Connect with us

Hi, what are you looking for?

သတင်း

သံအမတ်ကြီး ဦးကျော်မိုးထွန်းထောက်ခံတဲ့ လှုပ်ရှားမှုတွေ စစ်ကိုင်းတိုင်းက ပြည်သူတွေ ပြုလုပ်

စစ်ကိုင်းတိုင်း ရွှေဘို၊ ပုလဲနဲ့ ဝက်လက်မြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အားပေးထောက်ခံတဲ့ လှုပ်ရှားမှုတွေကိုဒီကနေ့ (စက်တင်ဘာ ၂၇) ပြုလုပ်ခဲ့ပါတယ်။

စက်တင်ဘာ-၂၇၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းတိုင်း ရွှေဘို၊ ပုလဲနဲ့ ဝက်လက်မြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အားပေးထောက်ခံတဲ့ လှုပ်ရှားမှုတွေကိုဒီကနေ့ (စက်တင်ဘာ ၂၇) ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်မှာသပိတ်အင်အားစုက ဦးဆောင်ပြီး (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထောက်အထားဆိုင်ရာ ကော်မတီမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်နေရာရရေးအတွက် အားပေးထောက်ခံဖို့ ရွာစဉ်အလိုက် လက်ကမ်းစာစောင်တွေ ဖြန့်ဝေကာ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

ရွေဘိုသပိတ်အင်အားစုက “မြန်မာပြည်သူတွေရဲ့ အသံကို မတိတ်ဆိတ်စေပါနဲ့”၊ “ဦးကျော်မိုးထွန်းကို UNမှာ ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ပြုပါ” ၊”မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒကို လေးစားပေးပါ”၊ “ဦးကျော်မိုးထွန်းကသာလျှင့်ငါတို့ရဲ့ တရားဝင်သံအမတ်ဖြစ်တယ်။ ငါတို့ သံအမတ် ၊ ငါတို့အသံ” စတဲ့ စာသားပါ လက်ကမ်းစာစောင်တွေကိုဖြန့်ဝေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပုလဲမြို့နယ်ကျေးရွာတစ်ရွာမှာလည်း သပိတ်ကော်မတီဝင်တွေက ဒေသခံတော်လှန်ပြည်သူတွေနဲ့ ပူးပေါင်းပြီး ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်ရှိစေရေးအတွက် လူထုထောက်ခံပွဲကို ပြုလုပ်ခဲ့ကြပါတယ်။

ဝက်လက်မြို့နယ်မှာလည်းလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ (၈၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထောက်အထားဆိုင်ရာကော်မတီမှာ သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်လက်နေရာရရေးအတွက် အထောက်အကူပြုစာစောင်များကို စက်တင်ဘာ ၂၆ ရက်က ဖြန့်ဝေခဲ့ပါတယ်။

ပြည့်သူအသံကို ကိုယ်စားပြုသော သံအမတ်ကြီးဖြစ်ကြောင်းနဲ့ ပြည်သူ့အသံရဲ့ အရေးပါမှုကိုလက်တွေ့သက်သေပြနိုင်ရန်အတွက် ပြည့်သူထောက်ခံအားပေးမှုကို ဖော်ပြနိုင်မယ့် အသိပေးစာစောင်တွေကိုဖြန်ဝေခဲ့ခြင်းဖြစ်တယ်လို့ ဝက်လက်လူထုသပိတ်က ဆိုပါတယ်။

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိနေ စေရေးအတွက် လူထုထောက်ခံပွဲတွေကိုမြန်မာနိုင်ငံအပါအဝင်ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ – ရွှေဘိုသပိတ်အင်အားစု၊ ဝက်လက်လူထုသပိတ်၊ ပုလဲလူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းမှာ ပညာရေး Volunteer ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မိတ္ထီလာနည်းပညာတက္ကသိုလ်ကျောင်းသားဟောင်း ကိုထက်ကျော် ကွယ်လွန်သွားကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာ သပိတ်အင်အားစုဝင်တွေနဲ့ ဒေသခံတော်လှန်ပြည်သူတွေက ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်ရှိစေရေးအတွက် ထောက်ခံပွဲကို ဒီကနေ့ (စက်တင်ဘာ ၂၅) ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (စက်တင်ဘာ ၂၃) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook