Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် ခွန်ဆာကုန်းတွင်ပြင်းထန်သည့်​ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပြီးအဆောက်အအုံအချို့မီးလောင်

ဖားကန့်မြို့နယ်၊ခွန်ဆာကုန်းတွင်ယနေ့ည ၉နာရီ၁၀ မိနစ်တွင် ပြင်းထန်သည့် ​ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီ အဆောက်အအုံအချို့မီးလောင်နေကာ ​ဒေသခံပြည်သူအချို့ ပိတ်မိနေသည်။

ရုပ်သံ-Padang Shingni ၊ ​နောင်ရိုး

■​စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း​ဒေသခံများပြော

ဇွန်-၆၊၂၀၂၅။ယောနသံ၊ထားမြတ်/People’s Spring

ဖားကန့်မြို့နယ်၊ခွန်ဆာကုန်းတွင်ယနေ့ည ၉ နာရီ၁၀ မိနစ်တွင် ပြင်းထန်သည့် ​ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီ အဆောက်အအုံအချို့မီးလောင်နေကာ ​ဒေသခံပြည်သူအချို့ ပိတ်မိနေသည်။

​ဒေသခံများက အဆိုပါ ​ပေါက်ကွဲမှုမှာ စစ်​ကောင်စီတပ်က ​တပ်မကုန်းဘက်မှ ပေါက်ကွဲအားပြင်းထန်သည့် လက်နက်ကြီးနှစ်လုံး ပစ်ခတ်ခဲ့သောကြောင့်ဖြစ်​ကြောင်း​ပြောသည်။

Public Service Announcement

Public Service Announcement

ရုပ်သံ-Padang Shingni ၊ ​နောင်ရိုး

ခွန်ဆာကုန်းရှိ ဘုန်းကြီးကျောင်းအနီးပေါက်ကွဲပြီး နေအိမ်အချို့မီးစွဲလောင်နေ၍ ဒေသခံများက ဝိုင်းငြှိမ်းသတ်နေကြသည်။

“အနုမြူဗုံးလိုပါပဲဗျာ။ရက်စက်တယ်။ လူတွေလည်း ပိတ်မိနေတယ်” ဟုဒေသခံတစ်ဦးကစစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းဟု အထက်ပါအတိုင်းပြောသည်။

ပေါက်ကွဲမှု ကြီးမားပြီး မီးတောက်များ မီးခိုးလုံးများ အဝေးမှ မြင်နေရသည့် မှတ်တမ်းဓာတ်ပုံအချို့နှင့် မီး​စွဲ​လောင်​နေသည့် ရုပ်သံအချို့လည်း ထွက်ပေါ်လာသည်။

မီးလောင်နေသည့် ရုပ်သံကိုလည်း ဖော်ပြထားရာ “မီးငြှိမ်းမှ ရမှာ။ ဒါ ဘုန်းကြီးကျောင်းနားမှာ။ဟေ့ရောင် ဆီတွေ သိပ်မကပ်နဲ့ “ ဟု ရုပ်သံ၌ ပြောကြားနေသံကို ကြားရသည်။

ပေါက်ကွဲမှု ဖြစ်စဉ်ကိုလည်း မှော်စီစာ၊ မဇွပ်ယာန်၊ ဆန်ခါ၊ မှော်ဘုံ၊ လုံးခြင်း၊ ဖားကန့်၊ ဆိုင်းတောင် တကြောမှ ပြည်သူများ ကြားမြင်ရပြီး ထိတ်လန့်ခဲ့ကြရသည်ဟု သတင်းရင်းမြစ်က အသိပေးထားသည်။

ကာမိုင်း – လုံးခင်း – ဖားကန့်လမ်းအတိုင်း ဧပြီလ ၂၃ရက်က ဝင်လာသည့်စစ်ကောင်စီစစ်ကြောင်းသည် ‌မေလ ၂၇ရက်၌ လုံးခင်းယမ်းချက်စက်ရုံသို့ ရောက်ရှိလာပြီးနောက်မေလ ၂၈ ရက်မှစ၍ လုံးခင်းပတ်ဝန်းကျင်တွင် စစ်ကြောင်းထိုးခဲ့သည်။

မေလ၂၉ရက်နေ့လယ်ပိုင်းတွင် ဖားကန့်သို့ထွက်ခွာလာပြီး ထိုနေ့ညနေပိုင်းတွင် ဖားကန့်စုပေါင်းရုံး၊ မြို့ဦးစေတီ၊အထက၊ မရှီကထောင်တရုတ်ဘုံ

ကျောင်း၊သီတဂူမျက်စိကုဆေးရုံ၊ပန်းတင်တံတား၊ဗျူဟာကုန်းတို့တွင် နေရာယူပြီး‌နောက် ဖားကန့်ကျောက်စိမ်းမှော်ဝန်းကျင်တွင် စစ်ကြောင်းထိုးရန်ကြိုးစားနေသည်။ KIA တပ်စွဲထားသည့်နေရာများကိုလည်း ဖယ်ရှားရန် ဖိအားပေးနေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှသိရသည်။

ဇွန်လ ၃ရက်က ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာရှိတင်အောင်ကြိုင်လုပ်ကွက်အမည်ရ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ကို စစ်တပ်က ကလက်နက်ကြီးဖြင့်ပစ်ခတ်ရာ ပြင်းထန်သည့်ပေါက်ကွဲမှုဖြစ်ပြီးလူသုံးဦးသေဆုံး၊ဆယ်ဦးဒဏ်ရာအပြင်းအထန်ရခဲ့သည်။ထိုနေ့ နံနက်ကလည်း မှော်စီဆာလုပ်ကွက်ရှိ ကျောက်စိမ်းကုမ္ပဏီပိုင်တစ်ခုပိုင် မြေသယ်ကား ၂ စီး၊ဘက်ဟိုးကား၁စီးကိုမီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံများကပြောသည်။

ဇွန်လ ၄ရက်ကလည်းမှော်စီစာကျေးရွာရှိကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တစ်ခုကို မီးရှို့ခဲ့သည်။ ညနေပိုင်းတွင် စစ်ကောင်စီသည် ဖားကန့်ဗျူဟာကုန်းကို ရဟတ်ယာဉ်ဖြင့် အင်အားဖြည့်တင်းရန်ကြိုးစားခဲ့ပြီး အဆိုပါ ရဟတ်ယာဉ်ကို KIA က ပစ်ခတ်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

ရဟတ်ယဉ်ပေါ်မှ စစ်ကောင်စီက ပစ်ခတ်စဉ် ဗျူဟာကုန်းနှင့်ကပ်လျက်ရှိသော မှော်ဝမ်းရပ်ကွက်မှ ဒေသခံနှစ်ဦး ဒဏ်ရာရခဲ့သည်။ဇွန်လ၅ရက်နှင့် ဇွန် ၆ ရက်နံနက်ပိုင်းကလည်း ကျောက်စိမ်းလုပ်ကွက်နှစ်ခုကို စစ်ကောင်စီတပ်က မီးရှိုးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

မိုးတွင်းကာလ ရေဘေးဆက်တိုက်ရင်ဆိုင်နေရတဲ့ ဖားကန့်မှာ ဇူလိုင်လ ၁၉ရက်ကစတဲ့ ရေ ဘေးကြောင့် လမ်းနဲ့အိမ် ပျက်စီးမှုတွေများပြားခဲ့ပြီး ဒေသခံတွေအခက်အခဲကြုံတွေ့နေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကျောက်စိမ်းမြို့တော်ဖားကန့်မှာပြီးခဲ့တဲ့ ရက်ပိုင်းက ရေဘေးသင့်ခဲ့ပြီး လတ်တလောမှာရေကျသွားပေမယ့်မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ သွားရေးလာရေးနဲ့ စားဝတ်နေရေးအခက်အခဲကြုံနေရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။