Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမှာ စစ်တပ်က မီးရှို့လို့ ကျပ်သိန်းထောင်ချီတန်တဲ့ ဆန်စက်၂လုံးအပါအဝင် အဆောက်အအုံတွေ မီးလောင်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့မှာ စစ်တပ်က မီးရှို့လို့ ကျပ်သိန်းထောင်ချီတန်တဲ့ ဆန်စက်ကြီး ၂လုံးအပါအဝင် အဆောက်အအုံ ၉လုံးမီးလောင်ပြာကျခဲ့ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

(စစ်တပ်မီးရှို့၍ ပြာကျခဲ့သော ဆန်စက်၊ လူနေအိမ်နှင့် စျေးဆိုင်ခန်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးပအဖ)

ဖေဖော်ဝါရီ-၂၆၊၂၀၂၆။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့မှာ စစ်တပ်က မီးရှို့လို့ ကျပ်သိန်းထောင်ချီတန်တဲ့ ဆန်စက်ကြီး ၂လုံးအပါအဝင် အဆောက်အအုံ ၉လုံးမီးလောင်ပြာကျခဲ့ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၄ရက် ညနေ ၆နာရီခန့်က ခင်ဦးမြို့ပေါ်က အင်အား ၄၀ခန့်ပါတဲ့ စစ်ကောင်စီတပ်ဟာမြို့အထွက် ခင်ဦး-ရေဦး ကားလမ်းတလျှောက်က ဆန်စက်တွေ၊ နေအိမ်တွေ၊ စျေးဆိုင်ခန်းတွေကို မီးတင်ရှိူ့ဖျက်ဆီးခဲ့ရာ ဆန်စက်အကြီး ၂လုံး၊ လူနေအိမ် ၅လုံး၊ ဆိုင်ခန်းနဲ့လူနေအိမ်တွဲရက် ၂လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ခင်ဦးပအဖ တာဝန်ရှိသူက ပြောပါတယ်။

“ဆန်စက်ကအကြီးပဲ။ ယနေ့ ကာလပေါက်စျေးနဲ့ဆိုရင် သိန်းထောင်ကြီးပိုင်း ကိန်းဂဏန်းလောက်အထိ ရှိနိုင်ပါတယ်”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မီးရှို့နေတဲ့ စစ်အုပ်စုနဲ့ တော်လှန်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ဗိုလ်တစ်ဦးသေဆုံးကာ MA1 သေနတ်တစ်လက်သိမ်းရတယ်လို့ ခင်ဦးပကဖ တာဝန်ရှိသူက ပြောပါတယ်။

ခင်ဦးမြို့နယ်ဟာ စစ်ကောင်စီတပ်ရဲ့ မီးရှိူ့ဖျက်ဆီးမှု အကြိမ်ကြိမ်ခံထားရတဲ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေလညိး မကြာခဏ ရင်ဆိုင်နေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့

Facebook