Connect with us

Hi, what are you looking for?

သတင်း

ဝိုင်း‌မော်တ်ိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးအင်အားသုံး‌တိုက်ခိုက်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် ယနေ့ နံနက်ပိုင်းက တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးများ အင်အားသုံးပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

Screenshot

စက်တင်ဘာ-၉၊ ၂၀၂၅။ လူအေး/People’s Spring

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် ယနေ့ နံနက်ပိုင်းက တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးများ အင်အားသုံးပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

“ရှေ့ရက်က ငြိမ်နေတာကနေ ဒီမနက် အသားကုန်ချနေကြတယ်။ လူတွေ လမ်းပေါ်မထွက်ရဲကြတော့ဘူး။ လေကြောင်းက အရမ်းကို ပစ်နေတာဟုတ်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

KIA ထိန်းချုပ်ထားသည့် လမြန်ရွာကို စစ်ကောင်စီတပ်က ဩဂုတ်၂၇ရက်မှစတင် ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ခဲ့သည်။ KIA၊ KPDF ပူးပေါင်းတပ်က ခုခံတိုက်ခိုက်ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး ဒီလဆန်ပိုင်း တိုက်ပွဲတွင် စစ်ကောင်စီ ထိခိုက်သေဆုံးမှုများပြားခဲ့ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောသည်။ မြေပြင်စစ်ကြောင်းအချို့ ပြန်ဆုတ်ခွာသွားပြီး စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးအသုံးပြု၍ တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

လမြန်ရွာအနီးရှိ နမ့်ဝါရွာကို ဩဂုတ် ၃၁ရက်ညနေက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့၍ စစ်ဘေးရှောင်မိသားစုဝင်ငါးဦး ဒဏ်ရာရခဲ့ပြီး အသက် ၇နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်။

တိုက်ပွဲသည် စက်တင်ဘာ ၅ရက်မှစ၍ ငြိမ်သက်နေခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ပြန်လည်ဖြစ်ပွားခြင်းဟုသိရသည်။ ယနေ့ နံနက်ပိုင်းတွင် လေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲသလို လမြန်ရွာ၊ နမ့်ဝါရွာပတ်ဝန်းကျင်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု သတင်းရရှိသည်။ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ထိခိုက်မှုရှိ၊ မရှိကို မသိရသေးပေ။

လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ်ကြောင့် မြို့နယ်အတွင်းမှ စာသင်ကျောင်းအချို့ အရေးပေါ်ပိတ်လိုက်ကြောင်းသိရသည်။

စစ်ကောင်စီနှင့် KIA၊ KPDF ပူးပေါင်းတပ်သည် ဖားကန့်မြို့နယ်တွင်လည်း တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး ဒေသခံပြည်သူများအနေဖြင့် လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ် အထူးဂရုစိုက်ကြရန် KIA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူက သတိပေးထားသည်။

စစ်ကောင်စီသည် ပြည်သူလူထုကို ပစ်မှတ်ထား၍ လက်နက်ကြီးများအသုံးပြုပြီး ရမ်းသမ်းပစ်ခတ်မှုများ ပိုမိုလုပ်ဆောင်နေသည်ဟု Kachin Human Rights Watch-KHRW က ထုတ်ပြန်ထားသည်။

https://www.facebook.com/LuduNwayOo/videos/1506861780341905

ရုပ်သံ – ဒေသခံ

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook