Connect with us

Hi, what are you looking for?

သတင်း

ပေါင်းတည်မြို့နယ်အတွင်း စစ်ကြောင်းထိုးတဲ့ စစ်တပ်ကို PDF တိုက်ခိုက်

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင် တပ်ရင်း(၁)က သတင်းထုတ်ပြန်ပါတယ်။

ပေါင်းတည် PDFက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - PPDF

မတ်-၇၊ ၂၀၂၆။ထားမြတ်/People’s Spring

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင် တပ်ရင်း(၁)က သတင်းထုတ်ပြန်ပါတယ်။

အင်အား ၅၀ပါတဲ့ ခမရ(၁၀)တပ်ရင်းဟာ ပေါင်းတည်မြို့နယ် သဲမဲကျေးရွာဘက် စစ်ကြောင်းထိုးလာစဉ် မတ်လ ၆ရက်မနက်အစောမှာ ပြည်ခရိုင် တပ်ရင်း(၁) တပ်ခွဲ(၂)က သဲမဲကျေးရွာ အနောက်ဘက် သင်္ချိုင်းကုန်းနားအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီလို မိုင်းစွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် က စစ်ကြောင်းမှူး အပါအဝင် ၂ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားပေမယ့် သေဆုံးထိခိုက် အခြေအနေတွေ နဲ့ပတ်သက်ပြီး သီးခြားအတည်ပြုချက် မရသေးပါဘူး။ ဒေသတွင်း စစ်ရေး အခြေအနေတွေကို မေးမြန်းဖို့ ပြင်ခရိုင် တပ်ရင်း(၁)ထံ ဆက်သွယ်ထားဆဲဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် PDF ရဲဘော်တွေ အထိအခိုက်မရှိဘူးလို့ အသိပေးပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းဟာ ရှေ့ဆက်မတိုးနိုင်ဘဲ သေဆုံးအလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို သယ်ဆောင်ပြီး ခမရ(၁၀) တပ်တွင်းသို့ နောက်ကြောင်းပြန်လှည့်သွားတယ်လို့ ထုတ်ပြန်ပါတယ်။

မိုင်းဆွဲတိုက်ခိုက်တဲ့နေရာကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် ကျည်ဘောက် ၁ခုနဲ့ ကျည်အချို့၊ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းရခဲ့ကြောင်းလည်း ထုတ်ပြန်ပါတယ်။

ပြည်ခရိုင် တပ်ရင်း(၂)အနေနဲ့ မတ်လ ၂ရက်က လည်း သဲမဲကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားပါတယ်။ အဲဒီတုန်းကလည်း စစ်ကောင်စီတပ်ဟာ အထိအခိုက်ရှိခဲ့ပြီး နောက်ကြောင်းပြန်ဆုတ်သွားကြောင်း ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့