Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘိုလီးဗီးယားက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပြီး ၁၀ ဦးထက်မနည်းသေဆုံး

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

လာပက်ဇ်မြို့တော်နဲ့ ကီလိုမီတာ ၃၀ လောက်အကွာ ဗီယာချာ ဒေသမှာရှိတဲ့ စစ်တန်းလျားမှာ စက်တင်ဘာ ၄ ရက် မွန်းလွဲပိုင်းက အပြင်းအထန် ပေါက်ကွဲခဲ့တာပါ။ ပေါက်ကွဲမှု အကြောင်းရင်းကို တိတိကျကျ မသိရသေးပေမယ့် ခဲယမ်းသိုလှောင်တဲ့ နေရာတစ်ခုမှာ ဖြစ်ပွားခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီး အာနက်စ်တို ဂျူစတင်နီယာနိုက ၁၀ ဦးသေ၊ ၆၂ ဦး ဒဏ်ရာရပြီး ၇ ဦး ပျောက်ဆုံးနေကြောင်း၊ သေဆုံးစာရင်းက ထပ်တိုးလာနိုင်ခြေရှိကြောင်း သတင်းထောက်တွေကို မှတ်ချက်ပေးခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ တစ်ကိုယ်လုံးနီးပါး အပြင်းအထန် မီးလောင်ခံခဲ့ရတဲ့ မိန်းကလေး တစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။

ပေါက်ကွဲမှုဒဏ်ကြောင့် စစ်တန်းလျား အနီးတဝိုက်က နေအိမ်တွေ အများအပြားမှာပါ မှန်တွေ ကွဲထွက်ကုန်တာ အပါအဝင် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ပေါက်ကွဲမှုအပြီး စစ်တန်းလျား တဝိုက်မှာ လူနာတင်ယာဉ်တွေ၊ မီးသတ်ကားတွေ၊ ရဲကားတွေ အများအပြား ရောက်ရှိလာခဲ့ကြောင်းလည်း မျက်မြင်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မီးသတ်တပ်ဖွဲ့က အခင်းဖြစ်ရာ နေရာမှာ ဆင့်ကဲပေါက်ကွဲနိုင်တဲ့ ခဲယမ်းတွေ ရှိနေနိုင်တာကြောင့် အနီးတဝိုက် ဧရိယာတွေကို ရွှေ့ပြောင်းထားစေသလို စစ်တန်းလျားနဲ့ အနည်းဆုံး ၁၅၀ မီတာလောက် ခွာနေကြဖို့လည်း ဒေသခံတွေကို ညွှန်ကြားထားပါတယ်။

ကိုးကား: CBS

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့စက်တင်ဘာ ၂ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့အဝင်တောင်လေးလုံးရွာမှာမနေ့ (ဇူလိုင်လ ၂၀ ရက်)ညနက်ပိုင်းကပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အာဏာ သိမ်းစစ်တပ်ကမြို့အဝင်အထွက်နဲ့ ညောင်ရွှေမြို့မှာပါအစစ်အဆေးကြမ်းနေတယ်လို့ ဒေသခံအချို့ရဲ့ပြောကြားချက်အရ သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပြည်လည်ထူထောင်ရေး ကူညီပံ့ပိုးပေးနိုင်ဖို့ တအာင်းပြည်ကောင်စီ(TLC)ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း TLCက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား လေကြောင်း သိပ္ပံ နည်းပညာဆိုင်ရာ စက်ရုံတစ်ခုမှာ ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲ မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။