Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့တွင် ​ပေါက်ကွဲသံအချို့ထွက်​ပေါ်၊ စစ်​ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်​ရေးမှူး​သေနတ်ဖြင့်ပစ်ခံရ

မြန်မာ-ထိုင်းနယ်စပ်မြဝတီမြို့တွင်ယ​နေ့ည၌ပေါက်ကွဲသံအချို့ကြားရကြောင်း ဒေသခံများက ပြောသည်။

မြဝတီမြို့ နှင့်အနီးဝန်းကျင်ကို Google Earth တွင်​တွေ့ရပုံ

ဇွန်-၄၊၂၀၂၅။ရဲခေါင်/People’s Spring

မြန်မာ-ထိုင်းနယ်စပ်မြဝတီမြို့တွင်ယ​နေ့ည၌ပေါက်ကွဲသံအချို့ကြားရကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဇွန်လ ၄ ရက်) ည ၉ နာရီခွဲခန့်ကစ၍ သုံးကြိမ်ထက်မနည်း ပေါက်ကွဲသံများကြားရခြင်းဟု ​ဒေသခံတဦးက​ပြောသည်။

“၉ နာရီခွဲလောက်က သုံးချက်လောက်ကြားရတာ။မဲကနယ်တိုးချဲ့ကွက်သစ်ထဲကျတယ်လို့ လော လောဆယ်သိရတယ်”ဟု မြဝတီမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

မြဝတီမြို့မှစစ်​ရေးသတင်းရင်းမြစ်တဦးက မြဝတီမြို့ရှိစစ်​ကောင်စီ၏ ခလရ ၂၇၅ တပ်ရင်း ကပစ်ခတ်ခဲ့ခြင်းဟု လူမှုကွန်ယက်တွင်အသိပေး​ရေးသားထားသည်။မြဝတီမြို့ တွင် စစ်တပ်၏ ခလရ (၂၇၅)တပ်ရင်းသာကျန်ရှိ​တော့ပြီး မြဝတီမြို့​တောင်ဘက်ရှိ နယ်စပ်မှစစ်တပ်စခန်းများကို​တော်လှန်​ရေးတပ်များကဆက်တိုက်သိမ်းပိုက်​နေရာထိုင်းဘက်ထွက်​ပြေး​သောစစ်သားများမှာ ခလရ (၂၇၅)သို့​ရောက်​နေကြသည်​။ထိုင်းစစ်တပ်က မြဝတီမြို့မှတဆင့်ပြန်လွှဲရာ ခလရ (၂၇၅)တွင်စုမိ​နေပြီး ယခင်အင်အားဖြင့်ဆိုရင် အင်အားရာချီရှိ​နေ​ကြောင်း သိရသည်။

“မြစန္ဒီရွာဘက်ကို ၁၂၀ မမနဲ့ ပစ်တာ။အနှေးနဲ့အမြန် ပြန်ဖြစ်ကြတော့မယ်ထင်တယ်”ဟု ၎င်းက ပြောသည်။

အခြား မြဝတီမြို့ခံနှစ်ဦးကလည်း ပေါက်ကွဲသံအချို့ကြားရသည်ဟု​ပြောသည်။

“လကုန်ရက်ကတော့ လက်နက်ကြီးနဲ့ ပစ်ကြတာ မှန်တယ်။အခုည ဖြစ်စဥ်ကတော့ မသိရသေးဘူး။ဘယ်နားမှာ ဖြစ်တာ မနက်မှ အ​သေးစိတ်ကြားရမယ်ထင်တယ်”ဟု မြဝတီ မြို့ခံတစ်ဦးက ပြောသည်။

မေလ၃၁ရက်ညပိုင်းကလည်း ခလရ (၂၇၅)တပ်ရင်းကို တော်လှန်ရေးတပ်များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောထားသည်။

ထို့အပြင် ဇွန်လ ၄ ရက်နေ့လယ်ပိုင်းတွင် မြဝတီမြို့၏ စစ်ကောင်စီခန့် (၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးလှဝင်း ​သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားပြီဟု​ဒေသတွင်းသတင်းဌာနအချို့က​ပြောသည်။သို့​သော် မည်သူ ၊မည်သည့်အဖွဲ့အစည်းက​ပစ်ခတ်သည်ကိုမူမသိရ​သေး​ပေ။

KNU ဦိးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များက၂၀၂၄ ဧပြီလဆန်းပိုင်းင မြဝတီမြို့နယ် သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီ၏ ခမရ(၃၅၅)၊ ခမရ(၃၅၆)၊ ခမရ (၃၅၇) အပါအဝင် သင်္ဃန်းညီနောင်ဗျူဟာကို တိုက် ခိုက်သိမ်းပိုက်ခဲ့သည်။မြဝတီမြို့အဝင်ရှိိ ခလရ(၂၇၅)ကိုပါ ခတ္တသိမ်းပိုက်ခဲ့သည်။

သို့သော် စစ်ကောင်စီ၏ထောင်ချောက်အတွင်းမကျရန် မြဝတီမြို့မှ ယာယီဆုတ်ခွာခဲ့ကြောင်း ယမန်နှစ်ဧပြီလနောက်ဆုံးပတ်တွင်KNU ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတာနီးက ရှင်းလင်းထားသည်။ ကရင်နယ် ခြားစောင့်တပ် BGF အကူအညီဖြင့် ခလရ ၂၇၅ ၌ စစ်ကောင်စီက ပြန်လည်တပ်စွဲ နိုင်ခဲ့သည်။

မြဝတီမြို့​တောင်ဘက်ပိုင်းရှိ မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်မှဘလယ်ဒို၊ ကနဲလေး၊ ရွှေအေးမြိုင် ၊ ဘုရင့်နောင်၊ မော်ခီးနှင့် သေ့ဘောဘိုးစသော စစ်ကောင်စီစခန်းများကို KNLA ဦး​ဆောင်​သောပူး​ပေါင်းတပ်များကဆက်တိုက်သိမ်းပိုက်လျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ရပ်ကွက်အုပ်ကြီးရွေးပွဲမှာ ဇနီးဖြစ်သူ ရှုံးနိမ့်ခဲ့လို့ ဖမ်းဆီးတာလို့ ဆို

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့အဝင်တောင်လေးလုံးရွာမှာမနေ့ (ဇူလိုင်လ ၂၀ ရက်)ညနက်ပိုင်းကပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အာဏာ သိမ်းစစ်တပ်ကမြို့အဝင်အထွက်နဲ့ ညောင်ရွှေမြို့မှာပါအစစ်အဆေးကြမ်းနေတယ်လို့ ဒေသခံအချို့ရဲ့ပြောကြားချက်အရ သိရပါတယ်။