Connect with us

Hi, what are you looking for?

သတင်း

စစ်ခေါင်းဆောင် ရန်ကုန်ရောက်နေချိန် မင်္ဂလာဒုံလေတပ်သင်တန်းကျောင်းကို မြို့ပြအဖွဲ့များ တိုက်ခိုက်

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီ၏ လေကြောင်းအတတ်သင် သင်တန်းကျောင်းကို အဝေးထိန်းမိုင်းအား လက်ပစ်ဗုံးကပ်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Armyအဖွဲ့တာဝန်ရှိသူက ပြောသည်။

ဇူလိုင်-၁၉၊၂၀၂၅။သတိုး/People’s Spring

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီ၏ လေကြောင်းအတတ်သင် သင်တန်းကျောင်းကို အဝေးထိန်းမိုင်းအား လက်ပစ်ဗုံးကပ်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Armyအဖွဲ့တာဝန်ရှိသူက ပြောသည်။

“မအလ ရောက်နေတဲ့အချိန်လဲဖြစ်နေတော့ခက် ခက်ခဲခဲလုပ်ခဲ့ရတယ်။ညကအဲ့ဘက်က စခတွေအလုပ်ရှုပ်ကုန်ကြတယ်၊လမ်းတွေပိတ်စစ်တာတွေချက်ချင်းလုပ်ကြတယ်၊အသံကလဲတော်တော်အောင်တယ်၊မိုင်းမှာလက်ပစ်ဗုံးပါကပ်ပြီးဆော်တာပါ။”ဟု ၎င်းက ပြောသည်။

အဆိုပါစစ်ဆင်ရေးကို ဇူလိုင် ၁၈ ရက် ည ‌၇နာရီခန့်တွင် Yangon Army နှင့် အနောက်ပိုင်းခရိုင် ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးလုပ်ဆောင်သည့် အဖွဲ့သားအားလုံးဘေးကင်းသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ထိခိုက်မှုကတော့အတိအကျမသိရဘူး။ကျနော်တို့ ဆော်တဲ့အချိန်တစ်ကောင်တော့လဲကျသွားတာမြင်ခဲ့တယ်”ဟု စစ်ကောင်စီဘက်မှထိခိုက်မှုနှင့်ပတ်သက်၍ အထက်ပါတာဝန်ရှိသူက ပြောသည်။

အဆိုပါတိုက်ခိုက်မှုအကြောင်းကို အနောက်ပိုင်းခရိုင် ပကဖ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ အသိပေးထားပြီး စစ်ကောင်စီနှင့် ပတ်သက်သောပစ်မှတ်များကို ဆက်လက်တိုက်ခိုက်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့ ဇူလိုင် ၁၉ ရက်တွင် ကျရောက်သည့် အာဇာနည်နေ့ အခမ်းအနားတက်ရောက်ရန် ရန်ကုန်မြို့သို့ ရောက်ရှိနေခြင်းဖြစ်သည်။

Yangon Army နှင့် အနောက်ပိုင်းခရိုင်ပကဖ တို့သည် ဇူလိုင် ၁၁ ရက်ကလည်း စစ်ကောင်စီ၏ ဝရားမဝင်ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဆောင်ရွက်နေသည့် မြောက်ဥက္ကလာပမြို့နယ် ကပြည်ခိုင်ဖြိုးပါတီရုံးကို အဝေးပစ် လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

အဟာရပြည့်​အောင်​ကြွေးရမယ့်ညွန်ကြားပြီးဘက်ဂျက်​မ​ပေးလို့ အသားကျွေးဖို့ ကျောင်းသားမိဘတွေဆီကပိုက်ဆံကောက်

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။

အတွေးအမြင်

ဝမ်းသာစရာ သတင်းကောင်းပါ။ မြန်မာနိုင်ငံမှာ အနည်းဆုံးတော့ အရာအားလုံး မပြိုလဲသေးပါဘူး။ တည်ငြိမ်ခိုင်မြဲတာ တစ်ခုတော့ရှိနေပါပြီ။

သတင်း

ရန်ကုန်မြို့မှာဒီကနေ့ (ဇူလိုင် ၂၉) နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့မှာအိမ်တွေထဲထိ ရေကြီး၊ ရေဝင်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။