ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှာ ပုပ်ရဟန်းမင်းကြီးက မြို့ခံတွေနဲ့ တွေ့ဆုံတဲ့ အစီအစဉ်ကို လူပေါင်း ၇ သိန်းလောက် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
အီလိုင်ဆေးနန်းတော်နားက လေဟာပြင် စုဝေးပွဲကြီးမှာ ပုပ်ရဟန်းမင်းကြီးကို ကြည်ညိုသူတွေ ကျပ်ကျပ်သိပ်သိပ် စုဝေး ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အထွဋ်အခေါင် ပုဂ္ဂိုလ်ကြီးဟာ ပြင်သစ်ကို စက်တင်ဘာ ၂၅ ကနေ ၂၈ ရက်နေ့ထိ ၄ ရက်ကြာ ကြွချီနေတာ ဖြစ်ပါတယ်။
စက်တင်ဘာ ၂၆ ရက်နေ့က လေဟာပြင် စုဝေးပွဲမှာတော့ ပုပ်မိုဘီးလ်လို့ခေါ်တဲ့ ပုပ်ရဟန်းမင်းကို တင်ဆောင်နိုင်အောင် သေချာ စီမံ တည်ဆောက်ပေးထားတဲ့ အမိုးဖွင့် ကားငယ်လေးပေါ် လိုက်ပါရင်း လူစုလူဝေးကြီးကို လက်ပြ နှုတ်ဆက်ခဲ့ပါတယ်။
ကြည်ညိုသူတွေဆီ ဆုံးမစကား ပြောရာမှာတော့ ပုပ်ရဟန်းမင်းက ကက်သလစ် ဘာသာဝင်တွေဟာ သူတို့ရဲ့ ယုံကြည် သက်ဝင်မှုကို ကိုယ့်အတွက်ပဲ ထိန်းသိမ်းမထားဘဲ အများအတွက် မျှဝေပေးဖို့ တိုက်တွန်းသွားပါတယ်။

Public Service Announcement
ပုပ်ရဟန်းမင်းကြီးက ရိုမန်ကက်သလစ် ခရစ်ယာန် သာသနာမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍကိုလည်း ချီးကျူးသွားပါတယ်။ လူငယ်တွေရဲ့ တက်ကြွမှု၊ စွမ်းအင်၊ အာရုံစူးစိုက်မှုနဲ့ ပျော်ရွှင်မှုတွေကို ခရစ်ယာန် လူ့အဖွဲ့အစည်းဆီ ယူဆောင်လာခြင်းဟာ အင်မတန် လှပတဲ့ အကြောင်းအရာ တစ်ခုလို့ ပုပ်ရဟန်းမင်းကြီးက ထောမနာပြုခဲ့ပါတယ်။
ပါရီကို ဆိုက်ရောက်လာတဲ့ ပုပ်ရဟန်းမင်းကြီးကို စက်တင်ဘာ ၂၅ ရက်နေ့မှာ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က ကြိုဆို တွေ့ဆုံခဲ့ပြီး အဲဒီနောက် ပါရီရဲ့ စတိတ်ဒီဖရန့်စ် အားကစားကွင်းကြီးမှာ လူငယ် ၈၀၀၀၀ လောက်နဲ့ ပုပ်ရဟန်းမင်းကြီးက ဆုံတွေ့ခဲ့ပါတယ်။
စက်တင်ဘာ ၂၆ ရက်နေ့ လေဟာပြင် စုဝေးပွဲကိုတော့ မာခရွန်က မတက်ရောက်ခဲ့ပါဘူး။ ဒါပေမဲ့ သမ္မတကတော် ဘရစ်ဂစ်တီနဲ့ ပြင်သစ် ဝန်ကြီးချုပ် ဆီဘက်ရှန် လီကော်န်တို့ကတော့ စုဝေးပွဲမှြ ရှိနေခဲ့ပါတယ်။ လာမယ့်နှစ် ကာဒီနယ် ရဟန်းအမတ် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် ပုဂ္ဂိုလ်တချို့လည်း တက်ရောက်ခဲ့ပါတယ်။
အသက် ၇၁ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီး လီယိုဟာ ပုပ်ရဟန်းမင်းဟောင်း ဖရန်ဆစ် ကွယ်လွန်ပြီးတဲ့နောက် မနှစ်က မေလဆန်းမှာ အရိုက်အရာ ဆက်ခံခဲ့ပါတယ်။ သူဟာ သမိုင်းတလျှောက် ပထမဆုံး အမေရိကန် နိုင်ငံသား ပုပ်ရဟန်းမင်း အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ကိုးကား: BBC


















































