပိတ်ထားဆဲဖြစ်ပြီး ပြည်သူများထိတ်လန့်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

(အာဏာသိမ်းကာလအစောပိုင်းက ​မန္တလေးမြို့ပေါ်တွင် ပြည်သူများအားဖမ်းဆီးရန်ရောက်ရှိလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ဓာတ်ပုံ-CJ)
(အာဏာသိမ်းကာလအစောပိုင်းက ​မန္တလေးမြို့ပေါ်တွင် ပြည်သူများအားဖမ်းဆီးရန်ရောက်ရှိလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ဓာတ်ပုံ-CJ)

အင်ကြင်း/People’s Spring

မန္တလေးမြို့လယ်နေ အိမ်ထောင်စု ၂ဝ ခန့်ကို ကျူးကျော်ဟုဆိုကာ စစ်ကောင်စီက အင်အားအများအပြားသုံး၍ နှင်ထုတ်ခဲ့ကြောင်း မြို့ခံများက ပြောသည်။

ယနေ့(နိုဝင်ဘာ ၁၉ ရက်) နံနက် ၁၀ နာရီခွဲခန့်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ ၈၅ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြားရှိ ဝင်းတစ်ခုအတွင်းသို့ စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် အချုပ်ကားပါယူဆောင်လာကာ လမ်းပိတ်ထားခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။

ထို့နောက် အဆိုပါလမ်းကြားရှိ ဝင်းတစ်ခုအတွင်းမှ အိမ်ထောင်စုပေါင်း ၂၀ ခန့်အား ကျူးကျော်နေထိုင်သည်ဟု စွပ်စွဲပြီး အင်အားအများအပြားဖြင့် လာရောက်ကာ နှင်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

“အရင်တုန်းကတော့ ဓမ္မာရုံမြေ။ အခုကျတော့ အစိုးရပိုင်၊ ပြည်သူပိုင်ဆိုပြီးတော့ သိမ်းပြီးတော့ ဘူဒိုဇာနဲ့ထိုးတာ။ အဲမြေမှာနေတာက မိသားစု နှစ်ဆယ်လောက်တော့ရှိတယ်။ အဲမှာ ကွန်ဒိုဆောက်မယ်ကြားတယ်။”ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဖယ်ရှားခံရသည့် နေအိမ်ခြေအရေအတွက်ကိုမူ မသိရသေးပေ။

စစ်ကောင်စီတပ်က အဆိုပါလမ်းပိုင်းအား နေ့လယ်ပိုင်းအထိ ပိတ်ထားဆဲဖြစ်ပြီး ပြည်သူများထိတ်လန့်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ယမန်နှစ်အတွင်းကလည်း ပုသိမ်ကြီးနှင့်ပြည်ကြီးတံခွန်မြို့နယ်တို့ရှိ နေအိမ်အများအပြားအား အင်အားသုံး၍ ဖယ်ရှားခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ ဧည့်စာရင်းသွားတိုင်တဲ့ လူငယ် ၁ဦးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးလိုက်ကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

ထောင်တွင်းဖိနှိပ်မှုတွေရှိပေမယ့် မန္တလေးအိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသားတွေစုပေါင်းပြီး ‌လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေပြုလုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ နယ်ကျော်လှည့်လည်လာတဲ့ ပုသိမ်ကြီးပြည်သူ့စစ်အဖွဲ့က ပျူစောထီး ၃ ဦးကို နယ်မြေခံ ပသစနဲ့ စစ်တပ်က ပြန်လည်ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။