Connect with us

Hi, what are you looking for?

သတင်း

ဝိုင်း‌မော်တ်ိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးအင်အားသုံး‌တိုက်ခိုက်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် ယနေ့ နံနက်ပိုင်းက တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးများ အင်အားသုံးပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

Screenshot

စက်တင်ဘာ-၉၊ ၂၀၂၅။ လူအေး/People’s Spring

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် ယနေ့ နံနက်ပိုင်းက တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးများ အင်အားသုံးပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

“ရှေ့ရက်က ငြိမ်နေတာကနေ ဒီမနက် အသားကုန်ချနေကြတယ်။ လူတွေ လမ်းပေါ်မထွက်ရဲကြတော့ဘူး။ လေကြောင်းက အရမ်းကို ပစ်နေတာဟုတ်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

KIA ထိန်းချုပ်ထားသည့် လမြန်ရွာကို စစ်ကောင်စီတပ်က ဩဂုတ်၂၇ရက်မှစတင် ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ခဲ့သည်။ KIA၊ KPDF ပူးပေါင်းတပ်က ခုခံတိုက်ခိုက်ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး ဒီလဆန်ပိုင်း တိုက်ပွဲတွင် စစ်ကောင်စီ ထိခိုက်သေဆုံးမှုများပြားခဲ့ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောသည်။ မြေပြင်စစ်ကြောင်းအချို့ ပြန်ဆုတ်ခွာသွားပြီး စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးအသုံးပြု၍ တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

လမြန်ရွာအနီးရှိ နမ့်ဝါရွာကို ဩဂုတ် ၃၁ရက်ညနေက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့၍ စစ်ဘေးရှောင်မိသားစုဝင်ငါးဦး ဒဏ်ရာရခဲ့ပြီး အသက် ၇နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်။

တိုက်ပွဲသည် စက်တင်ဘာ ၅ရက်မှစ၍ ငြိမ်သက်နေခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ပြန်လည်ဖြစ်ပွားခြင်းဟုသိရသည်။ ယနေ့ နံနက်ပိုင်းတွင် လေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲသလို လမြန်ရွာ၊ နမ့်ဝါရွာပတ်ဝန်းကျင်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု သတင်းရရှိသည်။ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ထိခိုက်မှုရှိ၊ မရှိကို မသိရသေးပေ။

လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ်ကြောင့် မြို့နယ်အတွင်းမှ စာသင်ကျောင်းအချို့ အရေးပေါ်ပိတ်လိုက်ကြောင်းသိရသည်။

စစ်ကောင်စီနှင့် KIA၊ KPDF ပူးပေါင်းတပ်သည် ဖားကန့်မြို့နယ်တွင်လည်း တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး ဒေသခံပြည်သူများအနေဖြင့် လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ် အထူးဂရုစိုက်ကြရန် KIA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူက သတိပေးထားသည်။

စစ်ကောင်စီသည် ပြည်သူလူထုကို ပစ်မှတ်ထား၍ လက်နက်ကြီးများအသုံးပြုပြီး ရမ်းသမ်းပစ်ခတ်မှုများ ပိုမိုလုပ်ဆောင်နေသည်ဟု Kachin Human Rights Watch-KHRW က ထုတ်ပြန်ထားသည်။

https://www.facebook.com/LuduNwayOo/videos/1506861780341905

ရုပ်သံ – ဒေသခံ

ဆက်စပ်သတင်းများ

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

စစ်ကြောင်းမှူးဒဏ်ရာရပြီး စစ်တပ်စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွား

သတင်း

မွန်ပြည်နယ်၊ သထုံမြို့နယ် ချောင်းစောင့်ကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၉)နှစ်အရွယ် ကလေးငယ် ၁ဦး ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့ရဟု ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဗန်းမော်မြို့အနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက စစ်ရေးအရှိန်မြှင့်ထားစဉ် မိုးမိတ်မြို့အနီးမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။