Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ဒရုန်းနဲ့ ဗုံးကြဲလို့ ထွက်ပြေးနေရတဲ့ ပလောတပို့စစ်ရှောင်တွေဆေးဝါးအကူအညီလိုအပ်​နေ

မင်းလက်ပံ၊ ရသေ့ဂူ ဒေသအနီးမှာတိုက်ပွဲပြင်းထန်​နေဆဲ၊စစ်တပ်​ရှေ့မတိုးနိုင်

ဒရုန်းနဲ့ ဗုံးကြဲခံရပြီးနောက် ဆေခန်းအပါအဝင် စစ်ရှောင်တွေ ပြောင်းရွေ့နေကြတဲ့မြင်ကွင်း။ ဓါတ်ပုံ-ဒလပန်း

မတ်-၁၆၊ ၂၀၂၆။​ဒလပန်း/People’s Spring

စစ်တပ် ဒရုန်းနဲ့ ဗုံးကြဲမှုကြောင့် ထွက်ပြေးနေရတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ပလောတပို့စစ်ရှောင်စခန်းက စစ်ရှောင်ပြည်သူတွေအတွက် ဆေးဝါးအကူအညီလိုအပ်နေတယ်လို့ စခန်းတာဝန်ခံကပြောပါတယ်။

စစ်တပ် ဒရုန်းနဲ့ ဗုံးကြဲမှုကြောင့် စစ်ရှောင်စခန်းမှာ ဖွင့်လှစ်ထားတဲ့ ဆေးခန်းလည်း ပြောင်းရွှေ့သွားရတဲ့အတွက်စစ်ရှောင်တွေအနေနဲ့ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် ဆေးဝါးအကူအညီလိုအပ်နေတာလည်းဖြစ်ပါတယ်။

“ဆေးဝါးအခက်အခဲက ဆေးခန်းက ပြောင်းရပြီဆိုတော့ လုံးဝ ဆေးမရှိတော့တာ။ ဖျားနာတာ၊ ဝမ်းသွားတာ၊ နောက်ပြီးတော့ နာတာရှည်ရောဂါသည်တွေအတွက်ဥပမာ သွေးတိုးဆီးချိုပေါ့ အဲ့လိုအတွက် ပေးစရာဆေးမရှိဘူး။အဲ့လိုအခက်အခဲ ရှိတယ် “လို့စစ်ရှောင်စခန်းတာဝန်ခံကပြောပါတယ်။

Public Service Announcement

Public Service Announcement

မတ်လ ၁၄ ရက် မနက်ပိုင်းမှာ စစ်တပ်က မြဝတီမြို့တောင်ဘက်၊ သောင်ရင်းမြစ်အနီးမှာရှိတဲ့ ပလောတပို့စစ်ရှောင်စခန်းကို ကာမီကာဇေဒရုန်းနဲ့ ဗုံးကြဲခဲ့တာဖြစ်ပါတယ်။စစ်ရှောင်စခန်းက အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင်မတ်လ ၁၅ ည ၈ နာရီခွဲအချိန်မှာလည်း စစ်တပ်က ပလောတပို့စစ်ရှောင်စခန်းကို ကာမီကာဇေဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲ့ဒီလိုတိုက်ခိုက်မှုတွေကြောင့် စစ်ရှောင်စခန်းမှာဖွင့်လှစ်ထားတဲ့ ဆေးခန်းပြောင်းရွေ့ခဲ့ရပြီး စစ်ရှောင်တချို့ဟာ ဘေးလွတ်ရာကို ထပ်မံ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

ကျန်ရှိနေတဲ့ စစ်ရှောင်တွေဟာ စစ်ရှောင်စခန်းနဲ့ သောင်ရင်းမြစ်အနီးမှာ နေနေကြရပြီး ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် ဆေးဝါးအကူအညီလိုအပ်နေတာလည်းဖြစ်ပါတယ်။

ပလောတပို့စစ်ရှောင်မှာ လေးကေ့ကော်ဒေသအပါအဝင် ဖလူး ၊ မင်းလက်ပံ ၊ ရသေ့ဂူ ၊ မဲ့ထော်သလေး ၊ မယ်ဝါးခီး ဒေသခံတွေခိုလှုံနေကြတာ။

စစ်ရှောင်စခန်းမှာ အိမ်ခြေ ၁၀၀၀ ကျော်ရှိပြီးစစ်​ရှောင်ပြည်သူသုံးထောင်ကျော် ခိုလှုံနေကြတာလည်းဖြစ်ပါတယ်။

မတ်လ ၁၃ ရက် မနက်ပိုင်းမှာလည်း မြဝတီမြို့တောင်ဘက် ဖလူးကျေးရွာအနီးက ကျားဖြန့်ဝင်းထဲကို လက်နက်ကြီးသုံးလုံးကျရောက်ပေါက်ကွဲခဲ့တာလည်းဖြစ်ပါတယ်။လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဒေသခံ သေဆုံးမှုတွေရှိခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

လက်ရှိအချိန်မှာ မင်းလက်ပံ၊ ရသေ့ဂူ ဒေသအနီးမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတာပါ။

လေးကေ့ကော် စွယ်တော်ကုန်း ( အမြောက်ကုန်း ) နဲ့ လက်ခတ်တောင်မှာ တပ်စွဲထားတဲ့ စစ်တပ်ဖွဲ့တွေက တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကို လက်နက်ကြီး ပစ်ကူပေးနေတာလည်းဖြစ်ပါတယ်။

စစ်တပ်ဟာ မြဝတီမြို့တောင်ဘက် လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတွေကို ပြန်ရဖို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာအတွင်းက စစ်ကြောင်း သုံးကြောင်းနဲ့ စစ်ရေးလှုပ်ရှားခဲ့ပါတယ်။

စစ်ကြောင်းသုံးကြောင်းနဲ့ စစ်ကြောင်းထိုးနေပေမယ့်လည်း ​တော်လှန်​ရေးတပ်ဖွဲ့တွေ ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် စစ်တပ်ဟာ မင်းလက်ပံကျေးရွာအနီးကနေ ရှေ့မတိုးနိုင်သေးပါဘူး။

မင်းလက်ပံကျေးရွာကို ​တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားဆဲဖြစ်ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။ မင်းလက်ပံကျေးရွာဟာ မြဝတီမြို့တောင်ပိုင်းဒေသအတွက် အဓိက ခံစစ်စည်းတစ်ခု ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပွင့်လင်းကာလဖြစ်တဲ့ မိုးအကုန်ဆောင်းအစမှာ ရက္ခိုင်ကို ဦးတည်တဲ့စစ်တပ်ထိုးစစ်ဟာ လက်ရှိထက် ပိုများတဲ့ အင်အားတွေနဲ့ ထိုးစစ်ကြီးတပြိုင်တည်း ပြုလုပ်လာနိုင်လို့တိုက်ပွဲတွေ ပြင်းထန်လာနိုင်ကြောင်း အာရက္ခတပ်တော်(AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောကြားပါတယ်။

သတင်း

မန္တလေး အိုးဘိုထောင်မှာ စစ်တပ်နဲ့ ထောင်အာဏာပိုင်တွေ ပူးပေါင်းပြီး အကျဉ်းသားတွေကို စစ်မှုထမ်းဖို့ ဖိအားပေးတာ၊ သီးခြားခွဲထုတ်တာတွေ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အရပ်သား​တွေကိုပစ်မှတ်ထားတိုက်ခိုက်မှု​ကြောင့်လက်တုန့်ပြန်မယ်လို့ကောလင်းခရိုင်တပ်ရင်း(၁)ကထုတ်ပြန်

Facebook