Connect with us

Hi, what are you looking for?

သတင်း

မြန်မာတော်လှန်ရေးအဖွဲ့တွေကို လေ့ကျင့်ပေးခဲ့ကြောင်း စွပ်စွဲခံရသူ နိုင်ငံခြားသားတွေကို အိန္ဒိယက အိမ်ပြန်ခွင့်ပြု

မြန်မာနိုင်ငံထဲကတော်လှန်ရေးအင်အားစု တချို့ကို လေ့ကျင့်ပေးခဲ့ကြောင်းစွပ်စွဲခံရသူ အမေရိကန်နိုင်ငံသား ၁ ဦးနဲ့ယူကရိန်းနိုင်ငံသား ၆ ဦးကိုအိန္ဒိယကအိမ်ပြန်ခွင့်ပေးခဲ့ပါတယ်။

(အိန္ဒိယမှာစွပ်စွဲဖမ်းဆီးခံရတဲ့ အ​မေရီကန်နိုင်ငံသားနဲ့ယူကရိန်းနိုင်ငံသား၆ဦး။ဓါတ်ပုံ- India Today )

စက်တင်ဘာ-၂၇၊၂၀၂၆။People’s Spring

မြန်မာနိုင်ငံထဲကတော်လှန်ရေးအင်အားစု တချို့ကို လေ့ကျင့်ပေးခဲ့ကြောင်းစွပ်စွဲခံရသူ အမေရိကန်နိုင်ငံသား ၁ ဦးနဲ့ယူကရိန်းနိုင်ငံသား ၆ ဦးကိုအိန္ဒိယကအိမ်ပြန်ခွင့်ပေးခဲ့ပါတယ်။

အိန္ဒိယအကြမ်းဖက်တိုက်ဖျက်ရေးအရာရှိတွေဟာအမေရိကန်ရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်သလို ၊ အာဏာရှင်​တွေကို​တော်လှန်​နေတဲ့သူ​တွေကို ကူညီ​ပေး​လေ့ရှိသူ မက်သရူး ဗန်ဒိုက်ခ်နဲ့ ယူကရိန်း ၆ ဦးတို့ကို ၂၀၂၆ မတ်လ ၁၃ ရက်နေ့တုန်းက နိုင်ငံရဲ့လေဆိပ် ၃ ခုမှာဖမ်းဆီးခဲ့ပါတယ်။

အဲဒီတုန်းကတော့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေးအေဂျင်စီ(NIA)ကနိုင်ငံခြားသား ၇ ဦးဟာအိန္ဒိယအရှေ့ဖက်နယ်စပ်ကို ခွင့်ပြုချက်မဲ့ ဖြတ်ကျော်ပြီး မြန်မာနိုင်ငံဖက်ကို ဝင်ရောက်ခဲ့ကြောင်း၊ အဲဒီနောက် မြန်မာဖက်ခြမ်းမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တချို့ကို ဒရုန်းတိုက်ခိုက်ရေး နည်းပညာတွေ လေ့ကျင့် သင်တန်းပေးခဲ့ကြောင်း စွပ်စွဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အစောပိုင်းတုန်းကသူတို့ကိုအကြမ်းဖက်မှု စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးထားပေမယ့် စက်တင်ဘာလဆန်းစွဲချက်တင်ချိန်မှာတော့ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်တဲ့အတွက် လူဝင်မှုဆိုင်ရာပုဒ်မတွေသာပါလာခဲ့ပြီး အကြမ်းဖက်မှု စွပ်စွဲချက်တွေကို ပယ်ဖျက်သွားခဲ့ပါတယ်။အိန္ဒိယဥပဒေတွေအရအကြမ်းဖက်မှု စွပ်စွဲချက်အတွက် ခိုင်လုံတဲ့ သက်သေတွေကို ရက်ပေါင်း ၁၈၀ အတွင်းမတင်ပြနိုင်ရင် စွဲချက်ပျက်ပြယ်နိုင်ပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့မှာတော့ ဒေလီမြို့ တရားရုံးတစ်ခုကနိုင်ငံခြားသား​တွေကို အာမခံ ခွင့်ပြုပြီး မိခင်နိုင်ငံတွေဆီ ယာယီပြန်ခွင့် ပေးခဲ့ပါတယ်။သူတို့ကသီတင်း ၆ ပါတ် ပြန်သွားခွင့် တောင်းပေမယ့် တရားရုံးကတော့ ၁ လစီပဲ ခွင့်ပြုပေးခဲ့ပါတယ်။

ဗန်ဒိုက်ခ်ရဲ့ မိသားစုက အိန္ဒိယရဲ့ ဖမ်းဆီးခံရချိန်အတွင်း သူ့ရဲ့ ကျန်းမာရေး အခြေအနေ ဆိုးရွားလာတာကို စိုးရိမ်ကြောင်း ပြောဆိုထားပါတယ်။ ဗန်ဒိုက်ခ်ဟာ လမ်းကောင်းကောင်း မလျှောက်နိုင်လို့ ဘီးတပ် ကုလားထိုင်နဲ့တောင် သွားလာနေရတယ်လို့ သူ့ရဲ့ မိသားစုက ပြောပါတယ်။

NIAက အဲဒီ နိုင်ငံခြားသားတွေဟာ မြန်မာနိုင်ငံမှာ အရပ်သား ခရီးသည်တင် လေယာဉ်တစ်စီး တိုက်ခိုက်ခံရမှုနဲ့ ဆက်စပ်တဲ့အကြောင်းယုံကြည်ရလောက်တဲ့အထောက်အထားတွေ ရရှိထားကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက တရားရုံးဆီ တင်ပြခဲ့ပေမယ့်လည်း ၇ ယောက်စလုံး အာမခံ ရခဲ့ကြတာ ဖြစ်ပါတယ်။ NIAက ဗန်ဒိုက်ခ်တို့ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လေဆိပ်မှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့တုန်းက ခရီးသည်တင် လေယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်မှု ဖြစ်စဉ်နဲ့ ဆက်စပ်နေကြောင်း စွပ်စွဲခဲ့တာပါ။ မြစ်ကြီးနား​လေဆိပ်ထဲအဆိုပါ ဒရုန်းတိုက်ခိုက်မှု​ကြောင့် ​လေယာဥ်သာအနည်းငယ်ထိခိုက်ခဲ့​ပေမယ့် ပြည်သူထိခိုက်မှုအနည်းအကျဥ်းသာရှိသလို အာဏာသိမ်းစစ်တပ်က KIA နဲ့ PDF ​တွေကတိုက်ခိုက်ခဲ့တာလို့ စွပ်စွဲခဲ့တာဖြစ်ပါတယ်။

နိုင်ငံခြားသား၇ဦးဟာအပြင်းထန်ဆုံး စွပ်စွဲချက်ဖြစ်တဲ့ အကြမ်းဖက်မှု စွဲချက်တွေနဲ့ ကင်းလွတ်သွားပေမယ့်လည်း တရားဝင် ခွင့်ပြုမထားတဲ့ လုပ်ရပ်တွေကို ကျူးလွန်တာတွေ၊ ဗီဇာစည်းမျဉ်း ချိုးဖောက်တာတွေအတွက် စုံစမ်းမှုတွေ ဆက်ရှိနေမယ်လို့ NIAက ဆိုပါတယ်။

မေရီလန်းနယ်သား ဗန်ဒိုက်ခ်ဟာပဋိပက္ခ နယ်မြေတွေမှာ မှတ်တမ်းတင် ရုပ်ရှင်တွေ ရိုက်ကူးမှုကြောင့် လူသိများသူ တစ်ဦးပါ။ သူ့ရဲ့ Point and Shootဆိုတဲ့ ရုပ်ရှင်ဟာ၂၀၁၄ တုန်းက Tribeca ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆု ရခဲ့ပါတယ်။

သူဟာ အာဏာရှင်မူအမ်မာကဒါဖီကို တော်လှန်တဲ့ လစ်ဗျား ပြည်တွင်းစစ်မှာ တော်လှန်ရေး တပ်တွေဖက်က ပါဝင်တိုက်ခိုက်ရင်း ဒဏ်ရာရပြီး ၅ လကြာ တိုက်ပိတ်ထိန်းသိမ်း ခံရဖူးပါတယ်။ နောက်တော့ ထရီပိုလီမြို့ကို တော်လှန်ရေး အင်အားစုတွေက ထိန်းချုပ်လိုက်နိုင်ချိန်မှာ လွတ်မြောက်လာခဲ့ပါတယ်။ အဲဒီနောက် သူဟာ တော်လှန်ရေး တပ်တွေနဲ့ ဆက်လက်ပူးပေါင်းပြီး ဆာတီမြို့ အပါအဝင် နောက်ထပ် စစ်ဆင်ရေးတွေမှာလည်း ပါဝင်ခဲ့ပါတယ်။

နောက်တော့သူဟာSons of Liberty Internationalလို့ခေါ်တဲ့ အဖွဲ့အစည်း တစ်ခုကို ထူထောင်ပြီး ကမ္ဘာအနှံ့ကစစ်ရေးပဋိပက္ခ နယ်မြေတွေမှာ ဒေသခံ လက်နက်ကိုင် တပ်တွေကိုစစ်ရေးလေ့ကျင့်မှုနဲ့မဟာဗျူဟာ အကြံပေးမှုတွေ ထောက်ပံ့ကူညီပေးနေခဲ့ပါတယ်။

ကိုးကား-Independent

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ လောက် အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။

သတင်း

အိန္ဒိယမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်းစွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ နိုင်ငံခြားသား ၇ ဦးဟာမြန်မာနိုင်ငံမှာ အရပ်ဖက် လေယာဉ်တစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ လုပ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)ကစွပ်စွဲပါတယ်။

Facebook