Connect with us

Hi, what are you looking for?

သတင်း

မင်းပြား၊ အမ်းနဲ့ ကျောက်ဖြူမြို့နယ်တို့ကို စစ်တပ်ဗုံးကြဲ

လူနေရပ်ကွက်နဲ့အကျဉ်းစခန်းကိုကျရောက်ပေါက်ကွဲပြီးသေဆုံးထိခိုက်သူတချို့ရှိနေ

(ပြီးခဲ့တဲ့မတ်လ၈ ရက်နေ့ကအမ်းမြို့နယ်ရှိ အကျဉ်းစခန်းကိုစစ်တပ်ကဗုံးကြဲတာကြောင့် ဒဏ်ရာရခဲ့တဲ့စစ်သုံ့ပန်း​တွေ။ ဓါတ်ပုံ - AA Info Desk )

စက်တင်ဘာ-၂၇၊၂၀၂၆။ခိုင်မြတ်/People’s Spring။

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်မင်းပြားမြို့ပေါ်၊ အမ်းမြို့နယ် ဒလက်ချောင်းရှိ အကျဉ်းစခန်းနဲ့ ကျောက်ဖြူ မြို့နယ်အတွင်းက မင်းကြောင်းချောင်းတံတားတို့ကို ဗုံးကြဲခဲ့တာကြောင့် ထိခိုက်၊သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ၂၇ရက်မနက်အစောပိုင်းအချိန်မှာမင်းပြားမြို့ပေါ် စျေးဟောင်းပိုင်းရပ်ကွက်နဲ့ အနီးဝန်းကျင် တောင်တန်းတွေကို ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံးအလုံး တဆယ်ဝန်းကျင်ကြဲခဲ့တာဖြစ်ပြီး စျေးဟောင်းပိုင်းရပ် ကွက်မှ သက်ကြီးအမျိုးသားတဦးဒဏ်ရာရခဲ့ပါတယ်။

“၁၂ နာရီကျော်ပြီ။ တချို့အိပ်နေကြပြီ။ အဲဒီအချိန်မှာ လာကြဲတာ။ အိမ်တချို့ပျက်သွားတယ်။ဦးလေး တယောက်လည်း ဒဏ်ရာရတယ်”လို့မင်းပြားမြို့ခံတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဒီနေ့မနက်ပိုင်းမှာပဲ အမ်းမြို့နယ် ဒလက်ချောင်းရှိ အာရက္ခတပ်တော်(AA)ရဲ့ အကျဉ်းစခန်းကိုလည်း ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့ပါသေးတယ်။ “အထိအခိုက်တွေ ရှိတယ်ကြားတယ်။ အဲဒီမှာ စစ်တပ်က သုံ့ပန်း တွေလည်း ရှိတယ်” လို့ AA နဲ့ နီးစပ်တဲ့ အမ်းဒေသခံတဦးက ပြောပါတယ်။

စစ်တပ်ကအထိနာပြီးတပ်ပြန်ဆုတ်ရတဲ့ ကျောက်ဖြူမြို့နယ်မှာလည်း ကျောက်ဖြူ – ရမ်းဗြဲအစပ်ရှိ မင်းကြောင်းချောင်းတံတားနဲ့ အနီးဝန်းကျင်တွေကိုလည်းစက်တင်ဘာလ ၂၆ ရက်နေ့ညမှာ ဗုံးကြဲခဲ့ပြီး အဲ ဒီဗုံးကြဲမှုကြောင့် မင်းကြောင်းချောင်းတံတား ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

“တောင်မော်ဦးဘက်က ရှေ့တိုးလို့မရတဲ့အခါ ရေကြောင်းကနေ ကမ်းတက်ဖို့ကြိုးစားနေတာ။အရင်ကလည်းနှစ်ကြိမ်၊သုံးကြိမ်ရှိပြီ ဒီတံတားကို ဗုံးကြဲတာ”လို့ ရမ်းဗြဲဒေသခံတဦးက ပြောပါတယ်။

စစ်တပ်ဟာစက်တင်ဘာ၂၆ ရက်နေ့မှာပဲ ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ် ကျိန္တလီမြို့နဲ့ ရေကျော် ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတို့ကို ဗုံးကြဲခဲ့တာကြောင့် အရပ်သားပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရပြီး ဘုန်းတော်ကြီးကျောင်းတခုလုံးလည်း ပျက်စီးခဲ့ပါတယ်။

စက်တင်ဘာလ၂၅ ရက်မနက်အစောပိုင်းကလည်း စသ်တပ်ကကျောက်တော်မြို့ပေါ်နဲ့အနီးဝန်းကျင်တို့ကိုဗုံးကြဲတိုက်ခိုက်ခဲ့လို့ကလေးငယ်တွေအပါအဝင် ၈ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရသွားခဲ့ပါသေးတယ်။

၄၉၂၆ စစ်ဆင်ရေးလို့ ကြွေးကြော်ပြီး ရခိုင်ထိုးစစ်အတွင်း ရှေ့တန်းစစ်မျက်နှာတွေမှာ စစ်တပ်ဘက်က နေ့စဉ်ဆယ် ချီသေဆုံးမှုရှိနေတဲ့ စစ်တပ်ဟာ အရပ်သားလူ နေကျေးရွာတွေကိုလည်းလေကြောင်းကဗုံးကြဲတာ၊လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာဖြစ်ပါတယ်။

လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေ ဒီနေ့ ၂၇ ရက်နေ့ထိ သုံးပတ်ကျော်ကာလအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံ အရပ်သားပြည်သူ ၉ ဦးနဲ့ ထိခိုက်ဏ်ရာရသူ ၂၁ ဦးထက်မနည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပွင့်လင်းကာလဖြစ်တဲ့ မိုးအကုန်ဆောင်းအစမှာ ရက္ခိုင်ကို ဦးတည်တဲ့စစ်တပ်ထိုးစစ်ဟာ လက်ရှိထက် ပိုများတဲ့ အင်အားတွေနဲ့ ထိုးစစ်ကြီးတပြိုင်တည်း ပြုလုပ်လာနိုင်လို့တိုက်ပွဲတွေ ပြင်းထန်လာနိုင်ကြောင်း အာရက္ခတပ်တော်(AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောကြားပါတယ်။

သတင်း

မန္တလေး အိုးဘိုထောင်မှာ စစ်တပ်နဲ့ ထောင်အာဏာပိုင်တွေ ပူးပေါင်းပြီး အကျဉ်းသားတွေကို စစ်မှုထမ်းဖို့ ဖိအားပေးတာ၊ သီးခြားခွဲထုတ်တာတွေ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အရပ်သား​တွေကိုပစ်မှတ်ထားတိုက်ခိုက်မှု​ကြောင့်လက်တုန့်ပြန်မယ်လို့ကောလင်းခရိုင်တပ်ရင်း(၁)ကထုတ်ပြန်

Facebook